အဖွင့်ပွဲကိုလည်း ပါဝင်ခဲ့ခြင်း မရှိပါဘူး။

ချယ်လ်ဆီးအသင်းရဲ့ ကွင်းလယ်လူ ဖာဘရီဂတ်စ်ဟာ စနေနေ့မှာ ကစားရမယ့် အသင်းဟောင်း အာဆင်နယ်နဲ့ပွဲကို ဒူးဒဏ်ရာကြောင့် လွဲချော်ဖွယ်ရှိနေတယ်လို့ သိရပါတယ်။ အသက် (၃၁)နှစ်အရွယ် ကွင်းလယ်လူဟာ ဒဏ်ရာ ရရှိနေလို့ အဖွင့်ပွဲအဖြစ် ကစားခဲ့တဲ့ ဟတ်ဒါဖီးလ်နဲ့ ပွဲကိုလည်း လွဲချော်ခဲ့သူ ဖြစ်ပါတယ်။



Photo : Metro

 

တနင်္လာနေ့က ချယ်လ်ဆီးအသင်းဟာ အပေါ့စားလေ့ကျင့်မှုတွေ ပြုလုပ်ခဲ့ပြီး ဖာဘရီဂတ်စ်ကတော့ ပါဝင်ခဲ့ခြင်း မရှိတာ ဖြစ်ပါတယ်။ ဒီအခြေအနေတွေကြောင့် ဖာဘရီဂတ်စ်ဟာ စနေနေ့မှာ ကစားရမယ့် လန်ဒန်ဒါဘီပွဲစဉ်အမီ ပြန်လည်ကြံ့ခိုင်မှု ပြည့်ဝလာမယ့် အနေအထားမှာ မရှိဘူးလို့လည်း သတင်းများက ဖော်ပြခဲ့ကြပါတယ်။

ကားမောင်းရင်း လက်ကိုင်ဖုန်း အသုံးပြုတာကြောင့် အရေးယူခံရဖွယ် ရှိနေတဲ့ ဆာလာ 

Photo : Metro

 

ချယ်လ်ဆီးနည်းပြ ဆာရီအတွက်တော့ ကွင်းလယ်မှာ ရွေးချယ်စရာ ကစားသမားတွေ ရှိနေသေးပြီး ရီးရဲလ်မက်ဒရစ်က ပြောင်းရွှေ့လာတဲ့ ကိုဗာဆစ်ကို ထည့်သွင်းကစားသွားဖွယ် ရှိနေပါတယ်။ ကိုဗာဆစ်ဟာ အငှားနဲ့ ပြောင်းရွှေ့လာခဲ့သူ ဖြစ်ပြီး ဟတ်ဒါဖီးလ်နဲ့ပွဲမှာတော့ ချယ်လ်ဆီးအတွက် ပါဝင်ကစားပေးခဲ့ခြင်း မရှိတာကို မြင်တွေ့ခဲ့ရပါတယ်။

Photo : upi.com

 

ဟတ်ဒါဖီးလ်နဲ့ပွဲမှာ ဆာရီဟာ အသင်းရဲ့ ကွင်းလယ်ပိုင်းအတွက် ဂျော်ဂျင်ဟို၊ အန်ဂိုလိုကန်တေ နဲ့ ဘာကလေတို့ကို အသုံးပြုခဲ့ပြီး ဒုတိယပိုင်းမှာ လော့တပ်ချိခ်ကို ထည့်သွင်းအသုံးပြုခဲ့ပါတယ်။ ဆာရီရဲ့ ကွင်းလယ်အစုအဖွဲ့ဟာ ဟတ်ဒါဖီးလ်နဲ့ ပွဲမှာ ခြေစွမ်းပြကစားနိုင်ခဲ့တာကြောင့် ဖာဘရီဂတ်စ် မပါဝင်နိုင်တာက ဆာရီအတွက် အခက်အခဲနဲ့ရင်ဆိုင်ရဖွယ်မရှိဘူးလို့ ခန့်မှန်းရပါတယ်။

Photo : The National

 

ချယ်လ်ဆီး နဲ့ အာဆင်နယ်တို့ရဲ့ ပွဲစဉ်ကိုတော့ သြဂုတ်လ (၁၈)ရက်နေ့၊ ည (၁၀း၀၀) နာရီမှာ ကစားသွားမှာ ဖြစ်ပါတယ်။ အာဆင်နယ်ကတော့ အဖွင့်ပွဲအဖြစ် မန်စီးတီးကို အိမ်ကွင်းမှာ ဧည့်ခံကစားခဲ့ရပြီး ဝ-၂ ဆိုတဲ့ ရလာဒ်နဲ့ ရှုံးနိမ့်ထားခဲ့ပါတယ်။ အာဆင်နယ်နည်းပြ အူနိုင်းအမ်မရီအတွက် ရာသီအစ ပွဲကျပ် (၂)ပွဲကို ဆက်တိုက်ကစားရတာလည်း ဖြစ်လာခဲ့ပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က