အေစီမီလန်ကို ရင်းနှီးမြှုပ်နှံဖို့ နှုတ်ထွက်တော့မှာပါ။

အေစီမီလန်အသင်းပိုင်ရှင်ဟောင်း လီဟောင်ဟွန်ဟာ အေစီမီလန်အသင်းရဲ့ကြွေးမြီ ပေါင် ၂၈ သန်းကို မပေးချေနိုင်ခဲ့တာကြောင့် အမေရိကန်ရင်းနှီးမြှုပ်နှံမှုကုမ္ပဏီတစ်ခုဖြစ်တဲ့ အဲလီးရက်ဟာ အေစီမီလန်အသင်းကို အပြည့်အဝတာဝန်ယူကိုင်တွယ်ခွင့်ရရှိသွားခဲ့ပြီဖြစ်တယ်လို့ သိရပါတယ်။ ဂျီအန်လူကာဒီမာဇီယိုနဲ့ Sky Italia တို့ဟာ တနင်္လာနေ့က လန်ဒန်မှာတွေ့ဆုံခဲ့ပြီး ရိုးမားအသင်းရဲ့အမှုဆောင်အရာရှိချုပ် အန်ဘာတိုဂန်ဒီနီဟာ အေစီမီလန်အသင်းရဲ့အထွေထွေမန်နေဂျာအဖြစ် ပြန်လည်လက်တွဲသွားမယ်လို့ သိရပါတယ်။



gettyimages-961679080-f07f.jpg 

ဂန်ဒီနီဟာ ၂၀၁၆ ခုနှစ်မှာ ရိုးမားအသင်းကို မပြောင်းရွှေ့မီ အေစီမီလန်အသင်းမှာ ၂၃ နှစ်ကြာ အချိန်ကုန်ဆုံးခဲ့သူဖြစ်ပြီး လီယိုနာဒိုကလည်း အသင်းရဲ့နည်းစနစ်ဒါရိုက်တာအသစ်အဖြစ် ပြန်လာမယ်လို့ သိရပါတယ်။ အသက် ၄၈ နှစ်အရွယ်ရှိပြီဖြစ်တဲ့ လီယိုနာဒိုဟာ အေစီမီလန်အသင်းနဲ့ အင်တာမီလန်နှစ်သင်းစလုံးကို နည်းပြအဖြစ် ကိုင်တွယ်ခဲ့ဖူးသူဖြစ်ပြီး ယခုအချိန်မှာတော့ အေစီမီလန်အသင်းရဲ့နောက်ကွယ်အခန်းကဏ္ဍကနေ တာဝန်ယူစီမံခန့်ခွဲသွားမှာဖြစ်ပါတယ်။

အာဆင်နယ်အသင်းရဲ့အမှုဆောင်ချုပ် ဂါဇီဒစ်ဟာ လက်ရှိအချိန်မှာ ရာသီကြိုပွဲစဉ်ယှဉ်ပြိုင်ကစားဖို့အတွက် စင်ကာပူနိုင်ငံကို ရောက်ရှိနေသူဖြစ်ပြီး အာဆင်နယ်အသင်းရဲ့အမှုဆောင်ချုပ်အဖြစ် ၁၀ နှစ်နီးပါးတာဝန်ယူခဲ့သူဖြစ်ပါတယ်။ နည်းပြသစ် အူနိုင်းအမ်မရီကို နည်းပြအဖြစ် ခန့်အပ်ဖို့အတွက် အဓိကအခန်းကဏ္ဍကနေ ဦးဆောင်ခဲ့သူဖြစ်ပြီး ကစားသမားရှာဖွေရေးအရာရှိဆဗင်မစ်စ်လင်တက်နဲ့ ဆက်ဆံရေးအရာရှိ ရာအူးလ်ဆန်လဲဟီတို့နဲ့ အာဆင်နယ်အသင်းရဲ့အပြောင်းအရွှေ့ပစ်မှတ်နဲ့ စာချုပ်ချုပ်ဆိုရေးတို့ကို အနီးကပ် လုပ်ဆောင်နေသူလည်းဖြစ်ပါတယ်။

 

အေစီမီလန်အသင်းဟာ အသင်းရဲ့စီအီးအို မာကိုဖက်ဆိုနီကို ဘုတ်အဖွဲ့အစည်းအဝေးမှာ ထုတ်ပယ်ခဲ့ပြီးနောက် လစ်လပ်သွားတဲ့ စီအီးအိုနေရာအတွက် ရှာဖွေနေကြောင်း ကြေညာချက်ထုတ်ပြန်ခဲ့ပြီး အာဆင်နယ်အသင်းရဲ့အမှုဆောင်ချုပ် အိုင်ဗန်ဂါဇီဒစ်ဟာ အေစီမီလန်အသင်းရဲ့စီအီးအိုသစ်ဖြစ်လာဖို့ ရေပန်းစားနေတာဖြစ်ပါတယ်။

ဆဗင်မစ်စ်လင်တက်နဲ့ ရာအူးလ်ဆန်လဲဟီတို့ဟာ ပရီးမီးယားလိဂ်ဖလားနဲ့ ၁၄ နှစ်ကျော်ကြာဝေးကွာနေတဲ့ အာဆင်နယ်အသင်းကနေ ထွက်ခွာပြီး ပြီးခဲ့တဲ့နှစ်တွေက ပြည်တွင်းလိဂ်ဖလားအောင်မြင်မှုရယူနိုင်ဖို့ မအောင်မြင်ခဲ့တဲ့ အေစီမီလန်အသင်းကို ပြန်လည်တာဝန်ယူဖို့ ဆန္ဒရှိနေပြီး ၎င်းတို့နဲ့အတူ နီးကပ်တဲ့ဆက်ဆံရေးရှိနေတဲ့ အိုင်ဗန်ဂါဇီဒစ်ဟာလည်း အေစီမီလန်အသင်းရဲ့စီအီးအိုအဖြစ် တာဝန်ယူဖို့အတွက် အသင်းကနေ နှုတ်ထွက်ဖို့ ပြင်ဆင်နေတယ်လို့ သိရပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က