လန်ဒန်ဒါဘီပွဲအဖြစ် ကစားရမှာပါ။

အာဆင်နယ်အသင်း နည်းပြ အူနိုင်းအမ်မရီက ချယ်လ်ဆီးအသင်းနဲ့ အဝေးကွင်းမှာ ရင်ဆိုင်ရမယ့် လန်ဒန်ဒါဘီပွဲစဉ်အတွက် အသစ်ခေါ်ယူထားတဲ့ ကွင်းလယ်ကစားသမား လူးကပ်စ်တော်ရီရာကို ထည့်သွင်းအသုံးပြုသွားမယ်လို့ အတည်ပြုသွားခဲ့ပါတယ်။ တော်ရီရာဟာ မန်စီးတီးကိုရှုံးနိမ့်ခဲ့တဲ့ အဖွင့်ပွဲမှာ ပွဲထွက်ကစားခွင့် မရှိခဲ့တာ ဖြစ်ပါတယ်။

Photo : 90 min

 

ဥရုဂွေးအသင်းအတွက် ကမ္ဘာ့ဖလားပွဲမှာ ခြေစွမ်းပြကစားခဲ့တဲ့ တော်ရီရာကို ဆမ်ဒိုရီးယားအသင်းကနေ အာဆင်နယ်အသင်းက ခေါ်ယူခဲ့တာဖြစ်ပါတယ်။ ကြံ့ခိုင်မှုမပြည့်ဝတဲ့ ပြသနာနဲ့ ရင်ဆိုင်ခဲ့ရအပြီးမှာ တော်ရီရာဟာ ချယ်လ်ဆီးနဲ့ပွဲကို ပါဝင်ကစားဖို့ အသင့်ဖြစ်နေပြီလို့ အူနိုင်းအမ်မရီက အတည်ပြုပြောကြားသွားခဲ့ပါတယ်။

ဘရာဇီးလ်လက်ရွေးစင် အသင်းကြီးအတွက် ပထမဆုံးအကြိမ် ရွေးချယ်ခံခဲ့ရတဲ့ မန်ယူကွင်းလယ်လူ 

Photo : 90 min

 

"ဟုတ်ပါတယ်၊ လေ့ကျင့်ရေးကွင်းမှာ သူ နေ့တိုင်းအဆင်ပြေကောင်းမွန်နေပါတယ်၊ လက်ရှိမှာ အသင်းနဲ့အတူရှိနေပြီး အင်္ဂလိပ်စကားပြောကို လေ့လာနေပါတယ်၊ ကွင်းအတွင်းမှာ ကျွန်တော်တို့လိုချင်တဲ့ နည်းစနစ်ပိုင်းဆိုင်ရာတွေကို သူ နားလည်ဖို့ အားထုတ်နေပါတယ်၊ မန်စီးတီးနဲ့ပွဲမှာ သူ မိနစ် (၂၀)လောက် ကစားခဲ့ရတာ တော်တော်လေး အဆင်ပြေသွားပါတယ်"

Photo : 90 min

 

"သူ့အနေနဲ့ အခုလိုပဲ တိုးတက်ကောင်းမွန်တဲ့ လက္ခဏာတွေကို ပြသဖို့ ကျွန်တော်အလိုရှိပါတယ်၊ ဒါဆိုရင် သူ ပွဲထွက်ကစားဖို့အတွက် အကောင်းဆုံးအနေအထားကို ရောက်သွားမှာပါ၊ ကျွန်တော်တို့ နံပါတ် (၆)၊ နံပါတ် (၈) နဲ့ နံပါတ် (၁၀)နေရာတွေအတွက် ပြောဖြစ်ကြပါတယ်၊ တော်ရီရာက (၆) နဲ့ (၈)ပါ၊ ပုံမှန်အားဖြင့် ကစားသမားတစ်ယောက်ဟာ (၂)နေရာလောက် ကစားနိုင်ပါတယ်၊ သူက နံပါတ် (၆) နဲ့ (၈)နေရာ ကစားနိုင်ပါတယ်" လို့ အမ်မရီက ပြောကြားသွားခဲ့ပါတယ်။

Photo : 90 min

 

တော်ရီရာဟာ အာဆင်နယ်ကွင်းလယ်မှာ ရှာခါနဲ့တွဲဖက်ကစားရမှာဖြစ်ပြီး စနေနေ့ (ယနေ့) မှာ ကစားရမယ့် လန်ဒန်ဒါဘီပွဲစဉ်ကို ပွဲထွက်ကစားသမားအဖြစ် ပါဝင်ကစားခွင့် ရရှိဖို့ အခွင့်အရေး ရှိလာပြီဖြစ်ပါတယ်။ အာဆင်နယ်ကတော့ အဖွင့်ပွဲမှာ မန်စီးတီးအသင်းကို ရှုံးနိမ့်ထားပြီး ချယ်လ်ဆီးကတော့ ဟတ်ဒါဖီးလ်အသင်းကို အနိုင်ရရှိထားတာ ဖြစ်ပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က