AD
AD
AD

ပီအက်စ်ဂျီတိုက်စစ်မှူး ဘာပေက ကမ္ဘာ့ဖလားပြိုင်ပွဲကာလအတွင်းမှာ အသင်းဖော် ကန်တေကို ပီအက်စ်ဂျီအသင်းထံ လာရောက်ကစားဖို့ ဖိတ်ခေါ်ခဲ့တယ်လို့ သိရပါတယ်။ ဘာပေက ထုတ်ဖော်ပြောကြားခဲ့တာဖြစ်ပြီး ဒီသတင်းဟာ အသင်းရဲ့ အဓိကစားသမားတွေကို ထိန်းသိမ်းနေရတဲ့ ချယ်လ်ဆီးအတွက် တုန်လှုပ်စရာ ဖြစ်လာခဲ့ပါတယ်။

play
Photo : Sport24 - Le Figaro

 

Goal.com ကလည်း ပီအက်စ်ဂျီအသင်းဟာ ကန်တေကို ပြောင်းရွှေ့ကြေး များပြားစွာ အသုံးပြုပြီး ခေါ်ယူဖို့ စီစဉ်နေတယ်လို့ သိရှိထားကြောင်း ဖော်ပြခဲ့ပါတယ်။ ပြင်သစ်အသင်း ကမ္ဘာ့ဖလား ရရှိအောင် အဓိကနေရာကနေ ခြေစွမ်းပြခဲ့တဲ့ ဘာပေက လက်ရွေးစင်အသင်းဖော် ကန်တေကို ပီအက်စ်ဂျီအသင်းကို လာရောက်ဖို့ ပြောကြားခဲ့တာ ဖြစ်ပါတယ်။

play
Photo : Talk Chelsea

 

ပီအက်စ်ဂျီအသင်းကလည်း အသက် (၂၇)နှစ်အရွယ် ကန်တေကို ပေါင်သန်း (၁၀၀) နဲ့ ခေါ်ယူဖို့ ကြိုးစားနေတဲ့ သတင်းများ ထွက်ပေါ်ခဲ့ပါသေးတယ်။ ကမ္ဘာ့ဖလားပြိုင်ပွဲရဲ့ အကောင်းဆုံးလူငယ်ကစားသမားဆုကို ရရှိခဲ့တဲ့ ဘာပေက ပြိုင်ပွဲကာလအတွင်းမှာ ကန်တေနဲ့ စကားတချို့ ပြောဆိုဖြစ်ခဲ့တယ်လို့ ထုတ်ဖော် ၀န်ခံသွားခဲ့ပါတယ်။

 

ပီအက်စ်ဂျီအသင်း ဥက္ကဌ အယ်လ်ခီလိုင်ဖီကလည်း ကန်တေကို ခေါ်ယူဖို့အတွက် အသင်းကို မှတ်ချက်ပြုထားတယ်လို့ သိရပါတယ်။ အယ်လ်ခီလိုင်ဖီဟာ ကန်တေနဲ့ပတ်သက်ပြီး ဘာပေကို မေးမြန်းစုံစမ်းမှုတွေ ပြုလုပ်ခဲ့တယ်လို့ သိရပြီး မေးမြန်းခဲ့ကြောင်းလည်း ဘာပေက အတည်ပြု ပြောဆိုခဲ့ပါတယ်။

play
Photo : Evening Standard

 

"မှန်ပါတယ်၊ ကျွန်တော့်ဆီက အကြံဥာဏ်၊အတွေးအမြင်တွေကို သူ မေးမြန်းခဲ့ပါတယ်၊ ကမ္ဘာ့ဖလားကာလအတွင်းမှာ ကန်တေနဲ့ ကျွန်တော် စကားပြောဆိုမှုတွေ ရှိခဲ့ပါတယ်၊ ဒါပေမယ့် အပြောင်းအရွှေ့နဲပတ်သက်ပြီး သိပ်အများကြီး ပြောခဲ့တာတော့မဟုတ်ပါဘူး၊ သူ့ကို စဉ်းစားနိုင်စရာ စကားတချို့ ပြောခဲ့တာပါ၊ သူ အိမ်ပြန်ရောက်ရင် ဒါကိုစဉ်းစားနိုင်ပါလိမ့်မယ်" လို့ ဘာပေက ပြောဆိုခဲ့ပါတယ်။

play
Photo : SportLinko

 

ကန်တေဟာ ချယ်လ်ဆီးအသင်းကို ၂၀၁၆ ခုနှစ်က ပြောင်းရွှေ့ကြေး ပေါင် ၃၂သန်းနဲ့ လက်စတာအသင်းကနေ ပြောင်းရွှေ့လာခဲ့သူ ဖြစ်ပါတယ်။ ကန်တေကို စည်းရုံးခဲ့တယ်ဆိုတဲ့ ဘာပေရဲ့ ပြောစကားကြောင့် ဟာဇက်၊ ၀ီလီယံ နဲ့ ကော်တွိုက်စ်တို့ကို အသင်းမှာ ဆက်ရှိနေဖို့ ထိန်းသိမ်းနေရတဲ့ ချယ်လ်ဆီးအတွက်တော့ နောက်ထပ်အဓိကကစားသမားတစ်ဦးကို ထပ်ပြီးထိန်းသိမ်းဖို့ ဖြစ်လာခဲ့ပါတယ်။

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD

AD