ရှိတ်မန်ဆော်ရဲ့ ညီဝမ်းကွဲဖြစ်ပါတယ်။

မန်ချက်စတာစီးတီးအသင်းပိုင်ရှင် ရှိတ်မန်ဆော်ရဲ့ ညီဝမ်းကွဲဖြစ်သူဟာ လီဗာပူးလ်အသင်းကို ပေါင်၂ဘီလျံနဲ့ ဝယ်ယူဖို့အတွက် အဆိုပြု ကမ်းလှမ်းခဲ့ပေမယ့် မအောင်မြင်ခဲ့ဘူးလို့ သိရပါတယ်။ ရှိတ်ခါလက်ဟာ အဘူဒါဘီအုပ်စုပိုင်ဆိုင်တဲ့ အီးမရိတ်စ်လုပ်ငန်းစုရဲ့ မိသားစု ဝင်တစ်ဦးဖြစ်တယ်လို့လည်း သိရပါတယ်။



Photo : Daily Mail

 

၂၀၁၇ ခုနှစ် နှောင်းပိုင်း နဲ့ ၂၀၁၈ ခုနှစ်အစောပိုင်းလတွေမှာ  ရှိတ်ခါလီဘင်ဟာ လီဗာပူးလ်ကို ဝယ်ယူဖို့ ကြိုးပမ်းခဲ့တာ ဖြစ်ပါတယ်။ ဘောလုံးသမိုင်းတစ်လျှောက် တန်ဖိုးအကြီးမားဆုံးကမ်းလှမ်းမှုအဖြစ် ပေါင် ၂ဘီလျံနဲ့ ဝယ်ယူဖို့အတွက် ကြိုးစားခဲ့တာလည်း ဖြစ်ပါတယ်။ လီဗာပူးလ်ပိုင်ရှင်များဟာ ရှိတ်ခါလက်ရဲ့ ကိုယ်စားလှယ်အဖွဲ့ကို နယူးယောက်မှာ တွေ့ဆုံမှုတွေ ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။

Photo : Daily Mail

 

ဒါပေမယ့်လည်း လီဗာပူးလ်အသင်းကို ပိုင်ဆိုင်ထားတဲ့ FSG အဖွဲ့အစည်းဟာ အသင်းကို ရောင်းချဖို့အတွက် သဘောတူညီမှုမရှိခဲ့ဘူးလို့ သိရပါတယ်။ ပင်လယ်ကွေ့ဒေသရဲ့ အအောင်မြင်ဆုံးစီးပွားရေး လုပ်ငန်းရှင်တစ်ဦးအဖြစ် သတ်မှတ်ခံထားရတဲ့ ရှိတ်ခါလက်ဟာ တရုတ် စီးပွားရေးသမားတွေနဲ့ ပူးပေါင်းပြီး လီဗာပူးလ်ကို ဝယ်ယူဖို့ အကောင်အထည်ဖော်ခဲ့တာ ဖြစ်ပါတယ်။

Photo : Daily Mail

 

FSG အဖွဲ့အစည်းဟာ လီဗာပူးလ်အသင်းကို ၂၀၁၀ ခုနှစ်က ဝယ်ယူခဲ့တာ ဖြစ်ပြီး ထိုစဉ်က ပေါင်သန်း ၂၈၀ခန့်သာ ကုန်ကျခဲ့တာဖြစ်ပြီး (၈)နှစ်တာကာလအတွင်းမှာ အသင်းရဲ့ တန်ဖိုးကို အဆပေါင်းများစွာနဲ့ ကမ်းလှမ်းခံခဲ့ရတာ ဖြစ်ပါတယ်။ ချန်ပီယံလိဂ်ဗိုလ်လုပွဲရောက်ရှိခဲ့ခြင်း၊ ဗန်ဒိုက် နဲ့ အယ်လစ်ဆန်တို့လို စံချိန်တင်ကစားသမားတွေကို ဝယ်ယူခဲ့ခြင်းနဲ့အတူ လီဗာပူးလ်ရဲ့ တန်ဖိုးဟာ မြင့်တက်ခဲ့တာ ဖြစ်ပါတယ်။

Photo : Daily Mail

 

မန်စီးတီးအသင်းကို အောင်မြင်အောင် စီမံခန့်ခွဲပြီး ရင်းနှီးမြုပ်နှံနိုင်ခဲ့တဲ့ ရှိတ်မန်ဆော်ရဲ့ ဘောလုံးလောကအောင်မြင်မှုတွေကို အားကျနေခဲ့တဲ့ ရှိတ်ခါလက်ဟာ ပရီးမီးယားလိဂ်ကလပ်အသင်းတစ်သင်းနဲ့အတူ စီးပွားရေးစွန့်စားခန်း အသစ်တွေ ပြုလုပ်ဖို့ စိတ်အားထက်သန် နေတာလည်း ဖြစ်ပါတယ်။ ရှိတ်ခါလက်အနေနဲ့ လီဗာပူးလ်ကို နောက်ထပ်မြင့်မားတဲ့ ငွေကြေးပမာဏနဲ့ ကမ်းလှမ်းဖွယ် ရှိနေတယ်လို့ သိရပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က