ပေါ့ဂ်ဘာရဲ့ညီကို ဝလို့ ကစားသမားအဖြစ်လက်ခံဖို့ ငြင်းပယ်ခဲ့တာပါ။

မန်ချက်စတာယူနိုက်တက်အသင်းရဲ့ကြယ်ပွင့်ကစားသမားတစ်ဦးဖြစ်တဲ့ ပေါ့ဂ်ဘာရဲ့ အမွှာအစ်ကိုဖြစ်သူကို ဂျာမနီတတိယတန်းကလပ်အသင်းက ဝဖြိုးနေတယ်လို့ ယူဆပြီး ကစားသမားအဖြစ် လက်ခံဖို့ ငြင်းပယ်ခဲ့ပါတယ်။ ပေါ့ဂ်ဘာရဲ့အမြွှာအစ်ကို မက်သီးယပ်ပေါ့ဂ်ဘာဟာ ပြီးခဲ့တဲ့ရာသီကုန်ကမှ ဂျာမန်တတိယတန်းကို တန်းတက်လာတဲ့ အာဒင်ဂန်အသင်းမှာ ပူးပေါင်းလေ့ကျင့်နေသူဖြစ်ပါတယ်။

2398045-49859678-640-360.jpg

Photos: Eurosport

မန်ချက်စတာယူနိုက်တက်အသင်းရဲ့ကွင်းလယ်ကြယ်ပွင့်ပေါ့ဂ်ဘာရဲ့ အမြွှာအစ်ကို ၂ ဦးထဲက တစ်ဦးဖြစ်တဲ့ မက်သီးယပ်ပေါ့ဂ်ဘာဟာ ဂျာမနီတတိယတန်းအသင်းဖြစ်တဲ့ ကေအက်ဖ်စီအာဒင်ဂန်အသင်းရဲ့ ငြင်းပယ်ခြင်းကို ခံခဲ့ရပါတယ်။ မက်သီးယပ်ပေါ့ဂ်ဘာဟာ စပါတာရော့တာဒမ်အသင်းအတွက် ၂၀၁၆-၂၀၁၇ ရာသီက နောက်ဆုံးကစားပေးခဲ့ပြီးနောက် အသင်းလက်မဲ့ဖြစ်နေသူဖြစ်ပါတယ်။

ဝီလီယံကို အသင်းကနေ မထွက်ခွာနိုင်အောင် ဆွဲဆောင်ဖို့ စီစဉ်နေတဲ့ ချယ်ဆီး 

တိုက်စစ်မှူးမက်သီးယပ်ပေါ့ဂ်ဘာကို ငြင်းပယ်ရတဲ့အကြောင်းအရင်းကို အာဒင်ဂန်အသင်းနည်းပြ စတီဖန်ခရေမာက ရှင်းပြခဲ့ပြီး မက်သီးယပ်ပေါ့ဂ်ဘာဟာ တိုက်စစ်မှူးတစ်ယောက်ရှိသင့်ရှိထိုက်တဲ့ ကိုယ်ကာယပုံစံမျိုး မရှိတာကြောင့် ခေါ်ယူဖို့ ငြင်းပယ်ခဲ့ရတာဖြစ်တယ်လို့ ပြောကြားခဲ့ပါတယ်။

Photos: Soccerladuma

 

"သူ မရှိတော့ပါဘူး။ ထွက်သွားပါပြီ။ မက်သီးယပ်က အသင်းကို အကူအညီမပေးနိုင်ခဲ့ပါဘူး။ လက်ရှိအချိန် သူ့မှာ ကောင်းမွန်တဲ့ကိုယ်ကာယပုံစံမျိုးရှိနေမပါဘူး"

"မက်သီးယပ်က ကျောနံပါတ် ၉ အတွက်ဆိုရင် ကောင်းမွန်တဲ့ခန္ဓာကိုယ်တည်ဆောက်ပုံမျိုးရှိပါတယ်။ ဒါပေမယ့် သူ့မှာ ကီလိုတွေအရမ်းများပြီး လေးလံနေပါတယ်"လို့ ပြောကြားခဲ့ပါတယ်။

မက်သီးယပ်ဟာ ဂီနီရာလက်ရွေးစင်အသင်းအတွက် ကစားပေးနေသူဖြစ်ပြီး ပြင်းထန်တဲ့ဒဏ်ရာရရှိပြီးနောက် စပါတာရော့တာဒမ်အသင်းက ပြန်လည်ခေါ်ယူခဲ့ခြင်းမရှိတော့ဘဲ အသင်းသစ်ရှာဖွေနေရသူဖြစ်ပါတယ်။ အသက် ၂၇ နှစ်အရွယ်ရှိပြီဖြစ်တဲ့ မက်သီးယပ်ပေါ့ဂ်ဘာဟာ အသင်းလက်မဲ့ဖြစ်နေတဲ့ ပေါ့ဂ်ဘာရဲ့အမြွှာအစ်ကို ၂ ယောက်ထဲက တစ်ဦးဖြစ်ပြီး နောက်ထပ်အမြွှာအစ်ကိုဖြစ်တဲ့ ဖလော်ရန်တင်ပေါ့ဂ်ဘာကလည်း ပြီးခဲ့တဲ့ ဇွန်လက တူရကီကလပ်အသင်းဖြစ်တဲ့ ဂန်ဆလာဘာလီဂီအသင်းကနေ စာချုပ်သက်တမ်းပြည့်လို့ ထွက်ခွာခဲ့ရပြီး အသင်းလက်မဲ့ဖြစ်နေပါတယ်။

Share

Loading Next Article...
က္က