နှစ်ဦးစလုံးက မန်ယူကို ပြောင်းရွှေ့လိုနေပါတယ်။

မန်ချက်စတာယူနိုက်တက်အသင်းဟာ ယခုနွေရာသီမှာ ခံစစ်ကို အင်အားဖြည့်တင်းဖို့ ပြင်ဆင်နေပြီး ထိပ်တန်းပစ်မှတ်အနေနဲ့ တော့တင်ဟမ်ဟော့စပါးအသင်းရဲ့ နောက်ခံကစားသမား တိုဘီအယ်ဒါဝီလ်ကို ခေါ်ယူဖို့ ကြိုးပမ်းနေတာဖြစ်ပါတယ်။ တိုဘီအယ်ဒါဝီလ်ကို မခေါ်ယူနိုင်ခဲ့ဘူးဆိုရင် လက်စတာစီးတီးအသင်းရဲ့ နောက်ခံကစားသမား ဟယ်ရီမက်ဂွိုင်းယားကို ခေါ်ယူဖို့ အရန်ထားထားတာဖြစ်ပါတယ်။

Tottenham-transfer-news-Man-Utd-Toby-Alderweireld-1000852.jpg

Photos: Express



မန်ချက်စတာယူနိုက်တက်အသင်းရဲ့ထိပ်တန်းပစ်မှတ်ဖြစ်တဲ့ တိုဘီအယ်ဒါဝီလ်ရဲ့ပြောင်းရွှေ့ကြေးကို တော့တင်ဟမ်ဟော့စပါးအသင်းက ပေါင် ၅၅ သန်းသတ်မှတ်ထားပြီး မန်ချက်စတာယူနိုက်တက်အသင်းက အယ်ဒါဝီလ်အတွက် အသင်းရဲ့နောက်ခံကစားသမားတွေဖြစ်တဲ့ မားကို့စ်ရိုဟိုနဲ့ စမောလင်းတို့ထဲက တစ်ဦးကို အလိုက်ပေးပြီး ကမ်းလှမ်းသွားဖို့ အဆင်သင့်ရှိနေတယ်ုလိ့ သိရပါတယ်။

မန်ချက်စတာယူနိုက်တက်အသင်းဟာ ယခုနွေရာသီမှာ ဒါလော့၊ ဖရက်ဒ်၊ လီးဂရန့်တို့ကို ခေါ်ယူထားပြီး ပရိသတ်တွေအနေနဲ့ ခံစစ်လုံခြုံစေမယ့် ကစားသမားတစ်ဦးကို ခေါ်ယူပေးစေချင်နေတယ်လို့ သိရပါတယ်။ မားကို့စ်ရိုဟိုဟာ ပြီးခဲ့တဲ့မတ်လကမှ အသင်းနဲ့ စာချုပ်သစ် ချုပ်ဆိုထားခဲ့သူဖြစ်ပြီး မကြာခဏဒဏ်ရာရရှိမှုနဲ့ ခြေစွမ်းပိုင်းမတည်ငြိမ်မှုတို့ကြောင့် နည်းပြမော်ရင်ဟိုရဲ့ နှစ်သက်ခြင်းကို မခံရသူဖြစ်ပါတယ်။

Photos: Skysport

 

မန်ချက်စတာယူနိုက်တက်အသင်းဟာ တော့တင်ဟမ်ဟော့စပါးအသင်းရဲ့ကစားသမားတစ်ဦးကို နောက်ဆုံးခေါ်ယူနိုင်ခဲ့တာဟာ ၂၀၀၈ ခုနှစ်က နောက်ဆုံးဖြစ်ပါတယ်။ ဒီမီတာဘာဘာတော့ဗ်ကို တော့တင်ဟမ်ဟော့စပါးအသင်းက မန်ချက်စတာစီးတီးအသင်းကို ရောင်းချဖို့ သဘောတူညီထားပြီးမှ မန်ချက်စတာယူနိုက်တက်အသင်းက ဘာဘာတော့ဗ်ကို ဈေးလျှော့ရောင်းချဖို့ ဖိအားပေးပြီး ခေါ်ယူသွားခဲ့တာဖြစ်ပါတယ်။

