အာဆင်နယ်အသင်းအနေနဲ့ အစပွဲနှစ်ပွဲဆက် အသင်းကြီးတွေနဲ့ ရင်ဆိုင်ပြီး ရှုံးနိမ့်ထားတာ ဖြစ်ပါတယ်။

နှစ်သင်းစလုံး နှစ်ပွဲဆက် ရှုံးနိမ့်ထားပြီး အခုလို လန်ဒန်ဒါဘီ တွေ့ဆုံမှုမှာတော့ အာဆင်နယ်အသင်းအနေနဲ့ အမှုထားမှာမဟုတ်ပဲ အနိုင်ရဖို့ တစ်ခုတည်း အာရုံစိုက် ကစားသွားမယ်လို့ အူနိုင်းက ဆိုလာတာ ဖြစ်ပါတယ်။



Photo - Independent

 

အာဆင်နယ်အသင်းရဲ့ မန်နေဂျာ အူနိုင်းအမ်ရီက ဘာမယ့် စနေနေ့ကျရင်ကစားရမယ့် ဝက်စ်ဟမ်းနဲ့ပွဲက လန်ဒန်ဒါဘီ ပွဲစဉ်တစ်ပွဲဖြစ်တယ်ဆို တာ နားမလည်ပဲ အနိုင်ရဖို့ တစ်ခုတည်း ခေါင်းထဲမှာရှိတယ်လို့ ဆိုလာပါတယ်။

တနင်္လာနေ့ နံနက်ပိုင်းအတွက် နောက်ဆုံးရ အားကစားသတင်းများ 

ပရီးမီးယားလိဂ် အဖွင့်ပွဲစဉ် ၂ ပွဲစလုံးမှာ အသင်းကြီးတွေနဲ့ ဆက်တိုက်ကစားခဲ့ရပြီး နှစ်ပွဲဆက် အရှုံးနဲ့ ရင်ဆိုင်ထားရတဲ့ အာဆင်နယ်အသင်း အတွက် လိဂ် (၃) ပွဲမြောက်ပွဲစဉ်မှာတော့ မဖြစ်မနေ အနိုင်ကစားသွားမယ်လို့လည်း ၎င်းကဆိုပါတယ်။

Photo - Sportskeeda

 

နှစ်သင်းစလုံးက ရာသီအစမှာ အရှုံးတွေနဲ့ရင်ဆိုင်ထားရတာ ဖြစ်သလို နှစ်သင်းစလုံး နည်းပြ သစ်တွေနဲ့ ရာသီကို စတင်နေတာလည်း ဖြစ်ပါ တယ်။

ဒီပွဲစဉ်အတွက် အာဆင်နယ်အသင်း မန်နေဂျာ အူနိုင်းက -" ကျွန်တော်တို့အတွက် အရင်းအနှီးများခဲ့ပါတယ်။အခုကစားမယ့် ဝက်စ်ဟမ်းနဲ့ ပွဲကို လည်း မန်စီးတီး၊ချဲလ်ဆီးတို့ ပွဲစဉ်တုန်းက ပြင်ဆင်ခဲ့သလိုပဲ ပြင်ဆင်မှာပါ။ကျွန်တော့်တို့ ကစားပုံ ပိုကောင်းလာပါတယ်။ကျွန်တော့်ရဲ့ လူငယ် ကစားသမားတွေ ကျွန်တော့်နည်းစနစ်နဲ့ အမြန်ဆုံး အံဝင်တာလည်းတွေ့ရပါတယ်။" လို့ အူနိုင်းကဆိုပါတယ်။

Photo - Islington Gazette

 

အာဆင်နယ်အသင်းအနေနဲ့ ကွင်းလယ်မှာ အသစ်ခေါ်ယူထားတဲ့ လူငယ်ကစားသမားတွေဖြစ်တဲ့ ဂွမ်ဒူဇမ်၊တော်ရဲရားတို့ကို မန်စီးတီး၊ချဲလ်ဆီး ပွဲတွေမှာ ဇာခါနဲ့ ယှဉ်တွဲ အသုံးပြုခဲ့ပါတယ်

ဒါပေမယ့်လည်း ဝက်စ်ဟမ်းအသင်းနဲ့ ပွဲမှာတော့ ဇာခါကို အရံလူစာရင်းမှာသာ ထည့်သွင်းအသုံးပြုသွားမှာလို့သိရပြီး အကြောင်းကတော့ အဝါ ကဒ်ထိထားလို့ သိရပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က