တစ်ပွဲတည်းနဲ့ ပရိသတ်ရဲ့ နှုတ်ထွက်ပေးဖို့ တောင်းဆိုတာ ခံခဲ့ရပါတယ်။

Photo - Sportskeeda



 

မနေ့ညက ယှဉ်ပြိုင်ကစားခဲ့တဲ့ အာဆင်နယ်အသင်းနဲ့ မန်စီးတီးအသင်းတို့ရဲ့ပရီးမီးယားလိဂ် ပွဲစဉ်(၁)မှာတော့ ဧည့်သည် မန်စီးတီးအသင်းက ၂-၀ ဂိုးနဲ့ အနိုင်ရသွားပါတယ်။

မန်စီးတီးအသင်းအတွက် ဂိုးတွေကိုတော့ စတားလင်းနဲ့ ဘာနန်ဒိုဆေးလ်ဗားတို့က သွင်းယူပေးခဲ့ကြတာဖြစ်ပြီး အာဆင်နယ်အသင်းကတော့ ယခုနှစ် ပရီးမီးယားလိဂ်မှာ ပထ မဆုံး ရှုံးပွဲကြုံတဲ့ အသင်းကြီးလည်း ဖြစ်ခဲ့ပါတယ်။

Photo - 蛋蛋赞

 

နည်းပြသစ် ကစားသမားသစ်တွေနဲ့ စတင်ခဲ့တဲ့အာဆင်နယ်ကတော့ အစမကောင်းခဲ့ပေမယ့် လက်ရှိချန်ပီယံကတော့ စောစောစီးစီး ယုံကြည်မှု တည်ဆောက်နိုင်ခဲ့ပြီလည်း ဖြစ်ပါတယ်။

ဒီပြိုင်ပွဲရဲ့ ကွင်းတွင်း ကွင်းပြင်က သင်းသတိမထားမိလိုက်တဲ့ အပိုင်းတွေလည်း ရှိခဲ့ပြီး ဒီအဖြစ် အပျက်တွေကိုတော့ စုစည်းဖော်ပြပေးလိုက်ပါတယ်။

လူမှုရေး စိတ်ဓာတ်အပြည့်ရှိတဲ့ အာဆင်နယ် ပရိသတ်များ

--------------------------------------------------------

အာဆင်နယ် - မန်စီးတီးပွဲကို အားပေးဖို့ လာရောက်ခဲ့တဲ့ အာဆင်နယ် ပရိသတ်တွေထဲမှ လူငယ် ၄ ယောက်အဖွဲ့တစ်ဖွဲ့က အိမ်တစ်အိမ်အတွင်း ဆိုဖာခုံသွင်းတာကို ကူညီပေးခဲ့ကြပါတယ်။ သူတို့ လေးယောက်အနေနဲ့ လူမှုရေး စိတ်ဓာတ်အပြည့်ရှိသူများအဖြစ် တွေ့မြင်ရမှာ ဖြစ်ပြီး ဘယ်လို ကြိုးပမ်းကူညီခဲ့လဲဆိုတာကိုတော့ အောက်ပါပုံမှာ မြင်တွေ့နိုင်မှာ ဖြစ်ပါတယ်။

Photo - Daily Mail

 

နောက်ကျပြီးခံတဲ့ အောင်ပွဲ

---------------------------

မန်စီးတီး ကစားသမား စတားလင်း အံ့အားသင့်ဖွယ် အပြင်းကန်ချက်နဲ့ ဂိုးသွင်းယူခဲ့တာကို ကြည့်ရှုခဲ့ရတဲ့ ပရိသတ်အများစုမှာ ရုတ်တရက် ဂိုးမဂိုး သေချာ မရှင်းလင်းခဲ့ဘူးလို့ သိရပါတယ်။ဒီအထဲမှာ နည်းပြ ဂွါဒီယိုလာလည်း ပါဝင်ခဲ့ပြီး သူကိုယ်တိုင်လည်း မူလက မဂိုးသွားဘူးလို့ ထင် ပြီး လက်နှစ်ဖက် ခေါင်းပေါ်တင်ပြီး အံ့အားသင့်နေခဲ့ပါသေးတယ်။ဒါပေမယ့်လည်း ပွဲကြေညာသူက ဂိုးသွားပါတယ်လို့ နောက်ကျ ကြေညာခဲ့ပြီးမှ ဂွါဒီယိုလာလည်း လိုက်ပါ အောင်ပွဲခံခဲ့တာကိုတွေ့ရမှာ ဖြစ်ပါတယ်။