ပရီးမီးယားလိဂ်သမိုင်းထဲက အပြောင်းအရွှေ့ နောက်ဆုံးနေ့ အမှတ်တရများ 

ယင်းအချိန်ကတည်းကစပြီး တော့တင်ဟမ်ဟော့စပါးအသင်းနဲ့ မန်ချက်စတာယူနိုက်တက်အသင်းတို့ကြားမှာ ဆက်ဆံရေးအဖုအထစ်တွေ စတင်ခဲ့ပြီး မန်ယူအသင်းက ခေါ်ယူဖို့ ကြိုးပမ်းခဲ့တဲ့ အဲရစ်ဒိုင်ယာ၊ လူကာမိုဒရစ်၊ ဂါရတ်ဘေးလ်တို့ကို တော့တင်ဟမ်ဟော့စပါးအသင်းက ရောင်းချဖို့ ငြင်းဆန်ခဲ့တာဖြစ်ပါတယ်။ ဒါပေမယ့် တော့တင်ဟမ်ဟော့စပါးအသင်းအနေနဲ့ အယ်ဒါဝီလ်ရဲ့အပြောင်းအရွှေ့ကိုတော့ ငြင်းပယ်ဖို့ ခက်ခဲနေတဲ့အခြေအနေကို ရင်ဆိုင်နေရပါတယ်။ အသက် ၂၉ နှစ်အရွယ်ရှိပြီဖြစ်တဲ့ အယ်ဒါဝီလ်ကို ယခုနွေရာသီမှာ မရောင်းချခဲ့ဘူးဆိုရင် လာမယ့်နှစ်မှာ ပြောင်းရွှေ့ကြေးအနေနဲ့ ပေါင် ၂၅ သန်းခန့်သာ ရရှိတော့မှာဖြစ်တဲ့အတွက် မန်ယူအသင်းရဲ့ကမ်းလှမ်းမှုကို ပယ်ချဖို့ ခက်ခဲနေတာဖြစ်ပါတယ်။

Photos: Sky Sports

 

လက်စတာစီးတီးအသင်းရဲ့နောက်ခံကစားသမား ဟယ်ရီမက်ဂွိုင်းယားကတော့ မန်ချက်စတာယူနိုက်တက်အသင်းကို ပြောင်းရွှေ့ကစားလိုနေတဲ့ ကစားသမားဖြစ်ပြီး အပြောင်းအရွှေ့ဈေးကွက်ပိတ်သိမ်းဖို့ ၂၄ နာရီလောက်တောင် မကျန်တော့တဲ့အချိန်မှာ မန်ယူအသင်းက ခေါ်ယူလိမ့်မယ်လို့ မျှော်လင့်နေဆဲဖြစ်တယ်လို့ သိရပါတယ်။ Sky Sports News ရဲ့သတင်းအရ လက်စတာစီးတီးအသင်းဟာ ဟယ်ရီမက်ဂွိုင်းယားအတွက် မန်ချက်စတာယူနိုက်တက်အသင်းရဲ့ကမ်းလှမ်းမှုကို ၂ ကြိမ်အထိ ပယ်ချခဲ့ပြီးဖြစ်တယ်လို့ သိရပြီး ဒုတိယအကြိမ် ကမ်းလှမ်းမှုဟာ ပေါင်သန်း ၆၀ နဲ့ ကမ်းလှမ်းခဲ့တာလို့ သိရပါတယ်။

လက်စတာစီးတီးအသင်းဟာ ဗဟိုခံစစ်နေရာအတွက် ဒိုင်နမိုဇာဂရက်အသင်းက ဖိလစ်ဘန်ကိုဗစ်နဲ့ ဖရိုင်းဘတ်အသင်းက ကက်ဂလာဆိုယန်ကူတို့ကို ခေါ်ယူဖို့ ဆွေးနွေးနေတယ်လို့ သိရပြီး စုစုပေါင်း ပေါင် ၃၅ သန်းခန့် ပေးချေရဖွယ်ရှိနေတယ်လို့ သိရပါတယ်။ ဒါပေမယ့် လက်စတာစီးတီးအသင်းဟာ မက်ဂွိုင်းယားကို ရောင်းချသွားမှာမဟုတ်ဘူးလို့သိရပြီး ၂၀၁၈ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ အင်္ဂလန်အသင်းနဲ့ အထင်ကြီးလေးစားလောက်တဲ့ ခြေစွမ်းပြသခဲ့တဲ့ မက်ဂွိုင်းယားကို စာချုပ်သစ် ချုပ်ဆိုဖို့ ကြိုးစားနေတယ်လို့ သိရပါတယ်။

Share

Loading Next Article...
က္က