မန်ယူအသင်းမှာ ၂၇ နှစ်တာဝန်ထမ်းဆောင်ခဲ့ပြီး ၂၀၁၃ ခုနှစ်တုန်းက အနားယူခဲ့ပါတယ်။

ပြီးခဲ့တဲ့မေလတုန်းက ဦးနှောက်သွေးယိုစိမ့်လို့ ဆေးရုံတင် ကုသမှုခံယူနေခဲ့ရတာဖြစ်ပြီး ယခုအခါ ပြန်လည်ကျန်းမာလာခဲ့ပြီးနောက် မန်ယူတီဗီ ကနေ အများပြည်သူကိုပထမဆုံး နှုတ်ဆက်စကားဆိုခဲ့ပါတယ်။

Photo - Metro

 

လာမယ့်နှစ်မှာ အိုးထရက်ဖို့ဒ်ကိုပြန်လာခဲ့မယ်လို့ ဦးနှောက်သွေးယိုစိမ့်မှုကြောင့် ဆေးရုံတက်ကုသမှု ခံယူနေရတဲ့ ဖာဂူဆန်က ဝေဒနာက သက် သာလာပြီး ပထမဆုံးအကြိမ်အဖြစ် အများပြည်သူကို ထုတ်ဖော်ပြောလိုက်ပါတယ်။

ရော်နယ်ဒိုနေရာကို အစားထိုးဖို့ ရီးရဲလ် တကယ်ကြိုးစားနေတာလား? 

အသက် ၇၆ နှစ်အရွယ်ရှိပြီဖြစ်တဲ့ မန်ယူနည်းပြဟောင်း ဆာအဲလက်စ် ဖာဂူဆန်ဟာ ပြီးခဲ့တဲ့ မေလက ဦးနှောက်သွေးယိုစိမ့်မှုကြောင့် အရေးပေါ် ကုသမှု ခံယူခဲ့ရပါတယ်။

Photo - Metro

 

၎င်းကို ဆဲလ်ဖို့ဒ်ရွိုင်ရယ်ဆေးရုံမှာ အပြင်းအထန်ကုသမှု ပေးခဲ့ပြီးနောက် ယခုအခါ ပြန်လည်သက်သာလာခဲ့ပြီလည်း ဖြစ်ပါတယ်။ အသင်း ဟောင်းမန်ယူအသင်းကလည်း ၎င်းအမြန်ဆုံးပြန်လည်သက်သာလာစေဖို့ ဆုတောင်းပေးနေပြီး ဒီကနေ့မှာတော့ မန်ယူအသင်းက ဖာဂူဆန်ရဲ့ တရားဝင်ပြောစကားကို ဗီဒီယိုဖိုင်တင်ပေးခဲ့တာ ဖြစ်ပါတယ်။

"ဟဲလို ပထမဆုံးအနေနဲ့ ဆေးကုသပေးခဲကြတဲ့ ဆေးရုံအသီးသီးက ဝန်ထမ်းအားလုံးကို ကျေးဇူးတင်ပါတယ်။ နောက်တစ်ခုက ကျွန်တော့်ကို ယုံ ပါ။ဒီလူတွေမရှိပဲနဲ့ ကျွန်တော် ပြန်ကောင်းလာစရာမရှိပါဘူး။ကျွန်တော့်မိသားစုကိုလည်း ကျေးဇူးအရမ်းတင်ပါတယ်။တစ်ကမ္ဘာလုံးက ကျွန်တော့် ကိုဆုတောင်းပေးနေတာသိရတော့ အရမ်းကို ခံစားရပါတယ်။ဒါကြောင့်အားလုံးကိုလည်းကျေးဇူးအရမ်းတင်ပါတယ်။ နောက်ဆုံးတောာ့ ကျွန် တော် ဒီနှစ်ရာသီ ကျွန်တော်ပြန်လာနိုင်တော့မှာပါ။ဂျို့စ်နဲ့ အသင်းသားတွေလည်း အကောင်းဆုံးလုပ်ဆောင်နိုင်ကြပါစေ။" လို့ ဖာဂူဆန်က ပြော ခဲ့ပါတယ်။

Photo - www.itv.com

 

ဖာဂူဆန်က မန်ယူအသင်းမှာ ၂၇ နှစ် တာဝန်ထမ်းဆောင်ခဲ့ပြီးနောက် ၂၀၁၃ ခုနှစ် မှာတော့ အနားယူခဲ့ပါတယ်။ မနှစ်က အာဆင်နယ်နည်းပြ အာစင်ဝင်းဂါး အသင်းက နှုတ်ထွက်တော့မယ်ဆိုတော့လည်း ၎င်းကိုယ်တိုင် ဂုဏ်ပြုဆုပေးခဲ့ပါသေးတယ်။

ဒါ့အပြင် အနားယူပြီးနောက်ပိုင်းမှာလည်း မန်ယူအသင်းရဲ့ အိမ်ကွင်း၊အဝေးကွင်းပွဲစဉ်တော်တော်များများကို အမြဲမပြတ်ကွင်းအတွင်း လာ ရောက်အားပေးနေတာ ဖြစ်ပြီး နေမကောင်းချိန်မှသာ လာရောက်နိုင်ခြင်းမရှိတာ ဖြစ်ပါတယ်။

မန်ယူအသင်းကတော့ ဒီနှစ်အစ သြဂုတ်လ ၉ ရက်နေ့မှာ လက်စတာစီးတီးအသင်းနဲ့ စတင်ကစားရဖို့ ရှိနေပါတယ်။

Share

Loading Next Article...
က္က