လူမစုံတဲ့အတွက် စိတ်မကျေမနပ်ဖြစ်နေတာပါ။

မန်ချက်စတာယူနိုက်တက်အသင်းရဲ့နည်းပြ မော်ရင်ဟိုဟာ လက်ရှိအချိန် မန်ချက်စတာယူနိုက်တက်အသင်းမှာ ဖြစ်ပျက်နေတဲ့အရာတွေနဲ့ပတ်သက်ပြီး မပျော်မရွှင်ဖြစ်နေရတဲ့အကြောင်းအရင်းကို ရှင်းပြခဲ့ပါတယ်။ မန်ချက်စတာယူနိုက်တက်အသင်းဟာ အမေရိကန်နိုင်ငံမှာ ရာသီကြိုခြေစမ်းပွဲစဉ် ၂ ပွဲယှဉ်ပြိုင်ကစားခဲ့ရာမှာ အဓိကကစားသမားအားလုံးနီးပါးပါဝင်ခဲ့ပေမယ့် ၂ ပွဲစလုံး သရေရလဒ်ထွက်ပေါ်ခဲ့ပါတယ်။

0_Manchester-United-v-San-Jose-Earthquakes.jpg 

မန်ချက်စတာယူနိုက်တက်အသင်းရဲ့နည်းပြ မော်ရင်ဟိုဟာ သြဂုတ်လ ၁၁ ရက်နေ့မှာ ပြန်လည်စတင်တော့မယ့် ၂၀၁၈-၂၀၁၉ ပရီးမီးယားလိဂ်ရာသီအတွက် အမေရိကန်နိုင်ငံမှာ ခြေစမ်းပွဲစဉ်တွေ ယှဉ်ပြိုင်ကစားရင်း ကြိုတင်ပြင်ဆင်မှုတွေ ပြုလုပ်နေတာဖြစ်ပါတယ်။ မန်ချက်စတာယူနိုက်တက်အသင်းဟာ ခြေစမ်းပွဲ ၅ ပွဲ ယှဉ်ပြိုင်ကစားသွားဖို့ရှိနေပြီး ၂ ပွဲ ကစားပြီးချိန်မှာ ၂ ပွဲစလုံး သရေရလဒ်သာထွက်ပေါ်ခဲ့ပါတယ်။

မန်ချက်စတာယူနိုက်တက်အသင်းလူစာရင်းမှာ အဓိကကစားသမားအများစု ပါဝင်နေပြီး ပေါ့ဂ်ဘာနဲ့ လူကာကူတို့ကတော့ အားလပ်ရက်အဖြစ် အနားယူနေပြီး အသင်းနဲ့ လာရောက်ပူးပေါင်းခြင်းမရှိသေးဘူးလို့ သိရပါတယ်။ ပေါ့ဂ်ဘာနဲ့ လူကာကူတို့ မပါလာတဲ့အပေါ်မှာ သတင်းထောက်တွေရဲ့ မေးမြန်းချက်ကို နည်းပြ မော်ရင်ဟိုက ပြန်လည်ဖြေကြားခဲ့ပြီး လာမယ့်ရာသီအတွက် လူစုံလင်စွာနဲ့ အလုပ်မလုပ်ရတဲ့အပေါ်မှာ စိတ်အနှောင့်အယှက်ဖြစ်နေကြောင်း ဝန်ခံခဲ့ပါတယ်။

 

"ကျွန်တော် အမြဲတမ်း ကောင်းမွန်တဲ့ အထောက်အကူပြုပစ္စည်းတွေ ရရှိခဲ့ပါတယ်။ ကောင်းမွန်တဲ့ရာသီကြိုပြင်ဆင်မှုမှာ ပါဝင်နေကြတဲ့လူတွေအားလုံးဆီကနေ မယုံနိုင်လောက်တဲ့ကတိကဝတ်တွေရရှိခဲ့ပါတယ်"

"ကစားပွဲတွေနဲ့ပတ်သက်ပြီး ကျွန်တော် ပျော်ရွှင်မိပါတယ်။ ပွဲရဲ့အလှည့်အပြောင်းတွေပေါ့။ ဒါပေမယ့် ကျွန်တော့်မှာ အလုပ်လုပ်ဖို့အတွက် ကစားသမားတွေမရှိပါဘူး"

"အသင်းရဲ့အဓိကကစားသမားတွေ မရှိပါဘူး။ အပြောင်းအရွှေ့ဈေးကွက်ပိတ်မယ့် သြဂုတ်လ ၉ ရက်နေ့မှ အသင်းကို ပြန်ရောက်လာကြမှာပါ"

"မှန်တာပေါ့။ ကျွန်တော် မပျော်မရွှင်ဖြစ်နေပါတယ်"လို့ ပြောကြားခဲ့ပါတယ်။

မန်ချက်စတာယူနိုက်တက်အသင်းဟာ သြဂုတ်လ ၁၀ ရက်နေ့မှာ ပရီးမီးယားလိဂ်ပွဲစဉ် ၁ အဖြစ် လက်စတာစီးတီးအသင်းနဲ့ အိမ်ကွင်းအိုးထရက်ဖို့ဒ်မှာ ယှဉ်ပြိုင်ကစားသွားရမှာဖြစ်ပြီး နောက်တစ်ပတ်မှာတော့ ဘရိုက်တန်အသင်းရဲ့အိမ်ကွင်းမှာ သွားရောက်ယှဉ်ပြိုင်ရမှာဖြစ်ပါတယ်။

Share

Loading Next Article...
က္က