ရီးရဲနည်းပြဟောင်း ဇီဒန်းကို ခန့်အပ်ဖို့ ကြိုးပမ်းနေတာပါ။

မန်ချက်စတာယူနိုက်တက်အသင်းရဲ့ဥက္ကဌဟာ နည်းပြသစ်ရာထူးအတွက် ရီးရဲမက်ဒရစ်အသင်းရဲ့နည်းပြဟောင်း ဇီဒန်းကို ပစ်မှတ်ထားနေပြီး သဘောတူညီမှုရရှိတာနဲ့ မော်ရင်ဟိုကို အသင်းကနေ ထုတ်ပယ်တော့မယ်လို့ The Sun က ဖော်ပြခဲ့ပါတယ်။ ဇီဒန်းဟာ ရီးရဲမက်ဒရစ်အသင်းကို ချန်ပီယံလိဂ်ဖလား ၃ နှစ်ဆက်တိုက်ရရှိအောင် စွမ်းဆောင်ပေးပြီးနောက်မှာ အသင်းကနေ နှုတ်ထွက်သွားခဲ့သူဖြစ်ပါတယ်။



gettyimages-971508558.jpg

မန်ချက်စတာယူနိုက်တက်အသင်းရဲ့နည်းပြမော်ရင်ဟိုဟာ ဆိုးရွားတဲ့ရာသီကြိုခြေစမ်းပွဲစဉ်ရလဒ်တွေကြောင့် ဖိအားတွေဝင်နေသူဖြစ်ပြီး ယင်းအခြေအနေဟာ မော်ရင်ဟိုအတွက် အဆုံးသတ်ဖို့ အစဖြစ်စေခဲ့ပြီလို့ ဆိုရတော့မှာဖြစ်ပါတယ်။ မန်ချက်စတာယူနိုက်တက်အသင်းအနေနဲ့ နည်းပြသစ်အလောတကြီးမရှာဖွေခဲ့ရင်တောင်မှ မော်ရင်ဟို အသင်းကနေ ထွက်ခွာသွားရင် ဇီဒန်းဟာ မန်ချက်စတာယူနိုက်တက်အသင်းရဲ့ နည်းပြသစ်အဖြစ် ခန့်အပ်မယ့်ပစ်မှတ်စာရင်းထဲမှာ ထိပ်ဆုံးကရှိနေမယ်ဆိုတာ သံသယဖြစ်စရာမရှိပါဘူး။

နည်းပြမော်ရင်ဟိုဟာ ယခုနွေရာသီအပြောင်းအရွှေ့ကာလအစမှာ အဓိကခေါ်ယူချင်တဲ့ ကစားသမား ၅ ဦးစာရင်းကို ပေးပို့ခဲ့ပေမယ့် မန်ယူအသင်းရဲ့ကစားသမားဝယ်ယူရေးဥက္ကဌက မခေါ်ယူပေးခဲ့တာကြောင့် ဖိအားတွေခံစားခဲ့ရပြီး ယခုရာသီမှာ မန်ချက်စတာစီးတီးအသင်းနဲ့ အမှတ်ကွာဟချက်နည်းအောင် လုပ်ရမယ့်တာဝန်ကလည်း ရှိနေပါတယ်။

 

မန်ချက်စတာယူနိုက်တက်အသင်းရဲ့ကစားသမားအများစုက ယခုလာမယ့်ရာသီဟာ နည်းပြမော်ရင်ဟိုရဲ့နောက်ဆုံးရာသီဖြစ်လိမ့်မယ်လို့ ယုံကြည်နေကြပြီး နောက်ထပ်လာမယ့်ရာသီသစ်မှာ နည်းပြသစ်တစ်ဦးက တာဝန်ယူလိမ့်မယ်လို့ ယုံကြည်နေတယ်လို့ သိရပါတယ်။

နောက်ဆုံးရနံနက်ခင်းသတင်းများ 

နည်းပြဇီဒန်းဟာ ရီးရဲမက်ဒရစ်အသင်းကနေ ထွက်ခွာပြီးကတည်းက လက်ရှိအချိန်အထိ ဘယ်အသင်းကိုမှ နည်းပြဖို့ သဘောတူညီထားခြင်းမရှိသေးတာကြောင့် မန်ချက်စတာယူနိုက်တက်အသင်းရဲ့နည်းပြသစ်ဖြစ်လာဖို့ ဖြစ်နိုင်ခြေအများကြီးရှိနေတယ်လို့ ဆိုရမှာဖြစ်ပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က