အရင်ကလည်း သေနတ်ပုံတက်တူးအပေါ် မီဒီယာတွေရဲ့စိတ်ဝင်စားခြင်းခံခဲ့ရပါတယ်။

တက်တူးနဲ့ ပတ်သက်ရင် အမြဲဝေဖန်ခံရလေ့ရှိသူပီပီ ဒီတစ်ကြိမ်မှာလည်း ၎င်းရဲ့ နောက်ထပ် တက်တူးအသစ်ကို မီဒီယာတွေက စိတ်ဝင်တစား ဖော်ပြခဲ့တာ ဖြစ်ပါတယ်။

မန်စီးတီးအသင်းက အင်္ဂလန်လက်ရွေးစင် ကစားသမား စတားလင်းကတော့ ၎င်းရဲ့ကိုယ်ခန္ဓာပေါ်မှာ ထိုးတဲ့ တက်တူး ပန်ချီပုံတွေကြောင့် အမြဲ တမ်း မီဒီယာရဲ့ စိတ်ဝင်စားမှုကို ခံရသူ တစ်ယောက်ပါ။

အီတလီစီးရီးအေထိပ်တန်းအသင်းကို ပြောင်းရွှေ့တော့မယ့် မစ်ဂနိုလတ် 

စတားလင်းက ဒီတစ်ကြိမ်မှာတော့ တက်တူးကို ဘယ်ဖက်ပေါင်မှာ ထိုးထားခဲ့လို့ ရုတ်တရက် မမြင်ရပဲ ရှိပေမယ့် ပြီးခဲ့တဲ့ အာဆင်နယ်အသင်းကို ၂-၀ နဲ့ အနိုင်ရခဲ့တဲ့ ပွဲမှာတော့ ဘောလုံးကစားရင်း ပုံက ပေါ်ခဲ့တာ ဖြစ်ပါတယ်။

 

ဒီပုံကို အင်္ဂလန်မီဒီယာတွေက ဖွခဲ့တာကြောင့် စတားလင်းတစ်ယောက် မနေသာတော့ပဲ အခုခါမှာတော့ ထုတ်ဖော်ပြခဲ့ရာမှာတော့ မေတ္တာ တရား ကြီးမားတဲ့ ဖခင်တစ်ယောက်ကို မြင်တွေ့နိုင်မှာလည်း ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ အပတ်က အင်စတာဂရမ်မှာ သူ့သား သီယာဂိုကို အနမ်းပေးနေတဲ့ ပုံလေးကို ၎င်းရဲ့ ဘယ်ဖက်ပေါင်ပေါ်မှာ ပြန်လည်ထိုးထားခဲ့ပြီး တစ်သက်လုံးသိမ်းထားလိုက်တာလည်း ဖြစ်ပါတယ်။

 

စတားလင်းအနေနဲ့ အစောပိုင်းတုန်းကလည်း ခြေသလုံးမှာ သေနတ်ပုံ တက်တူးထိုးခဲ့လို့ ဝေဖန်ခံခဲ့ရပေမယ့်လည်း အကြောင်းရင်းမှန်ကို ရှင်းပြ လိုက်ချိန်မှာတော့ ပရိသတ်တွေရဲ့ မေတ္တာကို ပြန်လည်ရရှိခဲ့သူ တစ်ယောက်ဖြစ်ပါတယ်။

အာဆင်နယ်အသင်းကို အနိုင်ရခဲ့တဲ့ ပွဲမှာတော့ စတားလင်းဟာ အသင်းအတွက် အရေးပါတဲ့ အဖွင့်ဦးဆောင်ဂိုးကို သွင်းယူပေးထားနိုင်ခဲ့ပါတယ်။

Share

Loading Next Article...
က္က