ကစားသမားသစ် တစ်ဦးမှ မဝယ်လို့ ပရိသတ်တွေက ဒေါသထွက်နေပြီး အကြောင်းပြချက်ကို တောင်းဆိုနေတာ ဖြစ်ပါတယ်။

ကွင်းသစ် စီမံကိန်းကြောင့် ၁ ဘီလီယံနီးပါးထိ ကုန်ကျခဲ့ပြီး အဆိုပါ ပမာဏက မှန်းထားတဲ့ ကုန်ကျစရိတ်ထက် ၃၀ရာခိုင်နှုန်း ပိုများသွားခဲ့တယ် လို့ ပွန်ချက်တီနိုက ရှင်းလင်းပြောပါတယ်။

Photo - Daily Express

 

၂၀၁၈-၁၉ ဘောလုံးရာသီမစခင် အသင်းတွေကိုယ်စီ ကစားသမားခေါ်ယူမှုတွေပြုလုပ်ခဲ့ပေမယ့်လည်း လန်ဒန်ကလပ်အသင်းတစ်သင်းဖြစ်တဲ့ စပါး အသင်းကတော့ တစ်ဦးတစ်ယောက်မှ ခေါ်ယူနိုင်ခြင်းမရှိပါဘူး။

ထူးထူးခြားခြား မှတ်တမ်းဝင်ခဲ့တဲ့ တော့တင်ဟမ်ဟော့စပါး 

ဒီလိုမခေါ်လို့လည်း အသင်းပရိသတ်တွေက စိတ်ပျက်ဒေါသထွက်နေပြီး အမာခံပရိသတ်တွေဆိုရင် ထုတ်ပြန်စာ ရေးသားပေးပို့မှုတွေပါ ပြုလုပ် ခဲ့တယ်လို့သိရပါတယ်။

Photo - Football.London

 

နွေရာသီဈေးကွက်မှာ ကစားသမား မခေါ်ယူဖြစ်တဲ့ အကြောင်းရင်း အစစ်အမှန်ကို ပရိသတ်တွေက သိချင်နေပြီး ထုတ်ပြန်ပေးဖို့ကိုလည်း တောင်းဆိုထားတာကြောင့် အသင်းရဲ့ နည်းပြ ပွန်ချက်တီနိုကတော့ ရှင်းလင်းပြောကြားခဲ့ပါပြီ။

"ကျွန်တော်တို့မှာ အဆင့်မြင့် ကစားသမားတွေဖြစ်တဲ့ ကိန်း၊ဆွန်ဟောင်မင်၊အဲရစ်ဆင်၊လာမယ်လာ၊ဆန်းချက် စတဲ့ ကစားသမားတွေပိုင်ဆိုင် ထားပြီးသားပါ။တစ်ဖက်မှာလည်း ကွင်းသစ်စီမံကိန်းက ၁ ဘီလီယံနီးပါးလောက် ကုန်ကျခဲ့ပါတယ်။ဒါကို ပေါင် သန်း ၄၀၀ လို့သတင်းတွေ ထွက် နေတာကိုလည်း မလိမ်ညာချင်ပါဘူး။ဒါကြောင့် ကုန်ကျစရိတ်က မှန်းထားတာထက် ၃၀ ရာခိုင်နှုန်း ပိုသွားပါတယ်။ဒီအခြေနေမှန်တစ်ရပ်တော့ရှိ ပါတယ်။" လို့ ပွန်ချက်တီနိုက ရှင်းလင်းပြောပါတယ်။

Photo - Football.London

 

ကစားသမားသစ်မဝယ်နိုင်ပေမယ့် အသင်းမှာရှိပြီးသား ကစားသမားကောင်းတွေကို ဆက်လက်ထိန်းထားနိုင်တာကိုပဲ စပါးပရိသတ်တွေအနေနဲ့ အခုလိုအချိန်မှာပိုပြီး ဂုဏ်ယူသင့်တယ်လို့လည်း ပွန်ချက်တီနိုက ပြောပါသေးတယ်။

" အင်္ဂလန်ပရိသတ်တွေအတွက်တော့စိတ်မကောင်းပါဘူး။တစ်ရာသပြီးတိုင်း ကစားသမားသစ်ကို မြင်ချင်ကြတာ ပရိသတ်တိုင်းပါပဲ။ဒါပေမယ့် ကျွန်တော်တို့အသင်းအခြေအနေကိုတော့ နားလည်ပေးဖို့လိုပါလိမ့်မယ်။ဒီလို ငွေကုန်ကြေးကျ များချိန်မှာ အခြားအသင်းတစ်ယောက်ကို မခေါ် နိုင်ပေမယ့် အသင်းမှာရှိတဲ့ ကစားသမားကောင်းတွေကို ထုတ်မရောင်းတာကိုပဲ ပရိသတ်တွေ ကျေနပ်နိုင်ဖို့လိုပါလိမ့်မယ်။" လို့ ပွန်ချက်တီနိုက ပြောခဲ့တာ ဖြစ်ပါတယ်။

စပါးအသင်းက ကစားသမားသစ် လုံးဝမခေါ်ခဲ့တာ မဟုတ်ပဲ အက်စတွန်ဗီလာအသင်းက ဂရင်းလစ်ဆိုတဲ့ ကစားသမားကိုတော့ ပေါင် ၂၅ သန်း နဲ့ ကမ်းလှမ်းခဲ့ပေမယ့် ပယ်ချခံခဲ့ရတာကြောင့် ဒီနွေရာသီဈေးကွက်မှာ တစ်ဦးမှ မခေါ်နိုင်ဖြစ်ခဲ့ရတာလို့လည်း သိရပါတယ်။

နောက်ဆုံးအနေနဲ့ကတော့ အသင်းမှာ ရှိနေတဲ့ အန်ဒါဝီလ်ရယ်၊ဒန်နီရို့စ်နဲ့ ဒမ်ဘီလီတို့ကတော့ အသင်းမှ ထွက်ခွာဖို့ ဆိုင်းပြင်နေလို့ ဒီလ အတွင်း အသင်းပြောင်းသွားဖို့ များနေတယ်လို့ ပွန်ချက်တီနိုက အသိပေးခဲ့ပါသေးတယ်။

Share

Loading Next Article...
က္က