ယခင်ကလည်း မခ်ကလန်တန်ဘတ် ထွက်ခွာခဲ့ဖူးပါတယ်။

၂၀၁၃ ခုနှစ်က စတင်တာဝန်ထမ်းဆောင်ခဲ့တာ ဖြစ်ပြီး ဒိုင်လူကြီးသက်တမ်းတစ်လျှောက် ၉၁ ပွဲ တာဝန်ယူကိုင်တွယ်ပေးခဲ့ပြီး နာမည်ကျော် ဒိုင် လူကြီးတစ်ဦးဖြစ်ပါတယ်။



Photo - 101 Great Goals

 

အသက် ၃၂ နှစ်အရွယ်သာရှိသေးတဲ့ အင်္ဂလန် ကွင်းလယ်ဒိုင် ဘော်ဘီမတ်လေအနေနဲ့ ပရီးမီးယားလိဂ် ကွင်းလယ်ဒိုင်လူကြီးအဖြစ်ကနေ နှုတ် ထွက်သွားပြီလို့ သိရပါတယ်။

ပရီးမီးယားလိဂ်ကို မန်စီးတီးလွှမ်းမိုးတော့မယ်လို့ သတိပေးလိုက်တဲ့ ကိုင်လီဝေါ်ကာ 

ပရော်ဖက်ရှင်နယ် အားကစား တရာဝင် အဖွဲ့အစည်းက ကြေညာပေးခဲ့တာ ဖြစ်ပြီး ဘော်ဘီအနေနဲ့ ၎င်းရဲ့ ပုဂ္ဂိုလ်ရေး အကြောင်းပြချက်တွေ နဲ့ အခုလို နှုတ်ထွက်သွားတာလို့လည်းသိရပါတယ်။

Photo - Daily Mail

 

ဘော်ဘီက ၁၈ ယောက်ရှိတဲ့ အချိန်ပြည့် ပရော်ဖက်ရှင်နယ် ဒိုင်လူကြီးတွေထဲက တစ်ဦးဖြစ်ပြီး ၂၀၁၃ ခုနှစ်ကတည်းက ပွဲကြီးပွဲကောင်းပေါင်း ၉၁ ပွဲကို တာဝန်ယူ ကိုင်တွယ်ခဲ့သူ ဖြစ်ပါတယ်။

ဒါ့အပြင် ပြီးခဲ့တဲ့ ၂၀၁၇ ကွန်မြူနတီဒိုင်းဗိုလ်လုပွဲနဲ့ မနှစ်က ပရီးမီးယားလိဂ် တစ်ရာသီအတွင်း ပွဲစဉ် ၁၉ ပွဲကို တာဝန်ယူ ကိုင်တွယ်ခဲ့သူလည်း ဖြစ်ပါတယ်။

Photo - Sports Mole

 

အခုလို အနားယူတော့မှာ ဖြစ်တဲ့အတွက် ပရိသတ်တွေ သတိထားမိခဲ့မယ်ဆိုရင် ပြီးခဲ့တဲ့ အပတ်က ပရီးမီးယားလိဂ် ပွဲစဉ်(၁)မှာ ဘော်ဘီ ကို တွေ့ခဲ့ရမှာ မဟုတ်ပါဘူး။

၎င်းအခုလို ပရီးမီးယားလိဂ်ကနေ နှုတ်ထွက်သွားတာဟာ အင်္ဂလန်အတွက်တော့ ဒုတိယမြောက် နစ်နာမှုလို့ ဆိုရမှာ ဖြစ်ပြီး ၎င်းရဲ့ရှေ့မှာလည်း မခ်ကလန်တန်ဘတ်က ဆော်ဒီဘောလုံးဒိုင်လူကြီးအဖွဲ့အစည်းိကို ပြောင်းရွှေ့သွားခဲ့ဖူးပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က