ပေါ့ဂ်ဘာက အသင်းခေါင်းဆောင်အဖြစ် တာဝန်ယူခဲ့တာပါ။

ဘရိုက်တန်ကို အရေးနိမ့်ခဲ့ရတဲ့ ပွဲစဉ်မှာ အသင်းရဲ့ စိတ်ဓာတ်ပိုင်းနဲ့ ပုံစံဟာ မှန်ကန်တဲ့ ခံယူချက် အနေအထားမှာ မရှိခဲ့ဘူးလို့ မန်ချက်စတာယူနိုက်တက်အသင်းရဲ့ ကွင်းလယ်ကစားသမား ပေါလ်ပေါ့ဂ်ဘာက ဝန်ခံပြောကြားခဲ့ပါတယ်။ မနေ့ညက ကစားခဲ့တဲ့ ပွဲစဉ်မှာ မန်ယူအသင်းဟာ အဝေးကွင်းမှာ (၃-၂)ဂိုးနဲ့ အရေးနိမ့်ခဲ့တာ ဖြစ်ပါတယ်။

Photo : NBC Sports

 

ပထမပိုင်းမှာပဲ ဘရိုက်တန်က (၃-၁) ဂိုးနဲ့ ဦးဆောင်နိုင်ခဲ့ပြီး နာကျင်အချိန်ပိုမှာ ရရှိတဲ့ ပယ်နယ်တီကို ပေါ့ဂ်ဘာက ဂိုးအဖြစ် ပြောင်းလဲနိုင်ခဲ့ပါတယ်။ ဒါပေမယ့်လည်း လုံလောက်တဲ့ ချေပဂိုးရရှိခဲ့ခြင်းမရှိတာကြောင့် နည်းပြမော်ရင်ဟိုရဲ့ မန်ယူအသင်းဟာ ပရီးမီးယားလိဂ်ရဲ့ ရာသီသစ်မှာ စောစောစီးစီး ရှုံးပွဲနဲ့ ရင်ဆိုင်ခဲ့ရပါတယ်။

တနင်္လာနေ့ နံနက်ပိုင်းအတွက် နောက်ဆုံးရ အားကစားသတင်းများ 

Photo : ESPN

 

"သူတို့က ကျွန်တော်တို့ထက်ပိုပြီး ဆာလောင်စိတ်ကို ပြသခဲ့ပါတယ်၊ ပထမဆုံး ကိုယ့်ကိုကိုယ်တွန်းအားပေးခဲ့ပါတယ်၊ လုံလောက်တဲ့ ပုံစံမှာ မရှိခဲ့သလို မပြုလုပ်သင့်တဲ့ အမှားတွေလည်း ကျွန်တော်တို့ ပြုလုပ်ခဲ့ပါတယ်၊ ပြီးခဲ့တဲ့ အပတ်က လက်စတာနဲ့ အိမ်ကွင်းမှာ ကစားခဲ့ရပြီး အခု ကွဲပြားခြားနားတဲ့အသင်း၊ ခြားနားတဲ့ နည်းစနစ်တွေနဲ့ ရင်ဆိုင်ခဲ့ရပါတယ်"

Photo : Sports24

 

"ကစားသမားတစ်ယောက်က အမြဲတမ်း အကောင်းဆုံးခြေစွမ်းနဲ့ မကစားနိုင်ဘူးဆိုတာ ကျွန်တော်သိပါတယ်၊ ဒါပေမယ့် စိတ်သဘောထား ခံယူချက်ကတော့ အမြဲတမ်းကောင်းမွန်နေရမှာပါ၊ ဒါကို ကျွန်တော်တို့တွေ မလုပ်နိုင်ခဲ့ပါဘူး" လို့ ပေါ့ဂ်ဘာက ပွဲအပြီးမှာ ပြောကြား သွားခဲ့ပါတယ်။

Photo : Goal.com

 

ပေါ့ဂ်ဘာကတော့ ဒီရာသီ ပရီးမီးယားလိဂ်ပွဲစဉ် (၂)ပွဲလုံးကို အသင်းခေါင်းဆောင်အဖြစ် တာဝန်ယူခဲ့ပြီး (၂)ပွဲစလုံးမှာ အသင်းအတွက် ပယ်နယ်တီကနေတဆင့် သွင်းဂိုးတွေ ရယူနိုင်ခဲ့ပါတယ်။ ဘရိုက်တန်နဲ့ပွဲမှာလည်း ပေါ့ဂ်ဘာအနေနဲ့ စွမ်းဆောင်ရည်ကောင်းတွေကို ပြသနိုင်ဖို့ ရုန်းကန်ခဲ့ရပြီး ခြေစွမ်းပြသနိုင်ခြင်းမရှိတာကို တွေ့မြင်ခဲ့ရပါတယ်။

Photo : Goal.com

 

မန်ချက်စတာယူနိုက်တက်ကတော့ ပရီးမီးယားလိဂ်ပွဲစဉ် (၃)အဖြစ် တော့တင်ဟမ်ဟော့စပါးအသင်းနဲ့ အိမ်ကွင်း အိုးထရက်ဖို့ဒ်မှာ ရင်ဆိုင်ရမှာဖြစ်ပါတယ်။ သြဂုတ်လ (၂၆) ရက်နေ့မှာ ယှဉ်ပြိုင်ကစားသွားမှာ ဖြစ်ပြီး ခြေစွမ်းပိုင်းတည်ငြိမ်နေတဲ့ အသင်းနဲ့ ရင်ဆိုင်ရမှာဖြစ်တာကြောင့် မန်ယူအတွက် ခက်ခဲတဲ့ပွဲစဉ်တစ်ပွဲ ဖြစ်လာဦးမှာ ဖြစ်ပါတယ်။

Share

Loading Next Article...
က္က