အဆိုပါ ပရိသတ်ကတော့ အံ့သြနေခဲ့ပါတယ်။

ချယ်လ်ဆီးအသင်းရဲ့ ကွင်းလယ်ကစားသမား အန်ဂိုလိုကန်တေကတော့ သူ့ရဲ့ ဖြူစင်ရိုးသားတဲ့ စိတ်ထားနဲ့ ပရိသတ်တွေကို ဖမ်းစားလိုက်ပြန်ပြီ ဖြစ်ပါတယ်။ ကွင်းအတွင်းမှာ စက်ရုပ်တစ်ရုပ်လို ပြေးလွှားလှုပ်ရှားပြီး ကစားနေတတ်တဲ့ ကန်တေဟာ လူမြင်ကွင်းရှေ့မှာတော့ ရှက်ရွံ့တတ်၊ အားနာတတ်တဲ့ ကစားသမားလို့ လူသိများသူ ဖြစ်ပါတယ်။



Photo : The Sun

 

ပြီးခဲ့တဲ့ လန်ဒန်ဒါဘီပွဲအပြီးမှာလည်း ကန်တေရဲ့ ရိုးရှင်းတဲ့ သဘောထားနဲ့ အားနာတတ်မှုတွေကို ထပ်မံမြင်တွေ့ခဲ့ရပြန်ပါတယ်။ အာဆင်နယ်ကို ချယ်လ်ဆီးက (၃-၂) ဂိုးနဲ့ အနိုင်ရရှိခဲ့တဲ့ ပွဲအပြီးမှာ ကန်တေဟာ အာဆင်နယ်ပရိသတ်တစ်ဦးကို ဝမ်းနည်းစကား ပြောဆိုခဲ့တယ်လို့ အဆိုပါ ပရိသတ်က ဖွင့်ဟပြောကြားခဲ့တာ ဖြစ်ပါတယ်။

ကစားသမားဟောင်းကို ပြန်လည်ခေါ်ယူဖို့ ပေါင် ၁၀၇သန်း အသုံးပြုရမယ့် ရီးရဲလ် 

Photo : The Sun

 

ကန်တေ နဲ့  ရှာကီလို့ အမည်ရ အာဆင်နယ်ပရိသတ်ဟာ ပခုံးဖက် ဓာတ်ပုံရိုက်ကူးမှုတွေ ပြုလုပ်ခဲ့ပြီး ရှာကီက သူ့ရဲ့ တွစ်တာအကောင့်မှာ တင်ထားခဲ့ပါတယ်။ "ဒီပုဂ္ဂိုလ်နဲ့ တွေ့ခဲ့ပါတယ်၊ ကျွန်တော်က အာဆင်နယ်ပရိသတ်ပါလို့ သူ့ကို ပြောခဲ့ပြီး ဒီပွဲက တကယ့်ကို စိတ်ပျက်စရာ ပွဲတစ်ပွဲဖြစ်ခဲ့တယ်လို့ ပြောခဲ့ပါတယ်၊ သူက ရယ်မောပြီး ကျွန်တော့်ကို စိတ်မကောင်းပါဘူးလို့ ပြန်ပြောခဲ့ပါတယ်၊ ဘယ်လိုကစားသမားမျိုး များလဲဗျာ" လို့ ရှာကီက ရေးသားခဲ့ပါတယ်။

Photo : Sportsbible

 

ကန်တေဟာ လန်ဒန်ဒါဘီပွဲစဉ်မှာ ချယ်လ်ဆီးအတွက် အရေးပါတဲ့ အခွင့်အရေး (၄)ကြိမ် ဖန်တီးပေးနိုင်ခဲ့ပြီး ခြေစွမ်းပြကစားခဲ့ပါတယ်။ အာဆင်နယ်အသင်းရဲ့ တတိယဇုန်ခံစစ်စည်းအတွင်းမှာ ဘောလုံးပေးပို့မှု (၁၆)ကြိမ်အထိ ကန်တေက ပြုလုပ်နိုင်ခဲ့ပါတယ်။ ကမ္ဘာ့ဖလား ချန်ပီယံဆုရ ပြင်သစ်အသင်းနဲ့ အောင်ပွဲခံရာမှာလည်း လူအများရဲ့ နောက်ကွယ်မှာသာ ရှိနေခဲ့တဲ့  ကန်တေဟာ အောင်ပွဲအတွက် သိုသိုသိပ်သိပ်သာ နေခဲ့ပြီး ဓာတ်ပုံရိုက်ကူးဖို့တောင် ရှက်ရွံ့နေခဲ့သူ ဖြစ်ပါတယ်။

Photo : The Sun

ချယ်လ်ဆီးနည်းပြ ဆာရီလက်ထက်မှာလည်း အဓိကကစားသမားအဖြစ် ကန်တေက သတ်မှတ်ခံထားရပြီး အရေးပါတဲ့ ကစားသမားအဖြစ် ခြေစွမ်းပြလျက်ရှိပါတယ်။ ဒီလိုအပြုအမူတွေကြောင့်ပဲ ကန်တေဟာ ဘောလုံးကစားသမားတွေထဲမှာ စိတ်သဘောထားအကောင်းမွန်ဆံုံးနဲ့ ဖော်ရွေမှုရှိတဲ့ ကစားသမားအဖြစ် အားလုံးက သတ်မှတ်လာကြပြီ ဖြစ်ပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က