ချယ်ဆီးအသင်းက စာချုပ်သစ်ကမ်းလှမ်းဖို့ ပြင်ဆင်နေပါတယ်။

ချယ်ဆီးအသင်းဟာ အသင်းရဲ့ကြယ်ပွင့်ကစားသမားဖြစ်တဲ့ အီဒင်ဟာဇက်ကို အသင်းမှာ ဆက်လက်ထိန်းသိမ်းထားနိုင်ဖို့အတွက် တစ်ပတ်လုပ်ခ ပေါင် ၃ သိန်းနဲ့ စာချုပ်သစ်ကို ကမ်းလှမ်းဖို့ ပြင်ဆင်နေတယ်လို့ သိရပါတယ်။ ဟာဇက်ဟာ ချယ်ဆီးအသင်းနဲ့ စာချုပ်သက်တမ်းတိုးဖို့အတွက် ဆွေးနွေးနေပေမယ့် သဘောတူညီမှုမရရှိသေးတာဖြစ်ပါတယ်။

4F332B5100000578-0-image-m-26_1534802362009.jpg

ချယ်ဆီးအသင်းရဲ့ကြယ်ပွင့်တောင်ပံကစားသမား အီဒင်ဟာဇက်ကို ရီးရဲမက်ဒရစ်အသင်းက အသင်းကနေ ထွက်ခွာသွားတဲ့ ဘလွန်းဒီအော် ၅ ဆုပိုင်ရှင် ခရစ်စတီယာနိုရော်နယ်ဒိုရဲ့နေရာမှာ အစားထိုးဖို့အတွက် ကြိုးပမ်းခဲ့ပြီး ယခုနွေရာသီအပြောင်းအရွှေ့ဈေးကွက်ဟာ ဟာဇက်ရဲ့အပြောင်းအရွှေ့က လွှမ်းမိုးခဲ့ပါတယ်။

အီဒင်ဟာဇက်ဟာ အပြောင်းအရွှေ့သတင်းတွေနဲ့ပတ်သက်ပြီး ၎င်းအနေနဲ့ ကမ္ဘာ့ဖလားကိုသာ အာရုံစိုက်ထားကြောင်းနဲ့ ပြောဆိုဆွေးနွေးမှုတွေ အားလုံးကို ခေတ္တရပ်ဆိုင်းထားတယ်လို့ ပြောကြားခဲ့သူဖြစ်ပါတယ်။ ဟာဇက်ဟာ စပိန်လာလီဂါထိပ်သီးအသင်းကြီးတွေဖြစ်တဲ့ ရီးရဲမက်ဒရစ်နဲ့ ဘာစီလိုနာအသင်းတို့ထဲက တစ်သင်းကို ပြောင်းရွှေ့လိုတဲ့ဆန္ဒရှိခဲ့ပြီး ချယ်ဆီးအသင်းကလည်း ဟာဇက်ကို မရမကထိန်းသိမ်းထားလိုကြောင်း ရှင်းရှင်းလင်းလင်း ပြောကြားခဲ့တာဖြစ်ပါတယ်။

 

ဟာဇက်ဟာ ချယ်ဆီးအသင်းနဲ့ စာချုပ်သက်တမ်း ၂ နှစ်သာကျန်ရှိတော့သူဖြစ်ပြီး စာချုပ်သက်တမ်းတိုးဖို့ မငြင်းဆန်ခဲ့ဘဲ အသင်းနဲ့ ဆွေးနွေးမှုတွေ ပြုလုပ်နေသူဖြစ်ပါတယ်။ အသက် ၂၇ နှစ်အရွယ်ရှိပြီဖြစ်တဲ့ ဟာဇက်ဟာ ချန်ပီယံလိဂ်ဝင်ခွင့်လွဲချော်ခဲ့တဲ့ ချယ်ဆီးအသင်းကနေ ထွက်ခွာပြီး ချန်ပီယံလိဂ်ကစားခွင့်ရရှိမယ့်အသင်းကို ပြောင်းရွှေ့သွားမှာကို ချယ်ဆီးအသင်းက စိုးရိမ်နေခဲ့တာဖြစ်ပါတယ်။

ချယ်ဆီးအသင်းက အီဒင်ဟာဇက်ကို တစ်ပတ်လုပ်ခ ပေါင် ၃ သိန်းနဲ့ ပရီးမီးယားလိဂ်ရဲ့ဒုတိယလစာအကောင်းဆုံးကစားသမားဖြစ်လာမယ့် စာချုပ်သစ်နဲ့ ဆွဲဆောင်ဖို့ ကြိုးပမ်းဖို့ ပြင်ဆင်နေပြီး အသင်းရဲ့နောက်ထပ်ကွင်းလယ်ကြယ်ပွင့်ကစားသမားတစ်ဦးဖြစ်တဲ့ ကန်တေကိုလည်း လာမယ့်အပတ်ထဲမှာ စာချုပ်သစ် ချုပ်ဆိုသွားဖို့ ရှိတယ်လို့ သိရပါတယ်။

Share

Loading Next Article...
က္က