ကွင်းလယ်ကိုအင်အားဖြည့်တင်းနေတာပါ။

ချယ်ဆီးအသင်းဟာ အာဆင်နယ်အသင်းရဲ့လာမယ့်ရာသီအစီအစဉ်ကို ဖျက်ဆီးပစ်နိုင်တဲ့ ကစားသမားခေါ်ယူမှုတစ်ရပ် ပြုလုပ်တော့မယ်လို့ Daily Mail ကလာတဲ့သတင်းအရ သိရပါတယ်။ ချယ်ဆီးအသင်းဟာ အာဆင်နယ်အသင်းနဲ့ စာချုပ်သစ်ချုပ်ဆိုဖို့ သဘောတူညီမှုမရရှိသေးတဲ့ ကွင်းလယ်ကြယ်ပွင့် အာရွန်ရမ်ဆေးကို အပြောင်းအရွှေ့ဈေးကွက်ပိတ်သိမ်းခါနီးမှာ ခေါ်ယူသွားမယ်လို့ သိရပါတယ်။



c932a-1532828374-800.jpg

Photos: Sportskeeda

ချယ်ဆီးအသင်းရဲ့နည်းပြသစ် မူရီဇီယိုဆာရီဟာ ချယ်ဆီးအသင်းကို စတင်ရောက်ရှိပြီး ပထမဆုံးပြုလုပ်တဲ့သတင်းစာရှင်းလင်းပွဲမှာ ချယ်ဆီးအသင်းရဲ့အဓိကအားနည်းချက်ဟာ ကွင်းလယ်ဖြစ်တယ်လို့ ပြောကြားခဲ့ပြီးနောက် နာပိုလီအသင်းရဲ့ကွင်းလယ်ကြယ်ပွင့် ဂျော်ဂျင်ဟိုကို ခေါ်ယူခဲ့သူဖြစ်ပါတယ်။

ပီအက်စ်ဂျီနဲ့အာဆင်နယ်အသင်းတို့ပွဲစဉ်မတိုင်မီ ထူးခြားချက်ကို တွေ့ရှိခဲ့တဲ့ ပရိသတ်များ 

ချယ်ဆီးအသင်းဟာ အာဆင်နယ်အသင်းနဲ့စာချုပ်သက်တမ်း ၁ နှစ်သာကျန်ရှိတော့ပြီး စာချုပ်သစ်ချုပ်ဆိုဖို့ သဘောတူညီမှုမရရှိသေးတဲ့ ကွင်းလယ်ကြယ်ပွင့်ကစားသမား အာရွန်ရမ်ဆေးကို ပေါင်သန်း ၃၀ ဝန်းကျင်နဲ့ ခေါ်ယူနိုင်မယ်လို့ မျှော်လင့်နေတာဖြစ်ပါတယ်။ တကယ်လို့ အာဆင်နယ်အသင်းသာ အာရွန်ရမ်ဆေးနဲ့ စာချုပ်သစ်ချုပ်ဆိုဖို့သဘောတူညီမှုမရရှိခဲ့ဘူးဆိုရင် လာမယ့်နွေရာသီမှာ အလွတ်ပြောင်းရွှေ့ကြေးနဲ့ ထွက်ခွာခွင့်ပြုရမှာဖြစ်တဲ့အတွက် အကျပ်အတည်းထဲကို ကျရောက်နေတာဖြစ်ပါတယ်။

Photos:Goal

 

ချယ်ဆီးအသင်းရဲ့နည်းပြဆာရီဟာ အသင်းရဲ့ကွင်းလယ်အင်အားကို တောင့်တင်းစေဖို့အတွက် အာဆင်နယ်အသင်းရဲ့ကွင်းလယ်ကစားသမား ရမ်ဆေးကို ခေါ်ယူဖို့ ဆန္ဒရှိနေတာဖြစ်ပါတယ်။ အသက် ၂၇ နှစ်အရွယ်ရှိပြီဖြစ်တဲ့ ရမ်ဆေးဟာ အာဆင်နယ်နည်းပြသစ် အမ်မရီရဲ့ပြောကြားချက်အရ ၎င်းရဲ့လက်အောက်မှာ အဓိကအခန်းကဏ္ဍကနေ ကစားခွင့်ရရှိလိမ့်မယ်လို့ မျှော်မှန်းနေတာဖြစ်ပါတယ်။

"အာရွန်ဟာ ကျွန်တော်တို့အတွက် အရမ်းအရေးကြီးပါတယ်။ ပြီးတော့ စာချုပ်ကလည်း အသင်းအတွက်နဲ့ ကစားသမားအတွက်ပါ အရေးကြီးအရာတစ်ခုပါ"လို့ နည်းပြသစ်အမ်မရီက ပြောကြားခဲ့တာဖြစ်ပါတယ်။

Photos: Football365

 

အာဆင်နယ်အသင်းနဲ့အတူ ၁၀ နှစ်ကြာလက်တွဲလာခဲ့တဲ့ အာရွန်ရမ်ဆေးအနေနဲ့ အသင်းနဲ့စာချုပ်သစ်မချုပ်ဆိုခဲ့ဘူးဆိုရင် ယခုနွေရာသီမှာ ရောင်းချရတော့မှာဖြစ်ပြီး ချယ်ဆီးအသင်းက ယင်းအချိန်ကို စောင့်ဆိုင်းပြီး အပြောင်းအရွှေ့ဈေးကွက်ပိတ်သိမ်းခါနီးအချိန်မှသာ ကမ်းလှမ်းမှုကို ပြုလုပ်သွားမှာဖြစ်တယ်လို့ သိရပါတယ်။ Daily Mail က ထွက်ပေါ်လာတဲ့အပြောင်းအရွှေ့သတင်းတွေဟာ ၅၀-၅၀ မှန်ကန်မှုရှိခဲ့တာကြောင့် အာဆင်နယ်အသင်းအနေနဲ့ ရမ်ဆေးကို လက်မလွှတ်ရဖို့အတွက် စာချုပ်သစ်အမြန်ဆုံးချုပ်ဆိုနိုင်အောင် ကြိုးပမ်းသွားဖို့လိုအပ်နေပြီး ဆာရီကလည်း ၎င်းခေါ်ယူလိုတဲ့ကစားသမားကို အသင်းကိုသာ ခေါ်ယူပေးဖို့ ပြောကြားကြောင်း ဝန်ခံထားတာကြောင့် စောင့်ကြည့်ရမယ့် အပြောင်းအရွှေ့တစ်ခုဖြစ်လာပြီဖြစ်ပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က