ဂိုးသမားသစ်ရောက်လာလို့ ကစားခွင့်ပျောက်ဆုံးဖို့ များနေတာလည်း ဖြစ်ပါတယ်။

ဘီဆစ်တပ်အသင်းက ပေါင် ၂ သန်းနဲ့ အငှားခေါ်ယူဖို့ ကြိုးပမ်းနေတာ ဖြစ်ပြီး အာဆင်နယ်အသင်းက ပေါင် ၇.၁ သန်း အလိုရှိနေတာကြောင့် ညှိုနှိုင်းမှုတွေ လိုပါသေးတယ်။

Photo - www.thesun.co.uk

 

အာဆင်နယ်အသင်းရဲ့ ဂိုးသမားတစ်ဦးဖြစ်တဲ့ အော့စပီနာက အသင်းကနေ ထွက်ခွာခွင့်တောင်းဆိုလာခဲ့ပြီး ဘီဆစ်တပ်အသင်းကို ပြောင်းရွှေ့ မယ်လို့ သတင်းထွက်ပေါ်နေပါတယ်။

အာဆင်နယ် ဝ-၂ မန်စီးတီးပွဲစဉ်က ထူးခြားဖြစ်စဉ်များ 

သတင်းတွေအရလည်း ဘီဆစ်တပ်အသင်းကိုပြောင်းရွှေ့ဖို့ နှစ်သင်းကြား သဘောတူညီမှုလည်း အကြမ်းဖျင်းရယူထားနှင့်ပြီလို့လည်း သိရပါ တယ်။

Photo - Fanatik

 

တူရကီသတင်းဌာနတစ်ခုက ဖော်ပြထားရာမှာတော့ အာဆင်နယ်အသင်းအနေနဲ့ အော့စပီနာကို ပေးဖို့ မီးစိမ်းပြထားနှင့်ပြီဖြစ်ပြီး မြင့်မားတဲ့ ပြောင်းရွှေ့စရိတ်ကြောင့် အနည်းငယ် ကြန့်ကြာနေတာလို့ သိရပါတယ်

အာဆင်နယ်အသင်းက ဂိုးသမား အော့စပီနာအတွက် ပြောင်းရွှေ့စရိတ် ပေါင် ၇.၁ သန်းအလိုရှိနေပြီး ဘီဆစ်တပ်အသင်းကတော့ ၂ သန်းသာ ပေးချေလိုနေတာလည်း ဖြစ်ပါတယ်။

Photo - Goal.com

 

အော့စပီနာအနေနဲ့ ပြီးခဲ့တဲ့ ၃ ရာသီစလုံး အာဆင်နယ်အသင်းအတွက် လိဂ်ပွဲ ၁၁ ပွဲသာ ပွဲထွက် ပါဝင်ခွင့်ရထားတာ ဖြစ်ပြီး ပြောင်းရွှေ့ကြေး သာ သဘောတူညီဖို့ ညှိုနှိုင်းဖို့ ကျန်တော့တာလည်း ဖြစ်ပါတယ်။

အခု ပြောင်းရွှေ့စရိတ်က အပြီးမဟုတ်ပဲ အငှားနဲ့သာ ဖြစ်ပြီး အာဆင်နယ်အသင်းမှာ လက်ရှိ ဝါရင့် နည်းပြ ပီတာချက်ကလည်း အသင်းပြောင်း ဖို့ရှိနေတယ်လို့ သတင်းတွေ ထွက်ပေါ်နေလို့ အော့စပီနာကို အာဆင်နယ်အသင်းက အပြီးတော့ လက်မလွှတ်သေးတာလည်း ဖြစ်ပါတယ်။

ဒီနှစ်ရာသီအတွက် ဂိုးသမားသစ်တစ်ဦးကို လေဗာကူဆင်အသင်းက လီနိုကို ခေါ်ယူအားဖြည့်ထားလို့လည်း အရည်အချင်းရှိပြီး ပွဲမကစားရမှာ စိုးလို့ အာဆင်နယ်အသင်းက အခုလို အငှားနဲ့ ပြောင်းရွှေ့ခွင့်ပြုမှာလို့လည် းသိရပါတယ်။

အော့စပီနာကတော့ ၂၀၁၄ ခုနှစ်တုန်းက နိုက်စ်အသင်းကနေ အာဆင်နယ်အသင်းကို ပြောင်းရွှေ့လာတဲ့ ကိုလံဘီယာ လက်ရွေးစင် ဂိုးသမား တစ်ဦးဖြစ်ပြီး အာဆင်နယ်အသင်းအတွက် စုစုပေါင်း ၂၉ ပွဲသာ ပါဝင်ကစားပေးထားနိုငတာလည်း ဖြစ်ပါတယ်။

Share

Loading Next Article...
က္က