အသင်းရဲ့ အဓိက ကစားသမားတစ်ဦးဖြစ်ပြီး မနှစ်က လိဂ်ချန်ပီယံဖြစ်ဖို့ အဓိက စွမ်းဆောင်ပေးခဲ့သူ ဖြစ်ပါတယ်။

၂၀၁၆တုန်းကလည်း ဒဏ်ရာရဖူးပြီး ၁၂ ပွဲလောက် အနားယူခဲ့ရပါသေးတယ်။အခုလည်း လေ့ကျင့်ရေးကွင်းမှာ ဒူးဒဏ်ရာရရှိသွားတာ ဖြစ်ပြီး ဒီဒဏ်ရာကြောင့် အနည်းဆုံး ၃ လလောက်အနားယူတော့မှာလည်း ဖြစ်ပါတယ်။

0_PAY-ECE_07_MAN_CITY_FILM.jpg

Photo - Eamonn and James Clarke

 

မန်ချက်စတာ စီးတီးအသင်းရဲ့ အဓိက ကစားသမားတစ်ဦးဖြစ်တဲ့ ကီဗင်ဒီဘရိုင်းဟာ ဗုဒ္ဓဟူးနေ့က ပြုလုပ်ခဲ့တဲ့ အသင်းရဲ့ လေ့ကျင့်ရေးကွင်းမှာ ရရှိခဲ့တဲ့ ဒူးဒဏ်ရာကြောင့် ၃ လလောက် အနားယူရတော့မယ်လို့သိရပါတယ်။

ကြာသာပတေးနေ့ နံနက်ပိုင်းအတွက် နောက်ဆုံးရ အားကစားသတင်းများ 

ဒီဘရိုင်းအနေနဲ့ ညာဖက်ဒူးဘေးဖက် အရွတ် ဒဏ်ရာရရှိခဲ့တာ ဖြစ်ပါတယ်။ ဒဏ်ရာမရခင် မနက်ပိုင်းမှာ အသင်းဖော်တွေနဲ့အတူ ကိုယ်ကာယ ကြံ့ခိုင်မှု လေ့ကျင့်ခန်းတွေ ပြုလုပ်ခဲ့ပေမယ့်လည်း ကွင်းအတွင်းလေ့ကျင့်မှုမှာတော့ အခုလိုပဲ ဒဏ်ရာရရရှိသွားတာ ဖြစ်ပါတယ်။

Photo - Eamonn and James Clarke

 

ဒီဘရိုင်းက အခုလိုပဲ ဒူးဒဏ်ရာကို ၂၀၁၆ ခုနှစ်တုန်းက တစ်ကြိမ်ခံစားခဲ့ရဖူးပြီး ၁၂ ပွဲလောက် အနားယူခဲ့ရပါသေးတယ်။ မနှစ်က တစ်ရာသီလုံး မှာလည်း ဒီဘရိုင်းအနေနဲ့ အသင်းအတွက် အဓိက စွမ်းဆောင်ပေးခဲ့သူ တစ်ယောက်ဖြစ်ပါတယ်။

ဒီနှစ်အတွက် ပရီးမီးယားလိဂ် အဖွင့်ပွဲမှာတော့အာဆင်နယ်အသင်းကို ၂-၀ ဂိုးနဲ့ အနိုင်ရခဲ့တဲ့ ပွဲမှာ လူစားဝင်ကစားသမားအဖြစ်သာ စတင်ခဲ့ရ ပါတယ်။

 

အခုလို ဒူးဒဏ်ရာကို မန်စီးတီးအသင်းက အတိအကျ မဖော်ထုတ်ပေးနိုင်သေးပေမယ့်လည်း အနည်းဆုံး ၃ လလောက်တော့ အနားယူရမယ် လို့ သိရပါတယ်။

ဒီဘရိုင်းက ပြီးခဲ့တဲ့ ကမ္ဘာ့ဖလားတုန်းကလည်း ဘယ်လ်ဂျီယံအသင်းကို တတိယနေရာရရှိအောင် အကောင်းဆုံးစွမ်းဆောင်ပေးနိုင်ခဲ့တဲ့ ကစား သမားတစ်ယောက်ဖြစ်ပါတယ်။

မန်စီးတီးအသင်းကတော့ လက်ရှိချန်ပီယံဘွဲ့ကို ကာကွယ်နိုင်ဖို့အတွက် ကြိုးပမ်းချိန်မှာ အခုလို အဓိက ကစားသမားတစ်ယောက် ဒဏ်ရာရသွား ခဲ့လို့ အနည်းငယ် အခက်တွေ့ဖွယ်ရှိနေပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က