မန်ချက်စတာယူနိုက်တက်အသင်းရဲ့ အမှုဆောင်အရာရှိ အက်ဒ်ဝုဒ်ဝက်ဒ်ဟာ ပရိသတ်များရဲ့ တုံ့ပြန်မှုတွေကြောင့် ဖိအားတွေနဲ့ ရင်ဆိုင်လာရပြီ ဖြစ်ပါတယ်။ အပြောင်းအရွှေ့ ဈေးကွက်အတွင်းမှာ အသင်းအတွက် ထိရောက်တဲ့ လှုပ်ရှားမှုတွေ ဆောင်ရွက်ခဲ့ရာမှာ ဝုဒ်ဝက်ဒ်ဟာ အားနည်းခဲ့တယ်လို့ ပရိသတ်တွေက ယူဆခဲ့ပြီးနောက် ဆန္ဒပြဖို့အတွက် ပြင်ဆင်နေခဲ့ပြီ ဖြစ်ပါတယ်။



Photo : Daily Mail

 

စက်တင်ဘာလ (၂)ရက်နေ့မှာ ကစားမယ့် ဘန်လေ နဲ့ မန်ချက်စတာယူနိုက်တက်တို့ရဲ့ ပွဲမတိုင်ခင်မှာ ဘန်လေအသင်းရဲ့ အိမ်ကွင်း ကောင်းကင်ယံမှာ ယူနိုက်တက်ပရိသတ်တွေဟာ လေယာဉ်နဲ့အတူ စာတမ်းချိတ်ဆွဲပြီး ဝုဒ်ဝက်ဒ်ကို ဆန္ဒပြဖို့အတွက် ပြင်ဆင်ထားပြီး ဖြစ်တယ်လို့ သတင်းများ ထွက်ပေါ်လာခဲ့တာ ဖြစ်ပါတယ်။

ကြာသာပတေးနေ့ နံနက်ပိုင်းအတွက် နောက်ဆုံးရ အားကစားသတင်းများ 

အဆိုပါစာတန်းမှာတော့ "Ed Out - LUHG" လို့ စာတန်းရေးထိုးထားပြီး Love Unied, Hate Glazers လို့ အတိုကောက်ရေးသားထားတာ ဖြစ်ပါတယ်။ မန်ချက်စတာယူနိုက်တက်ကို ချစ်တယ်၊ ဂလေဇာမိသားစုကို မုန်းတယ်လို့ အဓိပ္ပာယ်ရ စာတန်းကို ယူနိုက်တက်ပရိသတ်များက လေယာဉ်မှာ ချိတ်ဆွဲပြီး ဆန္ဒပြသွားမှာ ဖြစ်ပါတယ်။

Photo : Daily Mail

 

အခုလို စာတန်းချိတ်ဆွဲပြီး ဆန္ဒပြမှုကို ဒေးဗစ်မိုယက်စ် မန်ယူနည်းပြအဖြစ် တာဝန်ယူစဉ်ကလည်း ယူနိုက်တက်ပရိသတ်များက ပြုလုပ်ခဲ့ဖူးပြီး ထိုစဉ်ကတော့ "Wrong One - Moyes Out" လို့ ရေးသားကာ ဆန္ဒပြခဲ့တာဖြစ်ပါတယ်။ အဆိုပါ ဆန္ဒပြမှုဖြစ်ပွားပြီး နောက်ထပ် တစ်လခန့်အကြာမှာတော့ မိုယက်စ်ဟာ အသင်းကနေ ထုတ်ပယ်ခြင်းကို ခံခဲ့ရပါတယ်။

Photo : Daily Mail

 

အပြောင်းအရွှေ့လှုပ်ရှားမှုတွေအတွက် နည်းပြမော်ရင်ဟို နဲ့ ဝုဒ်ဝက်ဒ်တို့ကြားမှာ ပြသနာတွေ ရှိလာခဲ့ပြီး ဆိုးဝါးတဲ့ ဆက်ဆံရေးမျိုး ဖြစ်နေတယ်လို့ သတင်းများ ထွက်ပေါ်ခဲ့ပါတယ်။ အသင်းဘုတ်အဖွဲ့အနေနဲ့လည်း ဝုဒ်ဝက်ဒ်နဲ့ မော်ရင်ဟိုတို့ကြားမှာ အမြန်ဆုံးပြန်လည်ပြေလည်ဖို့ ဆန္ဒရှိနေပြီး မော်ရင်ဟိုကို ထုတ်ပယ်ဖို့ အစီအစဉ်မရှိဘူးလို့လည်း သတင်းများက ဆိုခဲ့ပါတယ်။

Photo : Daily Mail

 

ပရီးမီးယားလိဂ်ပွဲစဉ် (၂)မှာ ဆိုးဝါးတဲ့ခြေစွမ်း နဲ့ ကစားကွက်တွေကြောင့် ဘရိုက်တန်ကို ရှုံးနိမ့်ခဲ့အပြီးမှာ အသင်းပရိသတ်များဟာ လူအင်အားဖြည့်တင်းပေးဖို့ ပျက်ကွက်ခဲ့တဲ့ ဝုဒ်ဝက်ဒ်ကို အမျက်ဒေါသထွက်ခဲ့ကြပြီးနောက်မှာ ဆန္ဒပြဖို့အတွက် ပြုလုပ်ခဲ့တာဖြစ်ပါတယ်။ မူလက စပါးအသင်းနဲ့ ကစားရမယ့်ပွဲစဉ်မှာ ပြုလုပ်ဖို့ စီစဉ်ခဲ့ပေမယ့်လည်း အခြေအနေတချို့ကြောင့် ဘန်လေနဲ့ပွဲစဉ်ကို ရွေးချယ်ခဲ့တယ်လို့ သိရပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က