ကစားသမားဘ၀ တစ်လျှောက်လုံးကို ဝုလ်ဗာဟမ်တန်အသင်းမှာသာ ကုန်ဆုံးခဲ့တာ ဖြစ်ပါတယ်။

၂၀၁၈ ကမ္ဘာ့ဖလားဝင် နိုင်ဂျီးရီးယားအသင်းရဲ့ ၂၄ ယောက်စာရင်းထိ ပါဝင်ခဲ့သူ ဖြစ်ပေမယ့်လည်း အသက် ၃၂ နှစ်ပြည့်လို့ ၈ ပတ်မြောက်မှာပဲ ကစားသမားဘဝက နားခဲ့ရပါတယ်။

 

နိုင်ဂျီးရီးယား လက်ရွေးစင်အသင်းနဲ့အတူ ၂၀၁၈ ကမ္ဘာ့ဖလားပြိုင်ပွဲဝင် ၂၄ ယောက်စာရင်းမှာ ပါဝင်နိုင်ခဲ့တဲ့ ဝုလ်အသင်းမှ ဂိုးသမား အိုင်ကီမီက အခုတော့ ကစားသမားဘဝက အနားယူခဲ့ပါပြီ။

ဘောကောက်ကနေ စင်တော်အကောက်ခံ ဘဝ ရောက်လာသူ 

အသက် ၃၂ နှစ်ပြည့်လို့ ၈ ပတ်အကျော်မှာ အနားယူခဲ့ရတာ ဖြစ်ပြီး ဒဏ်ရာကြောင့် မဟုတ်ပဲ ကင်ဆာ ဝေဒနာကြောင့်ဖြစ်တယ်လို့ စိတ်မ ကောင်းစွာ သိရပါတယ်။

Photo - SportsBeatNg

 

ဒီသတင်းကိုတော့ ၎င်းရဲ့ မိခင် ကလပ်အသင်းဖြစ်တဲ့ ပရီးမီးယားလိဂ် ကလပ် ဝုလ်ဗာဟမ်တန်အသင်းက တရားဝင် ထုတ်ပြန်ပေးခဲ့တာ ဖြစ်ပြီး ရှောင်လွှဲလို့ မရတဲ့ အခြေအနေတစ်ရပ်အဖြစ် စိတ်မကောင်းစွာ ထုတ်ပြန်ခဲ့ရတာလည်း ဖြစ်ပါတယ်။

အိုင်ကီမီအနေနဲ့ သွေးကင်ဆာ ဝေဒနာ ခံစားနေရတယ်လို့ သိရပြီး ရောဂါရဲ့ အဖြေကို မနှစ်က ဇူလိုင်လကတည်းက ရှာနေခဲ့တာလည်း ဖြစ်ပါ တယ်။

Photo - Daily Post Nigeria

 

အခုလို အနားယူခဲ့တဲ့ အိုင်ကီမီက သူ့ရဲ့ သူငယ်ချင်းများစွာနဲ့ အားပေးခဲ့တဲ့ ပရိသတ်တွေကိုလည်း ကျေးဇူးတင်စကားဆိုခဲ့ပါသေးတယ်။

"ကျွန်တော်ဘယ်လိုမှ ပြန်လာဖို့ မစွမ်းဆောင်နိုင်ခဲ့ပါဘူး။အကြောင်းရင်းကတော့ ကျွန်တော့် ကျန်းမာရေးကြောင့်ပါ။ခုချိန်မှာ ဖြတ်သန်းခဲ့သမျှ ကစားသမားဘဝတစ်လျှောက် ပြန်ကြည့်လိုက်ရင် ကြေကွဲစရာတွေပဲ မြင်နေရပါတယ်။ဒါပေမယ့်လည်း အနည်းဆုံးတော့ ကျွန်တော့်ဘ၀ တစ် လျှောက်လုံးမိသားစုနဲ့ ပျော်ရွှင်စွာ ဖြတ်သန်းခွင့်ရခဲ့ပါပြီ။" လို့ အိုင်ကီမီက ပြောခဲ့ပါတယ်။

Photo - Newspeakonline

 

အိုင်ကီမီဟာ ၂၀၀၃ ခုနှစ်က စတင်ခဲ့တဲ့ ပရော်ဖက်ရှင်နယ် ကစားသမားဘဝကို ဝုလ်အသင်းနဲ့အတူ ဖြတ်သန်းခဲ့ပြီး အနားယူခဲ့တဲ့ အချိန်အထိ ဝုလ်အသင်းမှာသာ ကစားခဲ့သူ ဖြစ်ပါတယ်။

ဒီကြားထဲမှာတော့ အသင်း ၈ သင်းထံအငှားနဲ့ သွားရောက်ကစားပေးခဲ့ရပြီး ကစားသမားဘ၀ ၁၉၁ ပွဲ ထိ ကစားခဲ့ဖူးသူ ဖြစ်ကာာ နိုင်ငံလက် ရွေးစင်အဖြစ်လည်း ၂၀၁၅ ကနေ ၂၀၁၆ အတွင်း ၁၀ ပွဲ ပါဝင်ကစားပေးခဲ့ဖူးပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က