ကမ္ဘာ့ဖလားဝင် ကိုလံဘီယာအသင်းနဲ့အတူ ၄ ပွဲစလုံးကို ပွဲထွက်ကစားခွင့်ရခဲ့သူ ဖြစ်ပါတယ်။

ကမ္ဘာ့ဖလားဝင် ကိုလံဘီယာအသင်းနဲ့ ခြေစွမ်းပြ ကစားနိုင်ခဲ့သူ ဖြစ်ပြီး ပရီးမီးယားလိဂ်မှာ ကစားချင်တဲ့ ဆန္ဒကို လီဗန်တေးအသင်းက ရိုက်ချိုး ပစ်ခဲ့ပါတယ်။

 

ကိုလံဘီယာ ကွင်းလယ်ကစားသမား ဂျက်ဖာဆန် လာမာဟာ လီဗန်တေးအသင်းကနေ ထွက်ခွာခွင့် တောင်းခံလာခဲ့ပါတယ်။

အကြောင်းကတော့ ပရီးမီးယားကလပ် ဘုန်းမောက်အသင်းရဲ့ ကမ်းလှမ်းမှုကို လီဗန်တေးအသင်းက ပယ်ချလိုက်တာကြောင့် အခုလို အသင်းက နေထွက်ခွာခွင့်တောင်းတာ လို့ သိရပါတယ်။

 

ဘုန်းမောက်အသင်းကို လာမာကို ပြောင်းရွှေ့ကြေးပေါင် ၂၂.၂ သန်းနဲ့ ကမ်းလှမ်းခဲ့တာဖြစ်ပေမယ့်လည်း လီဗန်တေးအသင်းကတော့ ကမ်းလှမ်း မှုကို ပယ်ချခဲ့တာကြောင့် လာမာအနေနဲ့ စိတ်ပျက်နေတယ်လို့လည်းသိရပါတယ်။

နေမလား ၊ သွားမလား မက်ဂွီး ကြိုက်တာရွေး 

ဘုန်းမောက်အသင်းကလည်း ယခုနှစ်ရာသီအတွက် ကစားသမား ၂ ဦးသာခေါ်ယူထားရသေးတာကြောင့် လာမာကို ခေါ်ယူနိုင်ရေး ကြိုးပမ်းခဲ့ ပေမယ့်လည်း ပယ်ချခံခဲ့ရတာ ဖြစ်ပါတယ်။

 

လာမာအနေနဲ့ ပြီးခဲ့တဲ့ ကမ္ဘာ့ဖလားပြိုင်ပွဲဝင် ကိုလံဘီယာအသင်းနဲ့အတူ ပွဲစဉ် ၄ ပွဲစလုံးကို ပွဲထွက်ကစားခွင့်ရခဲ့သူ ဖြစ်တာနဲ့အညီ ပရီးမီးယား လိဂ်မှာ အခြေချချင်နေတဲ့ ၎င်းရဲ့ဆန္ဒကို လီဗန်တေးအသင်းက ရိုက်ချိုးခဲ့သလို ဖြစ်ခဲ့ပါတယ်။

လီဗန်တေးအသင်းကတော့ မနှစ်က လာလီဂါ အမှတ်ပေးပြိုင်ပွဲမှာ အဆင့် ၁၅ ရရှိခဲ့လို့ တန်းဆင်းရမယ့်အရေးကနေ ကလပ်လွတ်ခဲ့ရပြီး ၎င်း တို့ရဲ့ အဓိက ကွင်းလယ်လူကို ဆက်လက်ထိန်းထားနိုင်ဖို့ ကြိုးပမ်းနေတာ ဖြစ်ပါတယ်။

ဘုန်းမောက်အသင်းက လာမာကို မြင့်မားတဲ့နှုန်းနဲ့ ဆက်လက် ကမ်းလှမ်းလာအုံးမလား၊လာမာရဲ့ ပရီးမီးယားလိဂ်မှာကစားခွင့် မျှော်လင့်ချက် တစ်ဖန်ပြန်ရှင်သန်လာမလား၊ လီဗန်တေးအသင်းမှာ ဆက်လက် အချိန်ကုန်သွားမလား စိတ်ဝင်စားဖု့ိ ကောင်းနေပါပြီ။

Share

Loading Next Article...
က္က