တစ်ပတ်လုပ်ခ ပေါင် ၁၂၀၀၀၀ ရနေပေမယ့် ပေါင် ၂၀၀၀၀ တန် မီနီကားလေးသာ ဝယ်စီးနေသူပါ။

ငယ်စဉ်က ကားတစ်စီးကိုပိုင်ဆိုင်နိုင်မယ်လို့ လုံး၀ မယုံကြည်ခဲ့ဘူးလို့သိရပြီး လက်စတာစီးတီးမှာရှိစဉ်ကတည်းက ဝယ်ယူထားတဲ့ မီနီကူးပါး ကားလေးကိုသာ တစ်စိုက်မတ်မတ် စီးနင်းနေတာလည်း ဖြစ်ပါတယ်။

Photo - Pinterest

 

ကမ္ဘာပေါ်မှာရှိတဲ့ ဘောလုံးချစ်ပရိသတ်တွေ အကုန်လုံး လွယ်ကူစွာ နားလည်ထားမှာကတော့ ကမ္ဘာကျော် ဥရောပ ထိပ်သီးလိဂ် (၅)ခုမှာ ကစားနေတဲ့ နာမည်ကျော် ကစားသမားတွေ အကုန်လုံးဟာ ဈေးအကြီးဆုံး အသုံးအဆောင် ပစ္စည်းတွေကို အသုံးပြုကြမယ်ဆိုတာပါ။

အာဆင်နယ်ကို အနိုင်ယူအပြီး အာဆင်နယ်ပရိသတ်တစ်ဦးကို တောင်းပန်စကားဆိုခဲ့တဲ့ ကန်တေ 

အဲ့လိုပဲ ကမ္ဘာကျော် ဘောလုံးသမားအများစုကလည်း အကောင်းဆုံး ဆိုတာတွေမှ ရွေးသုံးတတ်ကြသလို အကောင်းဆုံး ကားတွေ၊အိမ်တွေကိုမှ ဝယ်ယူဇိမ်ခံကြပါတယ်။

Photo - Tumblr

 

အဲ့ဒီလို ကစားသမားတွေထဲမှာ ချဲလ်ဆီးအသင်းက ပြင်သစ်လက်ရွေးစင် ကွင်းလယ်ကစားသမား ကန်တေတော့ ပါမယ်မထင်လိုက်ပါနဲ့၊ တက် တက်စင်အောင် လွဲသွားပါလိမ့်မယ်။

ချဲလ်ဆီးအသင်းမှာ တစ်ပတ်လုပ်ခ ပေါင် ၁၂၀၀၀၀ ရရှိနေတဲ့ ကန်တေ တစ်ယောက် ပေါင် ၂၀၀၀၀ တန် တစ်ပတ်ရစ် မီနီကူးပါး ကားလေးနဲ့ သာ နေ့စဉ် လေ့ကျင့်ရေးကွင်းကို ကူးလူးသွားလားနေမယ်ဆိုရင် ဘယ်သူယုံနိုင်မလဲ?

Photo - Goal.com

 

မယုံမရှိပါနဲ့ ဒီအဖြစ်အပျက်က တစ်ကယ်ရှိပါတယ်။ ကန်တေက ယခင် လက်စတာ စီးတီးအသင်းမှာ ကစားစဉ်ကတည်းက ဒီမီနီကူးပါးကားလေး ကိုသာ စွဲစွဲမြဲမြဲ စီးနင်းနေခဲ့တာလည်း ဖြစ်ပါတယ်။

သူဒီလိုမျိုး ဈေးကြီးပေးရတဲ့ ဇိမ်ခံကားတွေကို ဝယ်နိုင်ပါလျက်နဲ့ ဘာဖြစ်လို့ တစ်ပတ်ရစ်ကားလေးကိုသာ ပေါင် နှစ်သောင်းလောက်ပေးပြီး ဝယ် ထားတာလဲဆိုတာကိုလည်း ရှင်းပြထားပါတယ်။

Photo - The Times

 

" ကျွန်တော်ဘယ်တုန်းကမှ ကားတွေကို မချစ်တတ်ခဲ့ပါဘူး။နောက်ပြီး ငယ်စဉ်ကတည်းကလည်း ကားတစ်စီးကို ပိုင်ဆိုင်ရလိမ့်မယ်လို့ အိပ်မက် မမက်ခဲ့ဖူးပါဘူး။ဒါမေပယ့် ကျွန်တော့်ရဲ့ မီနီလေးကတော့ ဘဝရဲ့ အစဖြစ်ခဲ့ပါတယ်။ဒီကားလေးကိုတော့ ကျွန်တော် လက်စတာစီးတီးအသင်းမှာ ကစားစဉ်က ပိုင်ဆိုင်နိုင်ခဲ့တာ ဖြစ်ပြီး အခုထိ ကောင်းနေတုန်းပါပဲ။" လို့ ကန်တေက ပြောခဲ့ပါတယ်။

၂၀၁၇ ခုနှစ်ရဲ့ PFA တစ်နှစ်တာ အကောင်းဆုံးဆုရ ကစားသမား၊၂၀၁၅-၁၆ နဲ့ ၂၀၁၆-၁၇ နှစ်နှစ်ဆက် ပရီးမီးယားလိဂ် ချန်ပီယံ၊လက်စတာက နေ ချဲလ်ဆီးကို ပေါင် သန်း ၃၀ နဲ့ ပြောင်းရွှေ့ခဲ့သူ၊တစ်ပတ်လုပ်ခ ပေါင် ၁၂၀၀၀၀ ချဲလ်ဆီးမှာရနေသူ၊၂၀၁၈ ကမ္ဘာ့ဖလား ချန်ပီယံ ကန်တေက တစ်ပတ်ရစ် မီနီကူးပါးကားကိုသာ အမှန်တစ်ကယ်ပိုင်ဆိုင်ထားတာပါ။

Share

Loading Next Article...
က္က