စပိန်ကလပ် ရီးရဲအသင်းက ရော်နယ်ဒိုနေရာအစားထိုးနိုင်ရေး ခေါ်ယူဖို့ကြိုးပမ်းနေတာ ဖြစ်ပါတယ်။

စပိန်ကလပ် ရီးရဲက ဝယ်ယူဖို့ကြိုးပမ်းနေတာ ဖြစ်ပေမယ့်လည်း ချဲလ်ဆီးက မရောင်းချင်ပဲ ရှိနေချိန် ကာယကံရှင်ကိုယ်တိုင်က မသွားတော့ဘူးလို့ အခုလို ထုတ်ဖော်ပြောလာခဲ့တာ ဖြစ်ပါတယ်။


Photo - World Report

 

စပိန်ကလပ် ရီးရဲအသင်းက ခေါ်ယူဖို့ ကြိုးပမ်းနေတဲ့ ဘယ်လ်ဂျီယံ လက်ရွေးစင် ဟာဇက်က လက်ရှိမှာတော့ အသင်းမှာသာ ဆက်နေသွားတော့ မယ်လို့ ထုတ်ဖော်ပြောလာခဲ့ပါပြီ။

ပေါ့ဂ်ဘာကို အသင်းခေါင်းဆောင်လက်ပတ်နဲ့ထပ်မြင်ရဦးမယ့် ဘရိုက်တန်နဲ့ပွဲစဉ် 

ပြီးခဲ့တဲ့ ကမ္ဘာ့ဖလားပြိုင်ပွဲကာလတုန်းကတော့ ကမ္ဘာ့ဖလားပြီးရင် ဟာဇက် ချဲလ်ဆီးက ထွက်ခွာဖွယ်ရှိတယ်လို့သတင်းတွေ မြိုင်မြိုင်ဆိုင်ဆိုင် ထွက်ပေါ်ခဲ့ပါသေးတယ်။

Photo - Foot01

 

ဒီကြားထဲမှာ ဘယ်လ်ဂျီယံ ကစားဖော်ဂိုးသမား ကော်တိုရစ် ရီးရဲကို ရောက်သွားလို့ ဟာဇက်ကိုလည်း ရီးရဲက ထပ်မံခေါ်ယူနိုင်ရေး ကြိုးပမ်းနေ တာလည်း ဖြစ်ပါတယ်။

အသက် ၂၇ နှစ်သာ ရှိသေးတဲ့ အီဒင်ဟာဇက်အနေနဲ့ ချဲလ်ဆီးနဲ့ လက်ရှိစာချုပ်အရ ၂ နှစ်ကျန်ရှိနေသေးပြီး ရီးရဲအသင်းက ခေါ်ယူဖို့ ကြိုးပမ်း နေတာ ဖြစ်ပါတယ်။

Photo - Sport.net

 

ရီးရဲအသင်းကလည်း အသင်းကနေထွက်ခွာသွားခဲ့တဲ့ ကြယ်ပွင့်တိုက်စစ်မှူး ရော်နယ်ဒို နေရာအစားထိုးနိုင်ဖို့ ရည်ရွယ်ပြီး ဟာဇက်ကို ခေါ်ယူနိုင် ရေးကြိုးပမ်းနေပေမယ့်လည်း လက်ရှိ လူဝယ်ရာသီပိတ်သိမ်းဖို့ ရက်ပိုင်းအလိုမှာတော့ ဟာဇက်က အခုလိုပဲ ထုတ်ဖော်ပြောခဲ့တာ ဖြစ်ပါတယ်။

" ကမ္ဘာ့ဖလားပြီးတုန်းက ကျွန်တော်ပြောခဲ့တာကို မှတ်မိမယ်ထင်ပါတယ်။အခု ကျွန်တော် ပျော်နေပါတယ်။ကျွန်တော့်မှာ အသင်းနဲ့ ၂ နှစ်သက် တမ်း စာချုပ်ကျန်ပါသေးတယ်။ဘာတွေဖြစ်မလဲစောင့်ကြည့်ချင်ပါသေးတယ်။အင်္ဂလန်မှာက လူဝယ်လို့မရတော့တဲ့အနေအထားမှာသူတို့ ကျွန် တော့်ကို ရောင်းဖို့ဆိုတာ အင်မတန် ကြောက်စရာလုပ်ရပ်ကို ဖန်တီးမိတာနဲ့ အတူတူ ဖြစ်ပါလိမ့်မယ်။" လို့ ဟာဇက်ကပြောပါတယ်။

ဟာဇက်အနေနဲ့ ပြီးခဲ့တဲ့ အာဆင်နယ်အသင်းကို ၃-၂ ဂိုးနဲ့ အနိုင်ရခဲ့တဲ့ပွဲမှာတော့ လူစားဝင်ကစားပြီး အထင်ကြီးစရာ ခြေစွမ်းမျိုးကို ပြသခဲ့ သလို အခု ပြောစကားတွေကိုလည်း အာဆင်နယ်နဲ့ပွဲအပြီးမှာ ပြောခဲ့တာ ဖြစ်ပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က