အငှားခေါ်ယူဖို့ ဆွေးနွေးနေတာပါ။

မန်ချက်စတာယူနိုက်တက်အသင်းရဲ့ နောက်ခံလူ မားကို့စ်ရိုဟိုဟာ အိုးထရက်ဖို့ဒ်ကနေ ထွက်ခွာရဖို့ နီးစပ်နေပြီလို့ သိရပါတယ်။ ရိုဟိုအတွက် မန်ယူအသင်းနဲ့ တူရကီကလပ် ဖီနာဘာချီအသင်းတို့ဟာ အငှားအပြောင်းအရွှေ့နဲ့ ပတ်သက်ပြီး ဈေးနှုန်းညှိနှိုင်းမှုတွေ ပြုလုပ်နေတယ်လို့ The Sun က ဖော်ပြသွားခဲ့ပါတယ်။

Photo : The Sun

 

ရိုဟိုဟာ မန်ချက်စတာယူနိုက်တက်အသင်းရဲ့ ရာသီကြိုခြေစမ်းပွဲစဉ်တွေအပြင် ပရီးမီးယားလိဂ်အဖွင့်ပွဲအဖြစ် ကစားခဲ့တဲ့ လက်စတာနဲ့ပွဲကိုလည်း လွဲချော်ခဲ့သူ ဖြစ်ပါတယ်။ အသက် (၂၈)နှစ်အရွယ် အာဂျင်တီးနားနောက်ခံလူဟာ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ အာဂျင်တီးနားအတွက် ကစားပေးပြီးနောက်ပိုင်း လက်ရှိအချိန်ထိ တစ်ပွဲမှ ကစားရခြင်းမရှိသေးတာလည်း ဖြစ်ပါတယ်။

ချယ်လ်ဆီးနဲ့ပွဲမှာ ပါဝင်ကစားမယ့် ကွင်းလယ်ကစားသမားကို အမ်မရီ အတည်ပြု 

Photo : The Sun

တူရကီသတင်းများရဲ့ ဖော်ပြချက်အရ ဖီနာဘာချီအသင်းဟာ ရိုဟိုကို တစ်ရာသီအငှားခေါ်ယူဖို့အတွက် မန်ယူအသင်းနဲ့ ညှိနှိုင်းနေတယ်လို့ သိရပါတယ်။ လက်စတာနဲ့ပွဲမှာ မန်ယူနည်းပြ မော်ရင်ဟိုဟာ ဗစ်တာလင်ဒီလော့ဖ် နဲ့ အဲရစ်ဘိုင်ယီတို့ ဗဟိုခံစစ်အတွဲကို ပွဲထွက်ခဲ့ပြီး ရိုဟိုဟာ အသင်းရဲ့ အရန်လူစာရင်းမှာတောင် ပါဝင်ခဲ့ခြင်းမရှိတာ ဖြစ်ပါတယ်။

Photo : The Sun

 

ပြီးခဲ့တဲ့ ဘောလုံးရာသီက မန်ယူအသင်းအတွက် ပြိုင်ပွဲစုံ (၁၂)ပွဲသာ ကစားပေးနိုင်ခဲ့ပေမယ့် ရိုဟိုဟာ ဆမ်ပါအိုလီရဲ့ အာဂျင်တီးနားအသင်းလူစာရင်းမှာ ရွေးချယ်ခံခဲ့ရပါတယ်။ နိုင်ဂျီးရီးယားအသင်းကို အာဂျင်တီးနားက (၂-၁) နဲ့ အနိုင်ရရှိခဲ့တဲ့ပွဲမှာ ရိုဟိုဟာ အသင်းအတွက် နောက်တဆင့်တက်စေမယ့် အနိုင်ဂိုးကို သွင်းယူပေးနိုင်ခဲ့ပါတယ်။

Photo : Squawk

 

ဒီရာသီ မန်ယူအသင်းရဲ့ ကျောနံပါတ်များကို ထုတ်ပြန်ခဲ့ရာမှာလည်း ရိုဟိုဟာ မူလဝတ်ဆင်နေကျ ကျောနံပါတ် (၅)ဂျာစီအစား ကျောနံပါတ် (၁၆)ဂျာစီကို ပြောင်းလဲခဲ့တာကို မြင်တွေ့ခဲ့ရပါတယ်။ လက်ရှိမှာ မန်ယူအသင်းအနေနဲ့ ကျောနံပါတ် (၅)ဂျာစီ လစ်လပ်နေတာဖြစ်ပြီး ဖီနာဘာချီအသင်းကတော့ အရင်ကလည်း မန်ယူအသင်းရဲ့ တိုက်စစ်မှူး ဗန်ပါစီကို ခေါ်ယူခဲ့ဖူးတဲ့ ကလပ်အသင်းဖြစ်ပါတယ်။

Share

Loading Next Article...
က္က