အထောက်အပံ့မပေးနိုင်ဘူးလို့ ပြောခဲ့တာပါ။

မန်ချက်စတာယူနိုက်တက်အသင်းရဲ့ဂန္တဝင်ကွင်းလယ်ကစားသမား ပေါလ်စခိုးဟာ ဘရိုက်တန်ကို ရှုံးနိမ့်ခဲ့တဲ့ပွဲစဉ်က မာရှယ်ရဲ့ဆိုးရွားတဲ့စွမ်းဆောင်ရည်နဲ့ပတ်သက်ပြီး ကွင်းလယ်ကြယ်ပွင့်ကစာသမားပေါ့ဂ်ဘာကို ပြစ်တင်စကားဆိုခဲ့ပါတယ်။ ပေါလ်စခိုးက ပေါ့ဂ်ဘာနဲ့ မန်ချက်စတာယူနိုက်တက်ကွင်းလယ်တစ်ခုလုံး မာရှယ်ကို အထောက်အပံ့မပေးနိုင်ခဲ့ဘူးလို့ ပြောကြားခဲ့ပါတယ်။

sei_25895858-5249-e1534750717885.jpg

မန်ချက်စတာယူနိုက်တက်အသင်းရဲ့ ကွင်းလယ်ကစားသမားဟောင်း ပေါလ်စခိုးဟာ ဘရိုက်တန်အသင်းနဲ့ပွဲစဉ်က မန်ချက်စတာ ယူနိုက်တက်အသင်းကွင်းလယ်ကစားသမားတွေရဲ့ စွမ်းဆောင်ရည်ကို မေးခွန်းထုတ်ခဲ့ပါတယ်။ မန်ချက်စတာယူနိုက်တက်အသင်းကနေ ထွက်ခွာဖို့ သတင်းတွေထွက်ပေါ်နေတဲ့ အန်သိုနီမာရှယ်ဟာ ဘရိုက်တန်အသင်းနဲ့ပွဲစဉ်မှာ ဂိုးသွင်းယူနိုင်ဖို့ ရုန်းကန်ခဲ့ရပါတယ်။

အလက်ဆစ်ဆန်းချက်ဇ် လေ့ကျင့်ရေးမှာ ဒဏ်ရာရရှိသွားတာကြောင့် ပွဲထွက်ခွင့်ရရှိခဲ့တဲ့ အန်သိုနီမာရှယ်ကို ပေါ့ဂ်ဘာက ပွဲကစားချိန်အတွင်း ပိုမိုအကူအညီပေးဖို့ လိုအပ်နေတယ်လို့ ပေါလ်စခိုးက ယုံကြည်နေတာဖြစ်ပါတယ်။

"ခင်ဗျား ၃ ဂိုး ၁ ဂိုးနဲ့ ရှုံးနေချိန်မှာ ခင်ဗျားပထဆုံးတွေးခဲ့မိမှာက ငါတို့တွေ ဂိုးသွင်းရမယ်။ ငါတို့တွေ ဂိုးသွင်းရမယ်ဆိုတဲ့ အတွေးပဲလေ။ ဘယ်မှာ အမြန်လိုနေလို့လဲ"

"ခင်ဗျား ကွင်းလယ်မှာဘောလုံးရပြီ။ သူတို့က ဘောလုံးကို အနောက်ပြန်ပေးပြီးကစားတယ်။ ပေါ့ဂ်ဘာက ဘောလုံးကို ကိုယ့်လက်ကလွတ်ဆိုပြီး ကစားတယ်။ ဘောလုံးပေးပို့တာ လိုတာထက် အားထည့်ပြီး ပေးတယ်။ အမြင့်ဘောမပေးဘူး။ ဘောလုံးပိုင်ဆိုင်မှုကိုပဲ သူ အာရုံစိုက်ခဲ့တယ်"

"ခင်ဗျား ပွဲထဲမှာ လုံးဝကို စိတ်ရှုပ်ထွေးမှာပဲ။ ခင်ဗျားအနေနဲ့ လူတစ်ယောက်ကို ကျော်ဖြတ်နိုင်မယ့်သူ၊ ဂိုးသွင်းပြီး အနိုင်ရရှိအောင် လုပ်ပေးမယ့်သူဆီ ဘောလုံးပေးရမှာပဲ"

 

"လူကာကူ အဲဒီလို လုပ်နိုင်ပါတယ်။ မာရှယ်လည်း လုပ်နိုင်တာပဲ။ မာရှယ်ဆို ပထမပိုင်းတုန်းက ကွင်းထဲမှာ သူ ဘာလုပ်နေတာလဲ။ ၅၅ မိနစ်လား၊ တစ်နာရီလား။ ဘယ်တောင်ပံမှာ ပထမပိုင်းပြီးတဲ့အထိ ဘောလုံးတစ်ချက်ပဲ ထိတယ်"

"သူ လုံးဝကို ဘရိုက်တန် ညာနောက်ခံတွေကို ကျော်ဖြတ်နိုင်ခဲ့တယ်။ ကျန်တဲ့အချိန် ခင်ဗျား သူ့ကို ဘောလုံးပေးခဲ့လားဆိုတာ ကျွန်တော် မမှတ်မိတော့ပါဘူး"

"ကွင်းလယ်ကစားသမားတစ်ယောက်အနေနဲ့ လုပ်ရမယ့်အလုပ်က ပြိုင်ဘက်အသင်းကို ထိခိုက်အောင် လုပ်နိုင်တဲ့သူဆီ ဘောလုံးရောက်အောင် ပေးပို့ဖို့ပဲ"

"ဒါပေမယ့် မန်ယူကွင်းလယ်ကစားသမားတွေကတော့ အဲဒီလိုမလုပ်ခဲ့ဘူး။ သူတို့ လူကာကူကို ဘောလုံးမပေးခဲ့ဘူး။ မာရှယ်ကိုရော၊ ရက်ရှ်ဖို့ဒ်ကိုရောပဲ"

"အသင်းမှာ ခေါင်းဆောင်ကင်းမဲ့နေခဲ့တယ်။ ဒါကြောင့် ကျွန်တော်တို့ ပေါ့ဂ်ဘာဟာ ခေါင်းဆောင်ဖြစ်လာနိုင်တယ်လို့ မျှော်မှန်းခဲ့တာ။ ဒါပေမယ့် ဒီညတော့ အဲဒီမှာ ခေါင်းဆောင်မရှိခဲ့ဘူး။ သူ့အတွက် နောက်ထပ် ဆိုးရွားတဲ့ပွဲစဉ်တစ်ပွဲထပ်ရှိလာခဲ့တာပဲ။ သူက ခြေစွမ်းမမှန်ပါဘူး"လို့ ပြောကြားခဲ့ပါတယ်။

Share

Loading Next Article...
က္က