(၃)လကြာ အနားယူရတော့မှာပါ။

မန်ချက်စတာစီးတီးအသင်းရဲ့ ကွင်းလယ်ကစားသမား ကီဗင်ဒီဘရိုင်းဟာ လေ့ကျင့်ရေးကွင်းမှာ ရရှိခဲ့တဲ့ ဒူးဒဏ်ရာကြောင့် (၃)လကြာ အနားယူရတော့မယ်လို့ သိရပါတယ်။ ဒါပေမယ့်လည်း ဒီဘရိုင်းရရှိခဲ့တဲ့ ဒဏ်ရာဟာ ခွဲစိတ်ကုသစရာ မလိုဘူးလို့လည်း နောက်ဆုံးသော ဆေးစစ်ဆေးချက်များအပြီးမှာ မန်စီးတီးအသင်းက အတည်ပြုခဲ့ပါတယ်။

Photo : Soccer News

 

ဒီဘရိုင်းရဲ့ ညာဒူးက အရွတ်တွေဟာ စုတ်ပြဲခဲ့တာဖြစ်ပြီး ဗုဒ္ဓဟူးနေ့က ပြုလုပ်ခဲ့တဲ့ အသင်းရဲ့ လေ့ကျင့်ရေးအစီအစဉ်မှာ ရရှိခဲ့တဲ့ ဒဏ်ရာဖြစ်ပါတယ်။ ဒီဘရိုင်းဟာ အာဆင်နယ်ကို အနိုင်ရရှိခဲ့တဲ့ ပရီးမီးယားလိဂ်အဖွင့်ပွဲစဉ်မှာ လူစားဝင်ကစားသမားအဖြစ်သာ ပါဝင်ကစားခဲ့ပြီး လာမယ့် ပွဲစဉ်တွေအတွက် လေ့ကျင့်ပြင်ဆင်မှုမှာ ဒဏ်ရာရရှိခဲ့တာ ဖြစ်ပါတယ်။

ဘရာဇီးလ်လက်ရွေးစင် အသင်းကြီးအတွက် ပထမဆုံးအကြိမ် ရွေးချယ်ခံခဲ့ရတဲ့ မန်ယူကွင်းလယ်လူ 

Photo : The Sun

 

ပြီးခဲ့တဲ့ ဘောလုံးရာသီက မန်စီးတီးအသင်းရဲ့ အကောင်းဆုံးကစားသမားဆုကို ရရှိခဲတဲ့ ဒီဘရိုင်းဟာ ဘယ်လ်ဂျီယံအသင်းအတွက် ကမ္ဘာ့ဖလားပြိုင်ပွဲမှာလည်း ခြေစွမ်းပြ ကစားပေးခဲ့သူဖြစ်ပါတယ်။ ချယ်လ်ဆီး၊ ဝုလ်ဘတ်အသင်းတို့မှာလည်း ကစားခဲ့ဖူးတဲ့ ဒီဘရိုင်းဟာ  ၂၀၁၅-၁၆ ဘောလုံးရာသီကလည်း ဒဏ်ရာကြောင့် (၂)လကြာ အနားယူခဲ့ရဖူးသူ ဖြစ်ပါတယ်။

Photo : Goal.com

 

အဲဗာတန်နဲ့ ကစားခဲ့တဲ့ လိဂ်ဖလားပွဲစဉ်မှာ ဒီဘရိုင်းဟာ ဒူးဒဏ်ရာ ရရှိခဲ့ဖူးတာဖြစ်ပါတယ်။ ပရီးမီးယားလိဂ်ဖလားကို ကာကွယ်ဖို့ ကြိုးစားရမယ့် မန်စီးတီးအသင်းအတွက်တော့ အသင်းရဲ့ အဓိက အရေးအပါဆုံး ကစားသမားတွေထဲက တစ်ယောက်ဖြစ်တဲ့ ဒီဘရိုင်းကို (၃)လကြာ လက်လွတ်ရတော့မှာ ဖြစ်ပါတယ်။

Photo : ESPN

 

မန်စီးတီးအသင်းဟာ ပရီးမီးယားလိဂ် ပွဲစဉ် (၂)အဖြစ် ဟတ်ဒါဖီးလ်အသင်းနဲ့ အိမ်ကွင်းမှာ ရင်ဆိုင်ရမှာဖြစ်ပြီး တနင်္ဂနွေနေ့မှာ ကစားရမှာ ဖြစ်ပါတယ်။ ဒီဘရိုင်း ပါဝင်ကစားနိုင်ခြင်း မရှိတဲ့နောက်မှာတော့ ဂွာဒီယိုလာအနေနဲ့ ရွေးချယ်စရာအဖြစ် လူငယ်ကစားသမား ဖီးလ်ဖိုဒန် ရှိနေသေးပြီး ဖိုဒန်အနေနဲ့ ပွဲကစားခွင့်ရရှိဖို့ အခွင့်အရေး ဖြစ်လာခဲ့ပါတယ်။

Share

Loading Next Article...
က္က