AD
AD
AD

ပြင်သစ်အသင်းနဲ့အတူ ၂၀၁၈ ကမ္ဘာ့ဖလားကို ကိုင်မြှောက်နိုင်ခဲ့တဲ့ ဝါရင့်တိုက်စစ်မှူး ဂီရော့ဒ်ဟာ လက်ရွေးစင်အသင်းဖော် နဘီဖီကီရာကို ချယ်ဆီးအသင်းထံ လာရောက်ပြီး မိမိနဲ့အတူ တွဲဖက်ကစားဖို့ တောင်းဆိုခဲ့တယ်လို့ သိရပြီး အပြောင်းအရွှေ့ဖြစ်မြောက်ဖို့အတွက် လိုင်ယွန်အသင်းရဲ့ကြယ်ပွင့်တိုက်စစ်မှူးနဲ့ ဆွေးနွေးခဲ့တယ်လို့ သိရပါတယ်။

play
Photos: Sportskeeda

လိုင်ယွန်အသင်းရဲ့ ကြယ်ပွင့်တိုက်စစ်မှူး နဘီဖီကီရာဟာ ၂၀၁၈ ကမ္ဘာ့ဖလားပြိုင်ပွဲမပြီးဆုံးမီက လီဗာပူးအသင်းကို ပြောင်းရွှေ့ဖို့ နီးစပ်နေပြီလို့ သတင်းတွေ ထွက်ပေါ်ခဲ့သူဖြစ်ပြီး အပြောင်းအရွှေ့မဖြစ်မြောက်ခဲ့တာဖြစ်ပါတယ်။ ချယ်ဆီးအသင်းရဲ့တိုက်စစ်မှူး ဂီရော့ဒ်က အသက် ၂၅ နှစ်အရွယ်ရှိပြီဖြစ်တဲ့ လိုင်ယွန်ကြယ်ပွင့်နဲ့ ရုရှားမှာ အတူရှိနေခဲ့စဉ်အချိန်တုန်းက ယင်းအခြေအနေကို အမိအရဆုပ်ကိုင်ပြီး ဖီကီရာ နောက်ထပ်ပြောင်းရွှေ့မယ့်နေရာဟာ ချယ်ဆီးအသင်းဖြစ်ကြောင်း ပြောကြားခဲ့တာဖြစ်ပါတယ်။

play
Photos: Express

 

"ကျွန်တော်တို့ ပြင်သစ်လက်ရွေးစင်အသင်းမှာ ရှိနေတုန်းက သူ့ရဲ့ မအောင်မြင်ခဲ့တဲ့ လီဗာပူးအသင်းနဲ့အပြောင်းအရွှေ့ကို ပြောဖြစ်ကြတယ်"

"အဲဒီကိစ္စပြီးတဲ့နောက်မှာတော့ ချယ်ဆီးအသင်းအကြောင်းနဲ့ အီဒင်ဟာဇက်အကြောင်းတောင် သူနဲ့ ပြောဖြစ်သေးတယ်။ ကျွန်တော်တို့ သူ့ကို ဒီမှာ ပျော်ရွှင်စရာတွေအပြည့်နဲ့ ထားမယ်ဆိုတာ သေချာပါတယ်။ သူက တကယ့်ကိုကောင်းမွန်တဲ့ ကစားသမားတစ်ယောက်ဖြစ်နေတာကိုး"

"အခု ဖီကီရာရဲ့အပြောင်းအရွှေ့သတင်းက ရှိနေသေးလား ကျွန်တော် မသိပါဘူး။ ဘာကြောင့်လဲဆိုတော့ အပြောင်းအရွှေ့ဈေးကွက်က ကြာသပတေးနေ့မှာ ပိတ်တော့မှာလေ"လို့ ပြောကြားခဲ့ပါတယ်။

 

ချယ်ဆီးအသင်းကို ပင်နယ်တီအဆုံးအဖြတ်နဲ့ ရှုံးနိမ့်ခဲ့တဲ့ပွဲစဉ်အပြီးမှာ လိုင်ယွန်အသင်းရဲ့နည်းပြ ဘရူနိုဂျီနိုစီယိုက ဖီကီရာကို နောက်ထပ်ချဉ်းကပ်လာမှုတွေ ရှိလာနိုင်လားဆိုတဲ့မေးခွန်းကို အခုလိုပဲ ပြန်လည်ဖြေကြားသွားခဲ့ပါတယ်။

"သူ ပြီးခဲ့တဲ့ရာသီကုန်မှာ အသင်းကနေ ထွက်ခွာခချင်ခဲ့ပါတယ်။ ဒါပေမယ့် မနေ့က ပြန်လာပြီး လေ့ကျင့်ရေးဆင်းခဲ့ပါတယ်။ သူ ပျော်ရွှင်နေပါတယ်"

"ဘယ်သူ ပြောနိုင်မလဲ။ အပြောင်းအရွှေ့ဈေးကွက် မပိတ်သိမ်းမီအထိ နောက်ထပ် အခွင့်အလမ်းတွေက ရှိလာဦးမှာပဲလေ။ အခုထိတော့ သူက လိုင်ယွန်အသင်းရဲ့ကစားသမားဖြစ်နေတုန်းပါပဲ"လို့ ပြောကြားခဲ့ပါတယ်။

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD

AD