လာမယ့် နွေရာသီမှာ အသင်းနဲ့စာချုပ်သက်တမ်း ကုန်ဆုံးတော့မှာ ဖြစ်ပါတယ်။

၂၀၁၄ ခုနှစ်က ဘီဘာအိုအသင်းကနေ ရောက်လာပြီး အသင်းအတွက် ၁၆၁ ပွဲကစားပေးထားနှင့်ပြီး ဖြစ်ကာ ပွဲ၂၀၀ ပြည့်အထိ အသင်းနဲ့ ဆက် လက်ကစားသွားဖို့ ရည်ရွယ်ထားတယ်လို့သိရပါတယ်။

Photo - AFP/Getty Images

 

ဒီရာသီကုန်ရင် အသင်းနဲ့ စာချုပ်သက်တမ်းကုန်ဆုံးတော့မယ့် ဟာရဲရားကတော့ မန်ယူအသင်းနဲ့ စာချုပ်သက်တမ်းတိုးဖို့ အဆင်သင့်ဖြစ်နေပြီး စောင့်ဆိုင်းနေတယ်လို့ သိရပါတယ်။

ဂိုးသမား နှစ်ယောက်ကြား ဗျာများနေတဲ့ အူနိုင်းအမ်မရီ 

၂၀၁၄ ခုနှစ်က ဘီဘာအိုအသင်းကနေ ပြောင်းရွှေ့လာခဲ့တဲ့ ဟာရဲရားအနေနဲ့ အသင်းအတွက် ၁၆၁ ပွဲအထိ ပါဝင်ကစားပေးထားနှင့်ပြီလည်း ဖြစ်ပါတယ်။

Photo - The AC Milan Offside

 

လက်ရှိမှာတော့ နည်းပြ မော်ရင်ဟိုရဲ့ လက်အောက်မှာ ပုံမှန် ပွဲထွက်ခွင့် ပြန်လည်ရရှိတာ မကြာသေးပဲ စာချုပ်သက်တမ်း ကုန်ဆုံးတော့မှာ ဖြစ်လို့ သက်တမ်းတိုးဖို့ စောင့်နေတာလည်း ဖြစ်ပါတယ်။

"ကျွန်တော်အခု ပွဲ ၁၆၀ ကျော်ကစားထားပြီးပါပြီ။ဒါကြောင့် ပွဲ၂၀၀ ပြည့်အောင် အသင်းနဲ့ ဆက်ကစားချင်ပါသေးတယ်။ကလပ်ကလည်း အရမ်း ဂရုပြုသလို ပရိသတ်တွေကလည်း ချစ်ပါတယ်။ဒါ့ထက်ကောင်းတာတောင် မကောင်းနိုင်တော့ပါဘူး။မိသားစုကလည်း မန်ချက်စတာမှာ ပျော်နေ ပါတယ်။ဒါကြောင့် ကျွန်တာ့်အနေနဲ့ မန်ယူမှာ ဆက်နေရဖို့ အကောင်းဆုံး ဆက်လက်ကြိုးစားသွားမှာပါ။" လို့ ပြောခဲ့ပါတယ်။

လက်ရှိတော့ ဒဏ်ရာကြောင့် ပွဲထွက်ခွင့်မရပဲ အရံခုံမှာသာ ထိုင်နေရပြီး ဒီရာသီ လက်စတာနဲ့ အဖွင့်ပွဲကိုလည်း ပါဝင်ကစားခွင့်လွဲချော်ထားပါ တယ်။

၎င်းအနေနဲ့ ပွဲထွက်ကစားခွင့်ပြန်ရဖို့ဆိုရင် မန်ယူမှာ မာတစ်၊ပေါ့ဂ်ဘာ၊ပါရဲရား၊မဂ်တွမ်နေး၊ဖယ်လိုင်နီ၊လင်ဂတ်စတဲ့သူတွေနဲ့ အပြိုင်ကြိုး ပမ်းဖို့လို နေပါတယ်။

ဒါအပြင် ဒီနှစ် နွေရာသီမှ ပေါင် ၄၇ သန်းနဲ့ခေါ်ယူထားတဲ့ ရှက်တာဒိုးနက်စ်က ဖရက်ဒ်လည်းရှိနေလို့ အပြိုင်အဆိုင် ကြိုးပမ်းရမှာ ဖြစ်ပါတယ်။

Share

Loading Next Article...
က္က