လာမယ့် သြဂုတ် ၂၈ ရက်နေ့မှာတော့ စပါးနဲ့ မန်ယူတို့ ပွဲမှာ ဂိုးထပ်သွင်းဦးမလား စောင့်ကြည့်ရပါမယ်။

ကစားသမားဘဝတစ်လျှောက် သြဂုတ်လအတွင်းကစားခဲ့သမျှ ၁၄ ပွဲစလုံး ဂိုးတစ်ဂိုးမှ သွင်းယူနိုင်ခဲ့ခြင်းမရှိပဲ ယခု ဖူဟမ်အသင်းနဲ့ ပွဲမှသာ ပထမဆုံး သြဂုတ်လ သွင်းဂိုးကို စတင်သွင်းယူနိုင်ခဲ့တာ ဖြစ်ပါတယ်။

Photo - The Straits Times

 

မနေ့က ဖူဟမ်အသင်းကို ၃-၁ ဂိုးနဲ့ အနိုင်ရခဲ့တဲ့ ပရီးမီးယားလိဂ် ပွဲစဉ်အပြီးမှာတော့ စပါးအသင်းက ၂၀၁၈-၁၉ ဘောလုံးရာသီအစမှာ ၁၀၀ ရာခိုင်နှုန်း တာထွက်လှထားခဲ့ပါပြီ။

မက်ဆီဂိုးတွေနဲ့ ချန်ပီယံ ကာကွယ်ပွဲ တာထွက်လှခဲ့တဲ့ ဘာကာ 

ဒီပွဲမှာ အသင်းအတွက် အဖွင့်ဂိုးကိုတော့ လူးကပ်စ်မော်ရာက သူ့အတွက် ပရီးမီးယားလိဂ် ပထမဆုံး သွင်းဂိုးအ ဖြစ် ပွဲချိန် ၄၃ မိနစ်မှာ သွင်းယူခဲ့ပါတယ်။

Photo - in.reuters.com

 

အဲ့နောက် နောက်ခံလူ ထရစ်ပီယာက ၇၄မိနစ်မှာ ဒုတိယဂိုး သွင်းယူပြီး တတိယဂိုးကိုတော့ ဟယ်ရီကိန်းက ၇၇ မိနစ်မှာသွင်းယူခဲ့တာ ဖြစ်ပါတယ်။

ဒီပွဲမှာ တတိယဂိုးသွင်းယူပေးခဲ့တဲ့ ကိန်းကတော့ သြဂုတ်လအတွင်း ၎င်းရဲ့ ပထမဆုံးသွင်းဂိုးလည်း ဖြစ်လာခဲ့ ပါတယ်။

Photo - Getty Images

အကြောင်းကတော့ ကစားခဲ့သမျှ သြဂုတ်လအတွင်းက ပွဲစဉ် ၁၄ ပွဲစလုံးမှာ ကိန်းတစ်ယောက် ဂိုးတစ်ဂိုးမှ သွင်း ယူထားနိုင်ခြင်းမရှိတာ ဖြစ်ပါတယ်။

ကိန်းအနေနဲ့ နယူးကာဆယ်အသင်းကို အနိုင်ရခဲ့တဲ့ပွဲတုန်းကလည်း အသင်းကို ဦးဆောင်ခဲ့ပေမယ့်လည်း ဂိုးသွင်းယူနိုင်ခဲ့ခြင်းမရှိခဲ့ပါဘူး။

ဒါကြောင့် ၎င်းရဲ့ကစားသမားဘဝမှာ သွင်းဂိုးလုံး၀ ရယူနိုင်ခြင်းမရှိပဲ ကျိန်စာဆိုး မိနေတဲ့ သြဂုတ်လကိုတော့ ကိန်းတစ်ယောက် ချေဖျက်နိုင်ခဲ့ပြီလို့ ဆိုရမှာ ဖြစ်ပါတယ်။

ကိန်းအနေနဲ့ မနှစ်က တစ်နှစ်လုံး စပါးအသင်းအတွက် ၅၉ ပွဲကစားပေးပြီး ၅၂ ဂိုးအထိသွင်းယူပေးခဲ့တဲ့ အဆင့် မြင့်တိုက်စစ်မှူးတစ်ဦးဖြစ်ပြီး သြဂုတ်လ ၂၈ ရက်နေ့မှာ အဝေးကွင်းသွားကစားရမယ့် မန်ယူနဲ့ ပွဲမှာရော ဂိုးထပ်မံ သွင်းယူပေးနိုင်ဦးမှာလားဆိုတာကလည်း စိတ်ဝင်စားဖို့ ကောင်းနေပါတယ်။

စပါးကတော့ ၂၀၁၈-၁၉ ဘောလုံံးရာသီအဖွင့်ပွဲ ၂ ပွဲဆက် အနိုင်ရထားမှုနဲ့အတူ ဒီကနေ့ တနင်္ဂနွေနေ့ ပွဲတွေ မကစားမီမှာတော့ ရမှတ် ၆ မှတ်နဲ့ အမှတ်ပေးဇယား အဆင့် ၂ နေရာမှာ ရပ်တည်နေပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က