သက်တမ်းမတိုးနိုင်ပါက ရာသီကုန်မှာ အလွတ်ထွက်ခွာခွင့်ပြုရမှာဖြစ်ပါတယ်။

ရာသီအကုန်မှာ စာချုပ်ပြည့်မယ်ရမ်ဆေးကို အူနိုင်းက သက်တမ်းတိုးချင်နေပြီး အသင်းခေါင်းဆောင်တာဝန် ခန့်အပ်ပြီး ဆွဲဆောင်မှုက ရမ်ဆေး အာဆင်နယ်မှာ ဆက်ရှိနေဖို့ လုံလောက်ပါ့မလား။

Photo - 90 MIN

 

အာဆင်နယ်အသင်းရဲ့နည်းပြသစ် အူူနိုင်းအမ်မရီက အာဆင်နယ်အသင်းရဲ့ အသင်းခေါင်းဆောင်အဖြစ် ဝေးလ်လက်ရွေးစင်ကစားသမား ရမ် ဆေးကို ခန့်အပ်တာဝန်ပေးအပ်ဖို့ ကြံရွယ်ထားပါတယ်။

ရမ်ဆေးနဲ့ အာဆင်နယ်အသင်းတို့ကြား ချုပ်ဆိုထားတဲ့ စာချုပ်ကလည်း ဒီနှစ်အကုန်မှာ ပြည့်တော့မှာ ဖြစ်ပြီး အူနိုုင်းက ရမ်ဆေးကို သက်တမ်း တိုးစာချုပ်ချုပ်ဆိုချင်နေပါတယ်။

Photo - 90 MIN

 

ရမ်ဆေးက အာဆင်နယ်အသင်းထံ ၁၇ နှစ်သားအရွယ်ကတည်းက ရောက်ရှိလာခဲ့သူဖြစ်ပြီး သက်တမ်းမတိုးနိုင်ပါက ရာသီအကုန်မှာ အလွတ် ထွက်ခွာခွင့်ပြုရတော့မှာလည်း ဖြစ်ပါတယ်။

မက်ဆီကို ပြန်ပေးမှ ကျေမယ်လို့ ဆိုလိုက်တဲ့ ရိုးမား ဥက္ကဌ 

လက်ရှိမှာ အသက် ၂၇ နှစ်အရွယ်ရှိနေပြီ ဖြစ်ပြီး အာဆင်နယ်အသင်းရဲ့ ရာသီကြို ခြေစမ်းပွဲစဉ်တွေကို အသင်းခေါင်းဆောင်အဖြစ်ဦးဆောင် ကစားနေသူလည်း ဖြစ်ပါတယ်။

Photo - 90 MIN

 

"သူ့ကို အသင်းမှာ ဆက်ရှိနေစေချင်ပါတယ်။သူ့ရဲ့ အရည်အချင်းနဲ့အသင်းကို အများကြီး အထောက်အကူဖြစ်ပါတယ်။" လို့ နည်းပြ အူနိုင်းက ပြောပါတယ်။

အာဆင်နယ်အသင်းရဲ့ အသင်းခေါင်းဆောင် မာတီဆက်ကာ အနားယူသွားပြီးတဲ့နောက် အသင်းကို ကိုစီရယ်နီက အသင်းခေါင်းဆောင်အဖြစ် ပုံမှန် ဦးဆောင်နေခဲ့တာ ဖြစ်ပါတယ်။

Photo - 90 MIN

 

ဒါပေမယ့်လည်း လက်ရှိမှာ ကိုစီရယ်နီအနေနဲ့လည်း ဒဏ်ရာကြောင့် ပွဲမကစားနိုင်ပဲ ရှိနေတာကြောင့်ရေရှည်မှာ အာဆင်နယ်အသင်းကို ဦး ဆောင်ဖို့ အူနိုင်းက ရမ်ဆေးကို ရွေးချယ်လိုက်တာ ဖြစ်ပါတယ်။

ဒါကြောင့်ရမ်ဆေးကရော အာဆင်နယ်အသင်းရဲ့ အသင်းခေါင်းဆောင်အဖြစ်နဲ့ သက်တမ်းတိုးစာချုပ်ချုပ်ဆိုသွားမှာလား၊ ရာသီအကုန်မှာ အခြား အသင်းကို ပြောင်းမှာလားဆိုတာကတော့ စိတ်ဝင်စားဖို့ကောင်းပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က