မရောင်းချသင့်ဘူးလို့ ပြောခဲ့တာပါ။

မန်ချက်စတာယူနိုက်တက်အသင်းရဲ့အသင်းခေါင်းဆောင်ဟောင်းဖြစ်တဲ့ ဝိန်းရူနီက မန်ချက်စတာယူနိုက်တက်အသင်းအနေနဲ့ စိတ်မကျေမနပ်ဖြစ်တဲ့ ကြယ်ပွင့်ကစားသမား အန်သိုနီမာရှယ်ကို ပျော်ရွှင်အောင် ထိန်းသိမ်းထားသင့်ကြောင်း အကြံပေးခဲ့ပါတယ်။ အန်သိုနီမာရှယ်ဟာ အိုးထရက်ဖို့ကနေ ထွက်ခွာတော့မယ်လို့ သတင်းတွေထွက်ပေါ်နေပြီး ဝိန်းရူနီက စိုးရိမ်စွာနဲ့အကြံပေးခဲ့တာဖြစ်ပါတယ်။



21908-1532388604-800 (1).jpg

Photos: Sportskeeda

ပြီးခဲ့တဲ့လက အန်သိုနီမာရှယ်ရဲ့အေးဂျင့်က ပုံမှန်ပွဲထွက်ခွင့်ရရှိတဲ့အသင်းကို ရှာဖွေဖို့အတွက် အန်သိုနီမာရှယ်ဟာ မန်ချက်စတာယူနိုက်တက်အသင်းကနေ ထွက်ခွာဖို့ အဆင်သင့်ရှိနေကြောင်း ထုတ်ဖော်ပြောကြားခဲ့ပါတယ်။ အန်သိုနီမာရှယ်ဟာ ဇန်နဝါရီ အပြောင်းအရွှေ့ကာလမှာ ရောက်ရှိလာတဲ့အလက်ဆစ်ဆန်းချက်ဇ်ကြောင့် နည်းပြမော်ရင်ဟိုရဲ့လက်အောက်မှာ အကန့်အသတ်နဲ့သာ ပွဲထွက်ခွင့်ရရှိခဲ့တာကို စိတ်ပျက်နေပြီး ချယ်ဆီး၊ ပီအက်စ်ဂျီ၊ ဘိုင်ယန်မြူးနစ်အသင်းတို့ကို ပြောင်းရွှေ့ဖို့ သတင်းတွေထွက်ပေါ်နေသူဖြစ်ပါတယ်။

အန်သိုနီမာရှယ်အနေနဲ့ ပုံမှန်စွမ်းဆောင်ရည်ကို ပြသနိုင်ဖို့ ရုန်းကန်နေရချိန်မှာ မန်ချက်စတာယူနိုက်တက်အသင်းရဲ့တသက်တာ ဂိုးသွင်းအများဆုံး အသင်းခေါင်းဆောင်ဟောင်းဖြစ်တဲ့ ဝိန်းရူနီက မန်ယူအသင်းအနေနဲ့ မာရှယ်လို အရည်အသွေးရှိတဲ့ကစားသမားကို လက်မလွှတ်သင့်ဘူးလို့ ယုံကြည်ကြောင်း ပြောကြားခဲ့တာဖြစ်ပါတယ်။

Wayne-Rooney-807732.jpg

Photos: Skysport

"မာရှယ်ရဲ့ အမှန်အမှားခွဲခြားနိုင်ပြီး ခေါင်းဆောင်နိုင်စွမ်းက အံ့မခန်းပဲလို့ ကျွန်တော်ထင်ပါတယ်။ ဒါပေမယ့် အခုဟာက ခင်ဗျား သူ့ရဲ့အကောင်းဆုံးကို ဘယ်လိုပေါ်ထွက်လာအောင်လုပ်ရမလဲဆိုတာလို့ ထင်တယ်"

"ကျွန်တော် မာရှယ်ကို သိတဲ့ဟာက ခင်ဗျားသူရဲ့အကောင်းဆုံးပုံစံကို ရအောင် လုပ်နိုင်ခဲ့မယ်ဆိုရင် သူက လိဂ်မှာ အမှန်အမှားခွဲခြားနိုင်ပြီး ခေါင်းဆောင်နိုင်စွမ်းအရှိဆုံးဖြစ်လာလိမ့်မယ်လို့ ထင်ပါတယ်"

"တစ်ခါတရံမှာတော့ သူ့ကို လူပုဂ္ဂိုလ်တစ်ဦးတစ်ယောက်အနေနဲ့ သိဖို့က ခက်ခဲတယ်လို့ ထင်ပါတယ်။ သူ့ရဲ့ အေးတိအေးစက်နိုင်တဲ့ စရိုက်လက္ခဏာကြောင့်ပေါ့"

"ဒါပေမယ့် ခင်ဗျား သူ့အကြောင်းကို သိသွားလို့ရှိရင်တော့ သူ့ကို ပျော်ရွှင်အောင် ထိန်းသိမ်းထားနိုင်မယ်လို့ ကျွန်တော် ထင်ပါတယ်"လို့ ပြောကြားခဲ့ပါတယ်။

Photos: Goal

 

အန်သိုနီမာရှယ်ဟာ ၂၀၁၅ ခုနှစ်က မိုနာကိုအသင်းကနေ မန်ချက်စတာယူနိုက်တက်အသင်းကို ပေါင် ၃၆ သန်းနဲ့ ပြောင်းရွှေ့ခဲ့သူဖြစ်ပြီး လက်ရှိအချိန်မှာတော့ ပေါင် ၅၈ သန်းအထိ တန်ဖိုးမြင့်တက်နေပြီဖြစ်ပါတယ်။ မာရှယ်ဟာ မန်ယူအသင်းအတွက် ၁၃၆ ပွဲကစားပေးထားရာမှာ ၃၆ ဂိုး သွင်းယူပေးထားတဲ့ ကစားသမားဖြစ်ပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က