AD
AD
AD

ချယ်လ်ဆီးအသင်းဟာ ဘီလ်ဘာအိုဂိုးသမား ကီပါကို ခေါ်ယူနိုင်ခဲ့ပြီလို့ သိရပါတယ်။ ကီပါအတွက် ဂိုးသမားတစ်ဦးရဲ့ ကမ္ဘာ့စံချိန်တင် ပြောင်းရွှေ့ကြေးကို ပေးချေခဲ့ရတယ်လို့ သိရပါတယ်။ ဘီလ်ဘာအိုနဲ့ ကီပါတို့ ချုပ်ဆိုထားတဲ့ စာချုပ်ပါ လျော်ကြေးအတိုင်း ချယ်လ်ဆီးက ပေးချေခဲ့တာဖြစ်ပြီး ပေါင် (၇၂)သန်းအထိ သုံးစွဲခဲ့ရတယ်လို့ သိရပါတယ်။

play
Photo : 90 min

 

အသက် (၂၃)နှစ်အရွယ် ဂိုးသမား ကီပါဟာ စတန်းဖို့ဘရစ်ခ်ျကလပ်နဲ့ (၇)နှစ်သက်တမ်းရှိ စာချုပ်ကို ချုပ်ဆိုသွားမယ်လို့ သိရပြီး ရီးရဲလ်မက်ဒရစ်ကို ပြောင်းရွှေ့သွားတဲ့ ကော်တွိုက်စ်ရဲ့ နေရာကို အစားထိုးကစားရမှာ ဖြစ်ပါတယ်။ ပြီးခဲ့တဲ့ ဇန်န၀ါရီလကမှ ဘီလ်ဘာအို အသင်းနဲ့ (၇)နှစ်သက်တမ်းရှိ စာချုပ်ကို ချုပ်ဆိုခဲ့တဲ့ ကီပါဟာ ချယ်လ်ဆီးနည်းပြ ဆာရီရဲ့ ဒုတိယမြောက်ခေါ်ယူခဲ့တဲ့ ကစားသမား ဖြစ်လာခဲ့ပါတယ်။

 

play
Photo : 90 min

 

ဆာရီလက်ထက်မှာ ကြေးအမြင့်ဆုံးပေးပြီး ခေါ်ယူခဲ့တဲ့ ကစားသမားဖြစ်လာခဲ့ပြီး ဆာရီ ပထမဆုံးခေါ်ယူခဲ့တဲ့ နာပိုလီကွင်းလယ်လူ ဂျော်ဂျင်ဟိုအတွက် ချယ်လ်ဆီးက ပေါင်သန်း (၅၀) ပေးချေခဲ့ရပါတယ်။ "ကျွန်တော့်ဘ၀အတွက်၊ ကျွန်တော့်ရဲ့ ကစားသမားဘ၀အတွက် အရေးပါတဲ့ ဆုံးဖြတ်ချက်တစ်ခုပါပဲ၊ ချယ်လ်ဆီးရဲ့ ဆုဖလားစိန်ခေါ်နိုင်မှု၊ ကစားသမားတွေနဲ့ လန်ဒန်မြို့၊ ပရီးမီးယားလိဂ် အစရှိတဲ့အရာတွေကို ကျွန်တော့်ကို ဆွဲဆောင်နိုင်ခဲ့ပါတယ်" လို့ ကီပါက ပြောကြားခဲ့ပါတယ်။

play
Photo : 90 min

 

ကီပါဟာ စပိန်လက်ရွေးစင်အသင်းအတွက်လည်း ပါဝင်ကစားပေးခဲ့ဖူးပြီး နိုဝင်ဘာလအတွင်းက ကစားခဲ့တဲ့ ကော်စတာရီကာနဲ့ပွဲမှာ ပါဝင်ခဲ့တာ ဖြစ်ပါတယ်၊ ကီပါဟာ ဇန်န၀ါရီကာလတုန်းက ရီးရဲလ်မက်ဒရစ်ကို ပြောင်းရွှေ့ဖို့ နီးစပ်ခဲ့ဖူးပြီး ဆေးစစ်ဆေးမှုတွေတောင် ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။ ဒါပေမယ့်လည်း အပြောင်းအရွှေ့ဟာ ပျက်ပြယ်ခဲ့တယ်လို့ သိရပါတယ်။

play
Photo : 90 min

 

နောက်ထပ် (၆)လအကြာမှာတော့ ကီပါဟာ လန်ဒန်မြို့ခံကလပ်အသင်းကို ကမ္ဘာ့ကြေးအမြင့်ဆုံး ဂိုးသမားဆိုတဲ့ ဂုဏ်ပုဒ်နဲ့ ရောက်ရှိလာခဲ့ပြီ ဖြစ်ပါတယ်။ လီဗာပူးလ်ကို ပြောင်းရွှေ့ခဲ့တဲ့ ဘရာဇီးနဲ့ရိုးမား ဂိုးသမား အယ်လစ်ဆန်ရဲ့ ပေါင် ၆၆.၈သန်းနဲ့ စံချိန်တင်ထားခဲ့မှုကို ချယ်လ်ဆီးက တစ်လအကြာမှာပဲ ချိုးဖျက်နိုင်ခဲ့တာ ဖြစ်ပါတယ်။

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD

AD