ဆုဖလားအနည်းငယ်လောက်နဲ့ ကျေနပ်မှာမဟုတ်ဘူးလို့ ပြောခဲ့တာပါ။

မန်ချက်စတာစီးတီးဟာ အင်္ဂလန်ဘောလုံးလောကကို လွှမ်းမိုးဖို့ ကြိုးစားနေပြီလို့ နောက်ခံလူ ကိုင်လီဝေါ်ကာက ပြောကြားလိုက်ပြီး ပြိုင်ဘက်အသင်းတွေကို သတိပေးလိုက်ပါတယ်။ မန်စီးတီးအသင်းကို စပါးအသင်းကနေ ပြောင်းရွှေ့လာခဲ့တဲ့ ဝေါ်ကာဟာ အသင်းနဲ့အတူ ဗွေဆော်ဦးရာသီမှာပဲ ပရီးမီးယားလိဂ်ဖလား ရရှိခဲ့သူ ဖြစ်ပါတယ်။

Photo : ESPN

 

ဂွာဒီယိုလာရဲ့ လက်အောက်မှာ မန်စီးတီးအသင်းဟာ စံချိန်တင်မှတ်တမ်းပေါင်းများစွာနဲ့ ပရီးမီးယားလိဂ်ဖလားကို ရယူနိုင်ခဲ့ပြီး ပြီးခဲ့တဲ့ ဘောလုံးရာသီက အိမ်နီးချင်းပြိုင်ဘက် မန်ချက်စတာယူနိုက်တက်အသင်းကို (၁၉)မှတ်အထိ အသာစီးရယူခဲ့ပြီး အမှတ်ပေးဖလားကို ထိုက်ထိုက်တန်တန် ဆွတ်ခူးခဲ့ပါတယ်။ လက်ရှိရာသီ အဖွင့်ပွဲမှာလည်း အာဆင်နယ်အသင်းရဲ့ အိမ်ကွင်း အီးမရိတ်စ်မှာ မန်စီးတီးအသင်းက ခြေစွမ်းပြခဲ့ပြီး နှစ်ဂိုးပြတ်နဲ့ အနိုင်ယူခဲ့ပါတယ်။

ဆိုရှယ်မီဒီယာပေါ်ကနေ ရာမို့စ်ကို လက်စားချေခဲ့ကြတဲ့ လီဗာပူးလ်ပရိသတ်များ 

Photo : Goal.com

 

"ဂွာဒီယိုလာက ဖလားတစ်လုံးတည်းလောက်နဲ့ ရောင့်ရဲနေတတ်သူ မဟုတ်ပါဘူး၊ ကျွန်တော်တို့လည်း အဲဒီလိုပါပဲ၊ ဒီထက်မကတဲ့ ဆုဖလားတွေ လိုချင်ပါသေးတယ်၊ အပြောကြီးတာမျိုးတော့မဟုတ်ပါဘူး၊ ကျွန်တော်တို့အသင်းက အင်္ဂလန်ဘောလုံးလောကကို လွှမ်းမိုးဖို့ အလိုရှိနေတာပါ"

 

"ဒီလိုပြုလုပ်နိုင်တဲ့ ကစားသမားအစုအဖွဲ့ ကျွန်တော်တို့မှာ ရှိပြီးသားပါ၊ ပြီးတော့ ကွဲပြားခြားနားတဲ့ စတိုင်လ်နဲ့ နည်းပြတစ်ယောက်လည်း ရှိပါတယ်၊ နေ့ရက်တိုင်းဟာ သင်ယူစရာတွေနဲ့ ပြည့်နှက်နေတာပါ၊ ကွဲပြားခြားနားတဲ့ နည်းစနစ်တွေ၊ ကစားကွက်ပုံစံတွေကို ကျွန်တော်တို့ သင်ယူနေရပြီး မှန်ကန်တဲ့ရွေးချယ်မှု ပြုလုပ်နိုင်ဖို့ပဲ လိုပါတယ်၊ ဒါဆိုရင် အင်္ဂလန်ဘောလုံးလောကကို လွှမ်းမိုးနိုင်ဖို့ သေချာပါတယ်" လို့ ဝေါ်ကာက ပြောကြားခဲ့ပါတယ်။

Photo : Man City Facebook Page

 

မန်စီးတီးအသင်းကတော့ ပရီးမီးယားလိဂ် ဒုတိယပွဲစဉ်အဖြစ် ဟတ်ဒါဖီးလ်အသင်းနဲ့ တနင်္ဂနွေနေ့မှာ ကစားရမှာဖြစ်ပါတယ်။ မန်စီးတီးအသင်းကတော့ ဒီရာသီမှာလည်း လက်ရှိ ပရီးမီးယားလိဂ်ချန်ပီယံဆိုတဲ့ ဂုဏ်ပုဒ်ကို ဆက်လက်ထိန်းသိမ်းနိုင်ဖို့ ရေပန်းစားနေတဲ့ အသင်းဖြစ်ပြီး တောင့်တင်းတဲ့ လူစာရင်းနဲ့ စိတ်ကျေနပ်စရာ ခြေစွမ်းတွေကို ပိုင်ဆိုင်ထားပါတယ်။

Share

Loading Next Article...
က္က