Photo - Daily Mail

 

အမြန်ဆုံး အထိုင်ကျခြင်း

-----------------------

အာဆင်နယ် ပရိသတ် တော်တော်များများ သတိပြုမိကြလိမ့်မယ်လို့ ယူဆပါတယ်။မက်တီယို ဂွမ်ဒိုဇီက အသက် ၁၉ နှစ်သာရှိသေးတဲ့ ချာတိတ် လေးပါ။အသင်းရဲ့ ကွင်းလယ်မှာ လက်ရှိချန်ပီယံ မန်စီးတီးကို ပရိသတ် ၆၀၀၀၀ ရဲ့ရှေ့မှာ ရဲရဲ့ဝံ့ဝံ့ ရင်ဆိုင်ပြခဲ့တာကိုလည်း တွေ့မှာပါ။အသင်းရဲ့ ကွင်းလယ်ကို ဇာခါ၊ရမ်ဆေးတို့နဲ့အတူ မောင်းနှင်ဖို့ ရွေးချယ်ခံခဲ့ရတာကို ပရိသတ်အားလုံး အံ့အားသင့်ကြလိမ့်မယ်လို့ ထင် ပါတယ်။အခုတော့ ဒီအံ့အားသင့်မှုတွေကို ယုံကြည်မှုနဲ့ လဲလှယ်နိုင်ခဲ့ပြီလို့ ဆိုချင်ပါတယ်။

Photo - Daily Mail

 

ကွင်းအတွင်းက ကမ္ဘာကျော် စက်ဘီးသမား

-----------------------------------------

ပွဲအပြီးမှာတော့ Sky Sport က အင်တာဗျူးလုပ်နေတဲ့သူကို ပရိသတ်တွေ သိလောာက်မယ် မထင်ပါဘူး။ သူကတော့ ဝေးလ်စက်ဘီးစီးသမား ဂီရန့်သောမတ်စ်ဖြစ်ပါတယ်။ဘာလို့ရောက်လာတယ်လို့ရောသင်သိပါသလား။ဟုတ်ပါတယ် အာဆင်နယ်အသင်းရဲ့ နည်းပြဟောင်းကြီး အာစင် ဝင်းဂါးက လာကြည့်ခိုင်းလို့ဆိုပြီး ဖြေပါတယ်။သူက အာဆင်နယ်ပရိသတ်လို့ သိခဲ့ရပြီး ပြင်သစ်ဖလားပြိုင်ပွဲကို အနိုင်ရတဲ့ပွဲပြီးပြီးချင် လာအား ပေးတာလည်း ဖြစ်ပါတယ်။

Photo - Daily Mail

 

တစ်ပွဲတည်းနဲ့ ပရိသတ်ရဲ့ စိတ်ကုန်မှု ခံခဲ့ရတဲ့ အူနိုင်းအမ်မရီ

-----------------------------------------------------------

နည်းပြသစ် အူနိုင်းကတော့ အာဆင်နယ်အသင်းမှာ အစမကောင်းဘူးလို့ပြောရပါမယ်။အကြောင်းကတော့ အသင်းရဲ့ ကစားပုံနဲ့ ကစားကွက်၊ကို ပရိသတ်တွေက တစ်ပွဲတည်းနဲ့ လက်မခံခဲ့ကြတာလည်း ဖြစ်ပါတယ်။အာဆင်နယ်ပရိသတ်တွေက အာစင်ဝင်းဂါးကို အသင်းက နှုတ်ထွက်ပေးဖို့ ၂၂ နှစ်ကြာ စောင့်ဆိုင်းခဲ့ရပါတယ်။အူနိုင်းကတော့ ဒီစံချိန်ကို ချိုးဖျက်နိုင်ခဲ့တယ်လို့ ဆိုရမှာ ဖြစ်ပါတယ်။

Photo - Daily Mail

 

အာဆင်နယ်အသင်းကတော့ လာမယ့် အပတ်မှာ လန်ဒန်မြို့ခံပြိုင်ဖက် ချဲလ်ဆီးအသင်းကို အဝေးကွင်းလိုက်ပါ ကစားရမှာ ဖြစ်ပြီး မန်စီးတီးအ သင်းကတော့ ဟက်ဒါဖီးလ်အသင်းကို အိမ်ကွင်းမှာ ဧည့်ခံ ကစားရမှာ ဖြစ်ပါတယ်။

Photo - Daily Mail

 


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က