စတားလင်းကို လူမကပ်နိုင်ဘဲ လွှတ်ပေးခဲ့တာပါ။

လိုရီးယန့်အသင်းကနေ ပေါင် ၇ သန်းနဲ့ ခေါ်ယူထားတဲ့ ဂွမ်ဒိုဇီကို အာဆင်နယ်အသင်းရဲ့နည်းပြသစ် အူနိုင်းအမ်မရီက မန်ချက်စတာစီးတီးအသင်းနဲ့ပွဲစဉ်မှာ ပွဲဦးထွက်ပါဝင်ကစားစေခဲ့ပြီး ယင်းပွဲစဉ်မှာ ကျူးလွန်ခဲ့တဲ့ အမှားကြောင့် ဂွမ်ဒိုဇီဟာ အသင်းဖော်တွေရဲ့ ပြစ်တင်ဝေဖန်မှုကို ခံနေရပါတယ်။

guendouzi-bellerin-2-f7b7.jpg 

မက်တီယိုဂွမ်ဒိုဇီဟာ ရာသီကြိုခြေစမ်းပွဲစဉ်တွေမှာ စွမ်းဆောင်ရည်ကောင်းပြသနိုင်ခဲ့တာကြောင့် နည်းပြ အမ်မရီက မန်ချက်စတာစီးတီးအသင်းနဲ့ ကစားရမယ့် ပွဲစဉ် ၁ မှာ ပွဲထွက်ပါဝင်ခွင့် ပေးခဲ့တာဖြစ်ပါတယ်။ ဒါပေမယ့် အာဆင်နယ်အသင်းဟာ အစမကောင်းခဲ့ဘဲ ပထမပိုင်း ၁၄ မိနစ်မှာ ရာဟင်းစတားလင်းရဲ့ အဖွင့်ဂိုးကို ခွင့်ပြုပေးခဲ့ရပါတယ်။

အင်္ဂလန်လက်ရွေးစင်တောင်ပံကစားသမား ရာဟင်းစတားလင်းဟာ ဘယ်တောင်ပံကနေ ပင်နယ်တီဧရိယာထိပ်ကို ချိုးဝင်လာခဲ့ပြီး အပြင်းကန်သွင်းယူခဲ့တာဖြစ်ပါတယ်။ ဂွမ်ဒိုဇီဟာ တောင်ပံကနေ ချိုးဝင်လာတဲ့ စတားလင်းနဲ့ ရင်ဆိုင်တွေ့ဆုံခဲ့ရာမှာ လူကပ်နိုင်ခဲ့ခြင်းမရှိဘဲ လွတ်ထွက်သွားတာကြောင့် အာဆင်နယ်အသင်းရဲ့ ဂိုးပေါက်ထဲကို စတားလင်းက လွတ်လွတ်ကျွတ်ကျွတ် ကန်သွင်းခွင့်ရရှိခဲ့တာကို ရုပ်သံမှတ်တမ်းမှာ မြင်တွေ့ခဲ့ရပါတယ်။

 

စတားလင်းကို ပထမဆုံး ရင်ဆိုင်တွေ့ခဲ့သူကတော့ ညာနောက်ခံကစားသမား ဟက်တာဘယ်လာရင်ဖြစ်ပြီး စတားလင်းကို အာဆင်နယ်အသင်းရဲ့ ပင်နယ်တီဧရိယာထိပ်ကို ဝင်ခွင့်ပေးခဲ့သူဖြစ်ပါတယ်။ ဒါပေမယ့် ဘယ်လာရင်ဟာ ဂွမ်ဒိုဇီရှိနေတာကြောင့် စတားလင်းရဲ့ နောက်ကို လိုက်ကပ်ခဲ့ခြင်းမရှိဘဲ လွှတ်ပေးခဲ့ရာမှာ ဂွမ်ဒိုဇီက စတားလင်းကို လူကပ်နိုင်ခဲ့ခြင်းမရှိခဲ့တာဖြစ်ပါတယ်။

စတားလင်းရဲ့ ကန်သွင်းချက် ဂိုးထဲဝင်သွားချိန်မှာတော့ အာဆင်နယ်အသင်းရဲ့ ဂိုးသမား ပီတာချက်၊ ဘယ်လာရင်နဲ့ မူစတာဖီတို့ရဲ့အကြည့်တွေဟာ ဂွမ်ဒိုဇီဆီကို ရောက်ရှိသွားခဲ့ပြီး ပြစ်တင်ဝေဖန်တဲ့စကားတွေ ပြောဆိုခဲ့ကြတာကို မြင်တွေ့ခဲ့ရပါတယ်။ ဂွမ်ဒိုဇီဟာ ပထမဆုံးပွဲဦးထွက်ပွဲစဉ်မှာပဲ နည်းပြအမ်မရီရဲ့ အထင်ကြီးလေးစားမှုကို မရရှိခဲ့တဲ့အပြင် ဆိုးရွားတဲ့စွမ်းဆောင်ရည်ကြောင့် လာမယ့်ပွဲစဉ်တွေမှာ ပွဲထွက်ခွင့်ရရှိဖို့အတွက် စိုးရိမ်ရမယ့်အခြေအနေကို ရောက်ရှိသွားပြီဖြစ်ပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က