မလေးမစားပြုလုပ်ခဲ့ခြင်းမရှိဘူးလို့ ပြောခဲ့တာပါ။

မန်ချက်စတာယူနိုက်တက်အသင်းရဲ့နည်းပြမော်ရင်ဟိုဟာ မန်ချက်စတာစီးတီးအသင်းရဲ့ ပြီးခဲ့တဲ့ရာသီဖြတ်သန်းမှုကို မှတ်တမ်းရုပ်ရှင်အဖြစ် ရိုက်ကူးထားတဲ့ 'All or Nothing' ဇာတ်လမ်းထဲမှာ မန်ချက်စတာယူနိုက်တက်အသင်းကို ဘတ်စ်ကားကွက်သာ အသုံးပြုတတ်တဲ့အသင်းအဖြစ် ပုံဖော်ထားတာနဲ့ပတ်သက်ပြီး မန်ချက်စတာစီးတီးအသင်းကို အဆင့်အတန်းမရှိတဲ့အသင်းလို့ ဝေဖန်ရှုတ်ချခဲ့တာဖြစ်ပါတယ်။


960.jpg

Photos: Give me sport

မန်ချက်စတာစီးတီးအသင်းရဲ့နည်းပြ ပက်ဂွါဒီယိုလာဟာ မန်ချက်စတာယူနိုက်တက်အသင်းရဲ့နည်းပြ မော်ရင်ဟို စွပ်စွဲခဲ့တဲ့ 'All or Nothing' မှတ်တမ်းရုပ်ရှင်ထဲမှာ မလေးမစားပြုမူခဲ့တာမရှိဘူးလို့ ငြင်းဆိုခဲ့ပါတယ်။ ပြီးခဲ့တဲ့ရာသီက ပရီးမီးယားလိဂ်ဖလားကို ရရှိဖို့ ကြိုးစားခဲ့တဲ့ ဖြစ်ရပ်မှန်ကို အခြေခံပြီး ရိုက်ကူးခဲ့တာဖြစ်ပြီး ယင်းဇာတ်လမ်းတွဲထဲမှာ နောက်ခံစကားပြောခဲ့တဲ့ ဘန်ကင်းစလေက ပြီးခဲ့တဲ့ ဒီဇင်ဘာလက မန်ချက်စတာဒါဘီပွဲစဉ်နဲ့ပတ်သက်ပြီး ပြောကြားခဲ့မှုကို နည်းပြမော်ရင်ဟိုက ဒေါသထွက်နေတာဖြစ်ပါတယ်။

မန်စီးတီးရဲ့မှတ်တမ်းရုပ်ရှင်ကို တည့်တိုးဝေဖန်ပြောကြားလိုက်တဲ့ နည်းပြမော်ရင်ဟို 

ဘန်ကင်းစလေက မန်ချက်စတာစီးတီးအသင်းနဲ့ မန်ချက်စတာယူနိုက်တက်အသင်းကို 'ဘောလုံးပိုင်ဆိုင်မှုနဲ့ ခံစစ်'၊ 'တိုက်စစ်ဆင်ကစားခြင်းနဲ့ ဘတ်စ်ကားကွက်'ဆိုပြီး နှိုင်းယှဉ်ပြောကြားခဲ့တာဖြစ်ပါတယ်။ ယမန်နေ့က မန်ချက်စတာစီးတီးအသင်းရဲ့မှတ်တမ်းရုပ်ရှင်နဲ့ပတ်သက်ပြီး နည်းပြမော်ရင်ဟိုက အခုလိုပဲ ပြောကြားခဲ့ပါတယ်။

"ခင်ဗျားအနေနဲ့ ထူးခြားဆန်းပြားတဲ့ရုပ်ရှင်တစ်ခုဖြစ်လာဖို့အတွက် မလေးမစားလုပ်စရာမလိုပါဘူး"

"ကျွန်တော့်ရဲ့တုံ့ပြန်မှုက ဘာလဲဆိုတော့ ခင်ဗျားသာ ချမ်းသာမယ်ဆိုရင် ထိပ်တန်းကစားသမားတွေ ဝယ်နိုင်တယ်။ ဒါပေမမယ့် အဆင့်အတန်းကိုတော့ မဝယ်ယူနိုင်ပါဘူး"လို့ ပြောကြားခဲ့တာဖြစ်ပါတယ်။

Photos: Goal

 

ဟက်ဒါစ်ဖီးလ်အသင်းကို ၆ ဂိုး ၁ ဂိုးနဲ့ ဂိုးပြတ်အနိုင်ရရှိခဲ့တဲ့ပွဲစဉ်အပြီးမှာ မန်စီးတီးနည်းပြ ပက်ဂွါဒီယိုလာက သတင်းစာရှင်းလင်းပွဲမှာ မော်ရင်ဟိုရဲ့စွပ်စွဲပြောကြားမှုတွေကို ငြင်းဆိုခဲ့ပါတယ်။

"အဆင့်အတန်းကို ဝယ်ယူလို့မရပါဘူး။ ဟိုဆေးပြောတာ ကျွန်တော် သဘောတူပါတယ်။ ကျွန်တော်တို့ အဆင့်အတန်းကို မဝယ်ယူနိုင်ပါဘူး"

"ပြီးခဲ့တဲ့ရာသီက မယုံနိုင်လောက်စရာရာသီတစ်ခုဖြစ်ခဲ့တယ်လို့ ကျွန်တော်ထင်ပါတယ်။ ကင်မရာတွေ အများကြီး ရှိနေပါတယ်။ ကျွန်တော်တို့အတွက် ကျွန်တော်တို့ လုပ်ခဲ့တာပါ။ မော်ရင်ဟိုရဲ့ မလေးမစားပြုမူတယ်ဆိုတဲ့စကားကို ကျွန်တော် သဘောမတူပါဘူး"

"အဲဒီလိုလုပ်ဖို့ ကျွန်တော်တို့ မရည်ရွယ်ပါဘူး။ ပြီးခဲ့တဲ့ရာသီက ဘာဖြစ်ခဲ့လဲဆိုတာကိုပဲ ရိုက်ပြခဲ့တာပါ။ ကမ္ဘာပေါ်က ကလပ်အသင်းကြီးတွေအားလုံးလိုပဲ ပိုပြီးကြီးထွားဖွံ့ဖြိုးလာဖို့၊ ဆုဖလားတွေကို ရရှိအောင် ကြိုးစားဖို့ ကျွန်တော်တို့အကြောင်းပဲ ကျွန်တော်တို့ ရိုက်ခဲ့တာပါ။ ကျွန်တော်တို့ ပရိသတ်တွေအတွက် အဝတ်လဲခန်းထဲမှာ ဘာတွေဖြစ်ခဲ့လဲဆိုတာ မြင်အောင် ပြခဲ့တာပါ"

"ဒါပေမယ့် အဲဒါက ဟိုဆေးရဲ့အမြင်ပါ။ တခြားတစ်ယောက်က အဲဒီရုပ်ရှင်ကို ကြိုက်တယ်လို့ ပြောမှာပဲ။ နောက်တစ်ယောက်က မကြိုက်ဘူးပြောမယ်။ အဲဒါ ရှင်းရှင်းလေးပါ။ ဒါပေမယ့် မှန်ပါတယ်။ သူပြောတာ ကျွန်တော် သဘောတူပါတယ်။ ခင်ဗျား အဆင့်အတန်းကို ဝယ်ယူလို့မရနိုင်ပါဘူး"လို့ ပြောကြားခဲ့ပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က