ဖာဂူဆန် သင်ကြားပေးခဲ့တာတွေကို ထုတ်ဖော်ပြောဆိုခဲ့တာပါ။

ဂျူဗင်တပ်စ်အသင်းကို ပြောင်းရွှေ့သွားခဲ့တဲ့ နာမည်ကျော်တိုက်စစ်မှူး ရော်နယ်ဒိုဟာ ကစားသမားဘ၀ အကောင်းဆုံး အချိန်တွေကို ဖြတ်သန်းနိုင်ခဲ့ပြီး အားလုံးကို လွှမ်းမိုးထားနိုင်ဆဲ ဖြစ်နေတဲ့ ကစားသမားအဖြစ် ရပ်တည်နေပါတယ်။ ဒါပေမယ့်လည်း ရော်နယ်ဒိုအပေါ်ကို ပြန်လည်လွှမ်းမိုးထားနိုင်တဲ့ ပုဂ္ဂိုလ်တစ်ဦးအဖြစ် မန်ယူနည်းပြဟောင်း ဆာအဲလက်စ်ဖာဂူဆန်က ရှိနေခဲ့ပါတယ်။

Photo : Ronaldo Twitter

 

မန်ချက်စတာယူနိုက်တက် ကစားသမားဘဝအစမှာ ပြိုင်ဘက်ကစားသမားတွေကို အလွန်အမင်း လိမ်ခေါက်မှုတွေ ပြုလုပ်ခဲ့တဲ ရော်နယ်ဒိုကို ဖာဂူဆန်က မှန်ကန်တဲ့လမ်းကြောင်းပေါ်ကို ရောက်ရှိအောင် လမ်းညွှန်ပြသပေးနိုင်ခဲ့ပါတယ်။ ဖာဂူဆန်ရဲ့ သင်ကြားပြသပေးမှု၊ ရော်နယ်ဒိုရဲ့ ကြိုးစားအားထုတ်မှုတွေကြောင့် ကစားသမားဟာ အခုဆိုရင် ဘလွန်းဒီအောဆု (၅)ဆုအထိ ပိုင်ဆိုင်ခဲ့တဲ့အထိ အောင်မြင်ခဲ့ပါတယ်။

အက်ဝုဒ်ဝက်ဒ်ကို ဆန္ဒပြသွားကြမယ့် မန်ချက်စတာယူနိုက်တက်ပရိသတ်များ 

Photo : ESPN

 

"ကျွန်တော့်ရဲ့ ကစားသမားဘဝမှာ ဖာဂူဆန်က အရမ်းကို အရေးပါပခဲ့ပါတယ်၊ ဘာလို့လဲဆိုတော့ ကျွန်တော် စပို့တင်းကနေ မန်ယူကို ပြောင်းရွှေ့ခဲ့တုန်းက ပေါ်တူဂီသားတွေရဲ့ စိတ်နေစိတ်ထားက ကိန်းအောင်းနေခဲ့ပြီး အလွန်အမင်း လိမ်ခေါက်မှုတွေ ပြုလုပ်ခဲ့ပါတယ်၊ ကျွန်တော့်ရဲ့ ဆုံးဖြတ်ချက်တွေကလည်း အကောင်းဆုံးပုံစံမှာ မရှိခဲ့ပါဘူး"

Photo : Goal.com

 

"ဒါကြောင့် သူက ကျွန်တော့်ကို ဘယ်လိုမျိုး ပြုလုပ်ရမလဲဆိုတာကို ညွှန်ကြားပြခဲ့ပါတယ်၊ ပရီးမီးယားလိဂ်မှာက ကစားသမားတွေကို အလွယ်တကူ ကျော်လွှားဖို့က မလွယ်ကူပါဘူး၊ သူတို့က အရမ်းကို သန်မာကြပါတယ်၊ ကျွန်တော် မကြာခဏဆိုသလို ပြောဖူးပါတယ်၊ သူက ကျွန်တော့်အတွက်တော့ အရာရာပါပဲ၊ ကျွန်တော့်အတွက်တော့ ဖခင်တစ်ယောက်ပါပဲ၊ မန်ယူမှာ သူ ကျွန်တော့်ကို အတိုင်းအဆမရှိ ကူညီခဲ့ပါတယ်"

Photo : WSBuzz.com

 

ရော်နယ်ဒိုကတော့ မန်ယူမှာ (၆)နှစ်ကြာ ကစားခဲ့ပြီး အသင်းနဲ့အတူ ပရီးမီးယားလိဂ်ဖလား (၃)လုံး၊ အက်ဖ်အေဖလား တစ်လုံး နဲ့ ချန်ပီယံလိဂ်ဖလားတစ်လုံး ရယူနိုင်ခဲ့ပါတယ်။ ဒါ့အပြင် သူ့အတွက် ပထမဆုံးအကြိမ် ဘလွန်းဒီအောဆုကို မန်ယူကစားသမားဘ၀ နောက်ဆုံး ဘောလုံးရာသီမှာ ရယူနိုင်ခဲ့ပြီးနောက် ရီးရဲလ်မက်ဒရစ်ကို ပြောင်းရွှေ့သွားခဲ့သူ ဖြစ်ပါတယ်။

Photo : Eurosport

 

ရော်နယ်ဒိုရဲ့ ဖာဂူဆန်တို့ရဲ့ ကြားမှာ အခုချိန်ထက်ထိ ရင်းနှီးတဲ့ ဆက်ဆံရေးတွေ ရှိနေသေးပြီး ဆာအဲလက်စ်ဖာဂူဆန် ကျန်းမာရေး ချို့ယွင်းမှုကြောင့် ဆေးရုံတက်ခဲ့ရစဉ်ကလည်း အမြန်ဆုံးပြန်လည် သက်သာလာစေဖို့အတွက် ရော်နယ်ဒိုက သူ့ရဲ့ ဆိုရှယ်မီဒီယာကနေ တဆင့် ဆုမွန်ကောင်း တောင်းပေးခဲ့ပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က