ကော်တွိုက်စ်နေရာ အစားထိုးဖြည့်ဆည်းတာပါ။

ချယ်လ်ဆီးအသင်းဟာ အက်သလက်တစ်ဘီလ်ဘာအိုအသင်းရဲ့ ဂိုးသမား ကီပါအရစ်ဇာဘာလာဂါကို ဂိုးသမားတစ်ဦးအတွက် စံချိန်တင်ပြောင်းရွှေ့ကြေးနဲ့ ခေါ်ယူဖို့ သဘောတူညီမှု ရရှိခဲ့ပြီလို့ သိရပါတယ်။ ကီပါအတွက် ချယ်လ်ဆီးဟာ ဘီလ်ဘာအိုအသင်းကို ယူရိုသန်း၈၀ အထိ ပေးချေသွားမယ်လို့ သိရပါတယ်။

Photo : weaintgotnohistory

 

ဒီငွေကြေးပမာဏဟာ လီဗာပူးလ်အသင်းကို ပြောင်းရွှေ့သွားခဲ့တဲ့ ရိုးမားဂိုးသမားဟောင်း အယ်လစ်ဆန်ရဲ့ ပြောင်းရွှေ့ကြေးထက် ပိုမိုများပြားတဲ့ ပမာဏဖြစ်ပြီး ကမ္ဘာ့ကြေးအများဆုံး ဂိုးသမားအဖြစ် ကီပါကို မှတ်တမ်းဝင်စေမှာလည်း ဖြစ်ပါတယ်။ အသင်းရဲ့ အဓိက ဂိုးသမား ကော်တွိုက်စ်က ရီးရဲလ်မက်ဒရစ်ကို ထွက်ခွာဖို့ နီးစပ်နေပြီးတဲ့နောက် ချယ်လ်ဆီးက ကီပါကို အစားထိုးခေါ်ယူမှာ ဖြစ်ပါတယ်။

ဗုဒ္ဓဟူးနေ့ နံနက်ပိုင်းအတွက် နောက်ဆုံးရ အားကစားသတင်းတိုများ 

90 min ရဲ့ ဖော်ပြချက်အရ ကီပါ နဲ့ ချယ်လ်ဆီးတို့ရဲ့ အပြောင်းအရွှေ့ဟာ မနက်ဖြန်မှာ အပြီးသတ်မယ်လို့ သိရပါတယ်။ တနင်္လာနေ့က အသင်းနဲ့အတူ ပြုလုပ်ရမယ့် လေ့ကျင့်ခန်းအစီအစဉ်ကို ကော်တွိုက်က အကြောင်းကြားမှုမရှိပဲ လွဲချော်အပြီးမှာ ချယ်လ်ဆီးသူဌေး အေဘရာမိုဗစ်က ကော်တွိုက်စ်ကို ရောင်းချဖို့နဲ့ အစားထိုးခေါ်ယူမှု ပြုလုပ်ဖို့ ပြောကြားခဲ့တယ်လို့ သိရပါတယ်။

Photo : AS

 

ရီးရဲလ်မက်ဒရစ်အသင်းကလည်း ကော်တွိုက်စ်ကို ရရှိဖို့အတွက် ကွင်းလယ်လူ ကိုဗာဆစ်ကို အသုံးချခဲ့တယ်လို့ သိရပါတယ်။ ကိုဗာဆစ်ကို ချယ်လ်ဆီးအသင်းထံ အငှားချဖို့ ရီးရဲလ်မက်ဒရစ်က ကမ်းလှမ်းခဲ့ပြီး ချယ်လ်ဆီးကလည်း လက်ခံခဲ့တယ်လို့ သိရပါတယ်။ ကော်တွိုက်စ်အတွက် ရီးရဲလ်မက်ဒရစ်က ယူရိုသန်း (၃၀)ခန့် ပေးချေရမယ်လို့ သိရပါတယ်။

Photo : ESPN

 

ကီပါကို ချယ်လ်ဆီးအသင်းက ခေါ်ယူဖို့ သဘောတူညီမှု ရရှိခဲ့တဲ့အကြောင်းကို စပိန်နာမည်ကျော် သတင်းစာများဖြစ်တဲ့ Marca နဲ့ AS တို့ကလည်း ဖော်ပြခဲ့ကြပါတယ်။ ချယ်လ်ဆီးအနေနဲ့ ကီပါကို မခေါ်ယူခင်မှာ အဲဗာတန်ဂိုးသမား ပစ်ဖို့ဒ်၊ နာပိုလီဂိုးသမား ရေနာတို့ကိုလည်း ဆက်သွယ်မှုတွေ ပြုလုပ်ခဲ့သေးတယ်လို့ သိရပါတယ်။

Share

Loading Next Article...
က္က