ကမ္ဘာ့ဖလားက ပြန်လာကတည်းက ဒဏ်ရာ ပါလာခဲ့တာ ဖြစ်ပါတယ်။

မာတစ်အနေနဲ့ ဆားဘီးယားအသင်းနဲ့အတူ ၂၀၁၈ ကမ္ဘာ့ဖလားပြိုင်ပွဲကို ပါဝင်ခဲ့သူ ဖြစ်ပြီး နိုင်ငံအသင်းက ပြန်လာကတည်းက အဆိုပါ ဝမ်းဗိုက် ဒဏ်ရာကို ခံစားနေရတာကြောင့် မန်ယူရဲ့ ရာသီကြို ပွဲစဉ်တွေကိုလည်း လွဲချော်ထားပါတယ်။

Photo - BBC Sports

 

မန်ယူအသင်းက ဆားဘီးယား ကွင်းလယ်လူ နီမန်ဂျာမာတစ်အနေနဲ့ ၂၀၁၈-၁၉ ပရီးမီးယားလိဂ် ဘောလုံးရာသီအစပွဲစဉ်တွေကို အသင်းနဲ့ အတူ ပွဲဝင်ကစားဖို့ မသေချာပါဘူး။

အကြောင်းကတော့ ဝမ်းဗိုက်ပြဿနာရှိနေတာဖြစ်ပြီး ခွဲစိတ်ကုသမှုအထိ ပြုလုပ်သွားရမယ်လို့ သိရပါတယ်။ မာတစ်အနေနဲ့ အဆိုပါ ဝေဒနာ ကြောင့်လည်း အသင်းရဲ့ လက်ရှိကစားနေတဲ့ ရာသီကြို ခြေစမ်းပွဲစဉ်တွေကို တစ်ပွဲမှ ပါဝင်ကစားနိုင်ခဲ့ခြင်းလည်း မရှိပါဘူး။

Photo - FortuneBetNG

 

"မာတစ်က ကမ္ဘာ့ဖလားပြိုင်ပွဲက ပြန်လာကတည်းက ဒဏ်ရာပါ ရရှိလာခဲ့တာပါ။ဒီဒဏ်ရာကို ကုသဖို့ကိုလည်း ၎င်းရဲ့ ခွင့်ရက်တွေနဲ့ မလုံ လောက်ခဲ့ပါဘူး။" လို့ မန်ယူနည်းပြ မော်ရင်ဟိုက ပြောခဲ့ပါတယ်။

မန်ယူအသင်းရဲ့ရာသီကြိုခြေစမ်းပွဲရလဒ်ဆိုးတွေနဲ့ပတ်သက်ပြီး ပရိသတ်တွေကို ပြောကြားလိုက်တဲ့ မော်ရင်ဟို 

အဆိုပါ ဒဏ်ရာကို ခွဲစိတ်ကုသဖို့ ချက်ခြင်းလုပ်ဆောင်သွားမယ်လို့လည်း မန်ယူအသင်းက အတည်ပြု ထုတ်ပြန်ခဲ့ပါသေးတယ်။လက်ရှိမှာတော့ မန်ယူအသင်းကပဲ ၎င်းကို နဂိုမူလ အခြေအနေပြန်လည်ရရှိအောင် ကုသပေးနေတယ်လို့လည်းသိရပါတယ်။

Photo - Miami Herald

 

မာတစ်က မန်ယူကိုမနှစ်က ချဲလ်ဆီးကနေ ရောက်ရှိလာခဲ့ပြီး အသင်းအတွက် ၄၉ ပွဲအထိ ပါဝင်ကစားပေးထားတဲ့ အားထားရတဲ့ ကွင်းလယ် ကစားသမားတစ်ဦးဖြစ်ပါတယ်။

ဒါကြောင့် ရာသီအစပွဲတွေကို အဓိက ကွင်းလယ်လူ မာတစ်မပါနိုင်ပဲ မန်ယူဘယ်လိုကျော်ဖြတ်ပြမလဲဆိုတာကတော့ စိတ်ဝင်စားဖို့ ကောင်းနေပါ ပြီ။

Photo - China Daily

 

မန်ယူအသင်းကတော့ ၂၀၁၈-၁၉ ဘောလုံးရာသီရဲ့ အဖွင့်ပွဲစဉ်အဖြစ် အိမ်ကွင်း အိုးထရက်ဖို့ဒ်မှာ လက်စတာစီးတီးအသင်းကို စတင်ဧည့်ခံ ကစားသွားမှာဖြစ်ပြီး အဆိုပါ ပွဲကိုတော့ သြဂုတ်လ ၁၀ ရက်နေ့မှာ ကစားမှာပါ။

အဲ့နောက်မှာတော့ သြဂုတ်လအတွင်း မန်ယူအသင်းက ဘရိုက်တန်အသင်းနဲ့ ၁၉ ရက်နေ့မှာလည်းကောင်း၊ စပါးအသင်းနဲ့ ၂၈ ရက်နေ့မှာ လည်းကောင်းအသီးသီးကစားသွားဖို့ ရှိနေပါတယ်။

Share

Loading Next Article...
က္က