ရာသီအစ ပွဲနိုငပေမယ့်လည်း မန်စီးတီး ၊ လီဗာပူးလောက် အားမရဘူးလို့ ဆိုပါတယ်။

မန်ယူအသင်းရဲ့ လူစာရင်းက မန်စီးတီး၊လီဗာပူးအသင်တို့ကို မမီသေးဘူးလို့ ပေါလ်စခိုးလ်က မှတ်ချက်ပေးခဲ့တာ ဖြစ်ပြီး ချန်ပီယံ စိန်ခေါ်နိုင်စွမ်း မရှိသေးဘူးလို့လည်း သုံးသပ်ခဲ့ပါတယ်။

Photo - Metro

 

မန်ယူအသင်းရဲ့ ဂန္တဝင်ကစားသမားဟောင်းတစ်ဦးဖြစ်တဲ့ ပေါလ်စခိုးလ်ကတော့ သူ့ အသင်းဟောင်းမန်ယူအသင်းအပေါ်မှာ အမြဲလိုလို မှတ် ချက်ပြု ထောက်ပြ ပြောဆိုနေသူတစ်ယောက်ဖြစ်ပါတယ်။

အီတလီစီးရီးအေထိပ်တန်းအသင်းကို ပြောင်းရွှေ့တော့မယ့် မစ်ဂနိုလတ် 

အခုလည်း ဒီနှစ်အတွက်မန်ယူအသင်းရဲ့ ပရီးမီးယားလိဂ် အလားအလာကို ထပ်မံ ဟောကိန်းထုတ်လိုက်ရာမှာတော့ ဒီနှစ်လည်း သရဖူကို မယှဉ် နိုင်သေးဘူးလို့ ပြောခဲ့ပါတယ်။

Photo - The Indian Express

 

မနှစ်က မန်စီးတီးအသင်းနဲ့ အပြိုင်ကြိုးပမ်းခဲ့ပေမယ့်လည်း မန်စီးတီးအသင်းနောက် ၁၉ မှတ်ပြတ်ပြီး ဒုတိယနေရာနဲ့သာ ကျေနပ်ခဲ့ရတာလည်း ဖြစ်ပါတယ်။

ဒီနှစ်အစပွဲအဖြစ် လက်စတာကို အိမ်ကွင်းမှာ ၂-၁ ဂိုးနဲ့ နိုင်ထားပေမယ့်လည်း မန်စီးတီး၊ လီဗာပူးအသင်းတို့လောက် အားမရသေးဘူးလို့လည်း ပေါလ်စခိုးလ်က ဆိုပါတယ်။

Photo - The Indian Express

 

ပရီးမီးယားလိဂ် ချန်ပီယံအဖြစ် ၁၁ ကြိမ်ရရှိခဲ့ဖူးတဲ့စခိုးလ်က -" ဒီနှစ်လည်းမမြင်ပါဘူး။ဘာလို့လဲဆိုတော့ မန်စီးတီးနဲ့ လီဗာပူးတို့လောက် အား မကောင်းလို့ပါ။" လို့ဆိုပါတယ်။

ဒါ့အပြင် လီဗာပူးအသင်းက အဆင့်မြင့်ကစားသမား ၅ ဦးခေါ်ခဲ့သလို မန်စီးတီးအသင်းကို မန်ယူအသင်းမီဖို့ကလည်း မဖြစ်နိုင်သေးဘူးလို့ ဆိုပြန် ပါတယ်။

" မန်စီးတီးကတော့ အကောင်းဆုံးပါပဲ။နည်းပြကောင်းနဲ့အတူ အရည်အသွေးမြင့်ကစားသမားတွေ အများကြီးပါပဲ။မန်ယူကတော့ တစ်ပတ်နဲ့ တစ်ပတ် ခြေစွမ်းမှန်းရခက်ပါတယ်။ဘယ်သူမှ သေချာမပြောနိုင်သေးပါဘူး။" လို့ ပေါလ်စခိုးလ်က သုံးသပ်ခဲ့ပါတယ်။

မန်ယူအသင်းကတော့လာမယ့် တစ်ပတ်မှာ ဘရိုက်တန်အသင်းနဲ့ ဆက်လက်ကစားရဖို့ရှိနေပြီး ပေါလ်စခိုးလ်ကတော့ သူပြောခဲ့တာတွေ မှားရင် မှားပါလိ့မ်ယ် သေချာတာကတော့ မန်ယူအသင်း ချန်ပီယံမဖြစ်နိုင်သေးပါဘူး။" လို့ အပိတ်ပြောခဲ့ပါသေးတယ်။

Share

Loading Next Article...
က္က