မာနေးရဲ့ဂိုးတွေနဲ့ အနိုင်ရရှိခဲ့တာပါ။

ယနေ့ည ၇ နာရီ အချိန်မှာ ယှဉ်ပြိုင်ကစားခဲ့တဲ့ လီဗာပူးအသင်းနဲ့ ဝက်စ်ဟမ်းအသင်းတို့ရဲ့ပွဲစဉ်မှာ လီဗာပူးအသင်းက ၄ ဂိုး ဂိုးမရှိနဲ့ အနိုင်ရရှိသွားခဲ့ပါတယ်။ လီဗာပူးအသင်းအတွက် သွင်းဂိုးတွေကို မိုဟာမက်ဆာလာက ၁ ဂိုး၊ မာနေးက ၂ ဂိုး၊ စတားရစ်ဂျ်က ၁ ဂိုး သွင်းယူပေးခဲ့တာဖြစ်ပါတယ်။



1534078482853_lc_galleryImage_Soccer_Football_Premier_L.JPG

ပထမပိုင်း စတင်ချိန်ကတည်းက လီဗာပူးအသင်းက ကစားကွက်အသာစီးရယူ ကစားနိုင်ခဲ့ပြီး ၁၉ မိနစ်မှာ ရောဘတ်ဆင်ရဲ့ ပေးပို့မှုကနေတစ်ဆင့် မိုဟာမက်ဆာလာက လီဗာပူးအသင်းအတွက် အဖွင့်ဂိုးကို သွင်းယူပေးခဲ့ပါတယ်။ ပထမပိုင်း ပြီးဆုံးခါနီး ၄၅ မိနစ်မှာ ဂျိမ်းစ်မေလ်နာရဲ့ ပေးပို့မှုကနေတစ်ဆင့် မာနေးက လီဗာပူးအသင်းအတွက် ဒုတိယမြောက်ဦးဆောင်ဂိုးကို သွင်းယူပေးခဲ့ပါတယ်။

 

ဒုတိယပိုင်းမှာ ဝက်စ်ဟမ်းအသင်းက ချေပဂိုး ပြန်လည်ရရှိဖို့ ကြိုးပမ်းခဲ့ပေမယ့် လီဗာပူးအသင်းရဲ့ကစားကွက်ကို ယှဉ်လို့မရခဲ့ဘဲ ၅၃ မိနစ်မှာ မာနေးက ဖာမီနိုနဲ့တွဲဖက်ပြီး လီဗာပူးအသင်းအတွက် တတိယမြောက်ဦးဆောင်ဂိုးကို သွင်းယူပေးခဲ့ပါတယ်။

 

ဝက်စ်ဟမ်းအသင်းဟာ လူစားလဲလှယ်မှုတွေပြုလုပ်ပြီး တိုက်စစ်ကို မြှင့်တင်ဖို့ ကြိုးစားခဲ့သလို ၃ ဂိုးအထိ သွင်းယူထားတဲ့ လီဗာပူးအသင်းကလည်း အဓိကကစားသမားတွေကို အနားပေးခဲ့တာကို တွေ့ရပါတယ်။

 

ဒုုတိယပိုင်း ပွဲကစားချိန် ပြည့်မြောက်ခါနီး ၈၈ မိနစ်မှာ မိုဟာမက်ဆာလာရဲ့နေရာမှာ လူစားဝင်ကစားခဲ့တဲ့ တိုက်စစ်မှူး ဒန်နီရယ်စတားရစ်ဂျ်က လီဗာပူးအသင်းအတွက် စတုတ္ထမြောက်အနိုင်ဂိုးကို သွင်းယူပေးခဲ့ပြီး လီဗာပူးအသင်းက ဝက်စ်ဟမ်းအသင်းကို ၄ ဂိုး ဂိုးမရှိနဲ့ ဂိုးပြတ် အနိုင်ရရှိသွားခဲ့ပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က