အလွတ်ပြောင်းရွှေ့ကြေးနဲ့ ရောက်ရှိလာခဲ့တာ ဖြစ်ပါတယ်။

ဘားနက်က ၂၀၁၄ ကမ္ဘာ့ဖလားတုန်းက ဘရာဇီးလက်ရွေးစင်အဖြစ် ကစားခဲ့သူဖြစ်ပြီး အဲဗာတန်အသင်းအပြင် အေစီ၊အင်တာ၊ ချဲလ်ဆီးတို့က စိတ်ဝင်စားခြင်းခံခဲ့ရသူ ဖြစ်ပါတယ်။



Photo - icelebtv

 

အဲဗာတန်အသင်းနဲ့ စာချုပ်ချုပ်ဆိုနိုင်ဖို့အတွက် ပြီးခဲ့တဲ့ ဗုဒ္ဓဟူးနေ့က နောက်ဆုံးလုပ်ဆောင်ဖို့ ကျန်ရှိနေတဲ့ ဆေးစစ်မှုကို ဘားနက်တစ်ယောက် ခံယူခဲ့ပါတယ်။

ပရီးမီးယားလိဂ်သမိုင်းထဲက အပြောင်းအရွှေ့ နောက်ဆုံးနေ့ အမှတ်တရများ 

အသင်းနဲ့အတူ ဆေးစစ်မှု ခံယူဖို့ ရောက်လာတဲ့ ဘားနက်ကတော့ ကလေးငယ်တွေနဲ့အတူ ဓာတ်ပုံရိုက်ခဲ့တာကိုလည်းတွေ့မြင်ရပြီး ပျော်ရွှင်နေ ပုံလည်း ပေါ်ပါတယ်။

Photo - icelebtv

 

အသက် ၂၅ နှစ်အရွယ်သာရှိသေးတဲ့ သူ့ကို အဲဗာတန်အသင်းအပြင် အေစီမီလန်၊အင်တာမီလန်၊ဝက်စ်ဟမ်းနဲ့ ချဲလ်ဆီးအသင်းတို့ကလည်း စိတ် ဝင်စားခဲ့ကြတယ်လို့သိရပါတယ်။

သူ့အနေနဲ့ အဲဗာတန်နည်းပြ မားကို့စ် ဆေးလ်ဗားနဲ့ ပုဂ္ဂိုလ်ရေး ခင်မင်မှုလည်း ရှိနေခဲ့တယ်လို့ိ သိရပြီး အဲဗာတန်အသင်းကို ရောက်ရှိလာမယ် ဆိုရင်တော့ ဘရာဇီး ကစားဖော် ရစ်ချာလီဆန်နဲ့အတူ ကစားခွင့်ရမှာလည်း ဖြစ်ပါတယ်။

Photo - icelebtv

 

ဘားနက်က နိုင်ငံအတွက် ၁၄ ပွဲကစားပေးခဲ့ပြီး ၂၀၁၄ ကမ္ဘာ့ဖလားတုန်းက ဘရာဇီးအသင်းနဲ့အတူ ပါဝင်ကစားခွင့်ရခဲ့သူလည်း ဖြစ်ပါတယ်။၂၀၁၃ ခုနှစ်မှာတော့ အက်သလက်တီကို မင်နဲရိုးအသင်းကနေ ရှက်တာဒိုးနက်အသင်းထံ ပေါင် သန်း ၄၀ နဲ့ ရောက်ရှိခဲ့သူလည်း ဖြစ်ပါတယ်။

အခုတော့ အဲဗာတန်အသင်းထံ အလွတ်ပြောင်းရွှေ့ကြေးနဲ့ ရောက်ရှိလာခဲ့သူဖြစ်ပြီး ရှက်တာဒိုးနက်မှာ ရှိစဉ် ၅ နှစ်တာ ကာလအတွင်းမှာတော့ ၁၅၇ ပွဲကစားပြီး ၂၈ ဂိုးအထိသွင်းယူပေးနိုင်ခဲ့ပါတယ်။

လက်ရှိမှာ ဆေးစစ်မှုသာ ပြုလုပ်ထားရပြီး စာချုပ်ချုပ်ဆိုမှုကိုတော့ မပြုလုပ်ရသေးပဲ ရှိနေကာ အပြောင်းအရွှေ့ပိတ်ဖို့ကလည်း နာရီပိုင်းသာ လို အပ်တော့တာ ဖြစ်တာကြောင့် နားလည်မှုတွေကိုအချိန်တိုအတွင်း တည်ဆောက်နိုင်မှသာလျှင် ဘားနက်ကို အဲဗာတန်မှာမြင်တွေ့ရမှာ ဖြစ်ပါ တယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က