AD
AD
AD

ရရှိလာသမျှ အမြတ်ငွေတွေကို ဆီးကျိတ်ကင်ဆင် ဝေဒနာ ခံစားနေရတဲ့ သူတွေအတွက် ကူညီထောက်ပံ့ပေးသွားမှာ ဖြစ်ပြီး လက်ရှိမှာ အမြတ် ငွေ ပေါင် ၁၄၀၀၀၀ ရရှိနေပြီ ဖြစ်ပါတယ်။

play
Photo - Daily Mail

 

Bedale AFC အသင်းဟာ အသင်းရဲ့ ဂျာစီ ဒီဇိုင်းကို ပရိသတ် စွဲဆောင်မှု ရှိစေဖို့ ဘယ်လိုထုတ်ရမလဲ စဉ်းစားပြီးတဲ့အခါမှာတော့ အခုလိုပဲ ဒီဇီုင်း အနေအထား ထွက်ပေါ်လာပါတယ်။

အင်္ဂလန် မြောက်ပိုင်းက အပျော်တမ်းကလပ်အသင်းတစ်သင်းဖြစ်ပြီး အခုလို လုပ်ရတာကလည်း ရည်ရွယ်ချက်ကောင်းတစ်ခုကြောင့် လုပ်တာ လို့ သိရပါတယ်။

play
Photo - Daily Mail

 

၎င်းတို့ရဲ့ ရည်ရွယ်ချက်ကတော့ ဆီးကျိတ်ကင်ဆာ ခံစားနေရတဲ့ ဝေဒနာသည်တွေကို အကူအညီ ပေးနိုင်ဖို့ဖြစ်ပြီး ကလပ်အသင်းရဲ့ ၀င်ငွေက လည်း အခုဆိုရင် ပေါင် ၁၄၀၀၀၀ အထိ မြင့်တက်ရရှိနေပြီလို့ သိရပါတယ်။

 

၎င်းတို့ရဲ့ ဂျာစီ နံပါတ်တွေကိုလည်း ဟော့ဒေါ့တွေကို ပုံစံမျိုးစုံ အသုံးပြုပြီး ဂဏန်းတွေကို ပုံဖော်ထားတာ ဖြစ်ပါတယ်။ ကျောဖက်အပေါ်မှာ တော့ အသင်းရဲ့ ဂုဏ်ပုဒ်ဖြစ်တဲ့ You'll never pork alone' ဆိုတဲ့ ဆောင်ပုဒ်ကို ထည့်သွင်းထားပြန်ပါသေးတယ်။

play
Photo - Daily Mail

 

ဂိုးသမားကတော့ ဘာဘီကျု ဒီဇိုင်း ဂျာစီကို ၀တ်ဆင်မှာ ဖြစ်ပြီး ဒီအသင်းရဲ့ ဒီလို ၀တ်စုံဒီဇိုင်းကိုတော့ မနှစ်က တစ်ကမ္ဘာလုံးနီးပါး သတိထားမိ ခဲ့ကြတယ်လို့ သိရပြီး ပြန်လည်ရောင်းချမှုတွေတောင်ရှိခဲ့ပါသေးတယ်။

ဒီနှစ်မှာတော့ ဒီဇိုင်းအတွက် အမြတ်ပိုမိုရရှိဖို့ရှိနေပြီး ရလာသမျှ အမြတ်တွေကို ဆီးကျိတ်ကင်ဆာ ဝေဒနာသည်တွေအတွက် အသုံးပြုပေးသွားမှာ ဖြစ်ပါတယ်။

play
Photo - Daily Mail

 

အခြားတစ်ဖက်မှာလည်း Bedele  အသင်းက မြောက်ပိုင်း အပျော်တမ်းလိဂ်(၁)ရဲ့ချန်ပီယံ အသင်းတစ်သင်းလည်း ဖြစ်ပါတယ်။

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD

AD