တစ်နေ့ကို စီးကရက် ၅ ဗူးကုန်ပြီး ဆေးလိပ်မသောက်ပဲ ၄၅ မိနစ်လောက်ကို မနေနိုင်ဘူးလို့ သိရပါတယ်။

၂၀၀၇ ဇူလိုင်လကတည်းက ဘောလုံးကွင်းအတွင်းဆေးလိပ်သောက်ခွင့်မပြုတော့တဲ့ အင်္ဂလန်မှာ ဆာရီကတော့ တစ်ဦးတည်းသော ဘောလုံးကွင်းအတွင်းဆေးလိပ်သောက်ခွင့်ရမယ့်သူဖြစ်လာပါတယ်။

Photo - Daily Mail

 

မနေ့က ပရီးမီးယားလိဂ် ပွဲစဉ်တွေထဲမှာ DuwunSports ပရိသတ်ကြီး သတိထားပြီးကြည့်မယ်ဆိုရင် ချဲလ်ဆီး နဲ့ ဟက်ဒါဖီးလ်ပွဲစဉ်မှာ ချဲလ်ဆီး နည်းပြဆာရီရဲ့ အပြုအမူကို သတိပြုမိမယ်လို့ ထင်ပါတယ်။

တနင်္လာနေ့ နံနက်ပိုင်းအတွက် နောက်ဆုံးရ အားကစားသတင်းများ 

ချဲလ်ဆီးက အဝေးကွင်းမှာ ဟက်ဒါဖီးလ်ကို ၃-၀ ဂိုးနဲ့ အနိုင်ရတဲ့ အဆိုပါ ပွဲချိန်အတွင်းမှာ ချဲလ်ဆီး နည်းပြ ဆာရီတစ်ယောက် ဆေးလိပ်ပုံစံ ပီ ကေကို ဝါးစားနေတာ မြင်တွေ့ရမှာ ဖြစ်ပါတယ်။

Photo - Daily Mail

 

ဘောလုံးကွင်းထဲမှာ(အထူးသဖြင့် နည်းပြနဲ့ အားကစားသမား)တို့အနေနဲ့ ဆေးလိပ်လုံးဝသောက်လို့ မရပါဘူး။ကစားသမားတွေကတော့ သက် လုံကြောင့် ဆေးလိပ်မသောက်ကြသလို နည်းပြအတော်များများကလည်း အပြင်မှာ သောက်ကြသူတွေ ရှိပေမယ့် ကွင်းအတွင်းမှာ(အထူးသဖြင့် ပြိုင်ပွဲတစ်ပွဲမှာ) သောက်ဖို့ဆိုတာ မဖြစ်နိုင်ပါဘူး။

ဒါကြောင့်လည်း တစ်နေ့ကို ဆေးလိပ် (၅)ဘူးလောက် ကုန်အောင်သောက်နေတဲ့ ချဲလ်ဆီးနည်းပြ ဆာရီတစ်ယောက် ကွင်းအတွင်းမှာအင်မတန် ဒုက္ခရောက်ခဲ့တယ်လို့ဆိုရမှာ ဖြစ်ပါတယ်။

Photo - CalcioMercato.com

 

အာသာပြေအောင် ဆေးလိပ်ပုံ ပီကေကို အံကြိတ်ပြီး ဝါးစားရင်းအသင်းကို လမ်းညွှန်မှုတွေ ပြုလုပ်နေခဲ့တာကိုလည်း တွေ့မြင်ခဲ့ရမှာ ဖြစ်ပါ တယ်။

အင်္ဂလန်မှာတော့ ကွင်းအတွင်း ဆေးလိပ်သောက်သုံးမှုကို ၂၀၀၇ ဇူလိုင်လကတည်းက တားမြစ်ခဲ့တာဖြစ်တာကြောင့် အသက် ၅၉ နှစ်အရွယ် ဆာရီအတွက် အင်မတန် အခက်ကြုံရပါတယ်။

Photo - SPORT BIBLE

 

၄၅ မိနစ်လောက်မှ ဆေးလိပ်မသောက်ရရင် အခက်အခဲတွေနဲ့ ရင်ဆိုင်နေရတဲ့ ဆာရီအတွက် ချဲလ်ဆီးအသင်းဟာ အင်္ဂလန်နိုင်ငံရဲ့ စည်းမျဉ်း ကိုချိုးဖောက်ပြီး အခုလိုပဲ စီစဉ်ပေးလိုက်ပါတော့တယ်။

အဲ့ဒါကတော့ ချဲလ်ဆီးအသင်းရဲ့ အိမ်ကွင်းဖြစ်တဲ့ စတမ်းဖို့ဒ်ဘရစ်ချ်ကွင်းအတွင်းမှာ ဆာရီ ဆေးလိပ်သောက်ဖို့ အထူးသီးသန့် တစ်နေရာ စီစဉ် ပေးလိုက်တာပဲ ဖြစ်ပါတယ်။

ဒီလို အပြုအမူမျိုးကို ဘွန်ဒက်လီဂါကလပ် လိုက်ပ်ဇက်အသင်းကလည်း ပြုလုပ်ပေးခဲ့ဖူးပြီး သူတို့အသင်းရဲ့ ဆေးလိပ်သောက်သူတွေအတွက် အဆင်ပြေစေဖို့ နားနေခန်းကိုသွားတဲ့လမ်းတစ်လျှောက်တစ်နေရာမှာ ဆေးလိပ်သောက်ခွင့်ပြုထားလို့ ပွဲမစခင်နဲ့ ပထမပိုင်းအပြီးတို့မှာ ဆေးလိပ် သောက်ကြလို့ရခဲ့ပါတယ်။

အခု ချဲလ်ဆီးအသင်းစီစဉ်ပေးထားတာကတော့ ပွဲကစားနေစဉ်အတွင်း ဆာရီတစ်ဦးတည်းစိတ်ကြိုက် ဆေးလိပ်သောက်ခွင့်ဖြစ်ပြီးဒီလို လူအများ စုရှိနေတဲ့ ဘောလုံးကွင်းနေရာမှာ ဆေးလိပ် သောက်သုံးနိုင်တာဟာလည်း အင်္ဂလန်မှာ ဆာရီ တစ်ဦးတည်းသာ ရှိမှာလည်း ဖြစ်ပါတယ်။

ဆာရီအနေနဲ့ အီတလီကလပ် နာပိုလီအသင်းကို မနှစ်က အမှတ်ပေးဇယား အဆင့် ၂ နေရာကို ရရှိအောင်စွမ်းဆောင်ပေးနိုင်ခဲ့တာကြောင့် ချဲလ်ဆီး အသင်းက မျက်စိကျပြီး ခေါ်ခဲ့တာ ဖြစ်ကာ အီတလီမှာတော့ နည်းပြတွေ ကွင်းအတွင်းဆေးလိပ်သောက်ခွင့်ပေးထားတယ်လို့သိရပါ တယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က