ပေါ့ဂ်ဘာရဲ့ အပြုအမူက မေးခွန်းထုတ်စရာပါ။

မန်ချက်စတာယူနိုက်တက်အသင်းရဲ့ ကွင်းလယ်ကစားသမား ပေါလ်ပေါ့ဂ်ဘာဟာ နှုတ်ခမ်းပေါ် လက်ညိုးတစ်ချောင်းထောင်ပြီး တိတ်တိတ်နေဆိုတဲ့ အမူအယာနဲ့ ဓာတ်ပုံရိုက်ကူးမှု တစ်ခု ပြုလုပ်ခဲ့ပါတယ်။ ဒါဟာ ဘရိုက်တန်နဲ့ပွဲက သူ့ခြေစွမ်းအပေါ် ဝေဖန်မှုတွေ ပြုလုပ်ခဲ့တဲ့ ပေါလ်စခိုးကို ပြန်လည်တုံ့ပြန်မှုလားလို့ ထင်စရာ ဖြစ်လာခဲ့ပါတယ်။

Photo : Daily Mail

 

အသက် (၂၅)နှစ် အရွယ် ကွင်းလယ်ကစားသမားဟာ နွေရာသီမှာ ဘာစီလိုနာကို ပြောင်းရွှေ့ဖို့အတွက် သတင်းတွေ ထွက်ပေါ်နေခဲ့သူ ဖြစ်ပါတယ်။ အသင်းနည်းပြ မော်ရင်ဟိုနဲ့ ဆက်ဆံရေး အဆင်မပြေဖြစ်နေပြီး ပေါလ်စခိုးရဲ့ ဝေဖန်မှုတွေကိုလည်း လတ်တလောမှာ ခံယူထားရသူ ဖြစ်ပါတယ်။ ပေါလ်စခိုးက ယူနိုက်တက်ဟာ ခေါင်းဆောင်မှုကင်းမဲ့နေတဲ့ အသင်းဖြစ်တယ်လို့ ဝေဖန်ခဲ့ပါတယ်။

ချီးကျူးဖွယ်ကောင်းနေတဲ့ စတီဗင်ဂျရတ်နဲ့ နည်းပြစွမ်းဆောင်ရည် 

Photo : Daily Mail

 

ပေါလ်စခိုးက ပေါ့ဂ်ဘာရဲ့ ကစားပုံအပေါ်မှာ အပြင်းအထန် ဝေဖန်ခဲ့မှုတွေ ပြုလုပ်ခဲ့တာဖြစ်ပြီး ပေါ့ဂ်ဘာရဲ့ အေးဂျင့်ရွိုင်အိုလာက သူ့ရဲ့ ကစားသမားဘက်က ကာကွယ်ပြောကြားမှုတွေပြုလုပ်ပြီး စခိုးလ်ကို ပြန်လည်တုံ့ပြန်ပြောဆိုခဲ့ပါတယ်။ ရွိုင်အိုလာက စခိုးလ်အနေနဲ့ မန်ယူအသင်းရဲ့ အားကစားဒါရိုက်တာဖြစ်လာပါက ပေါ့ဂ်ဘာကို ရောင်းချဖို့ အကြံဉာဏ်တွေ ပေးသင့်ကြောင်း ပြောဆိုခဲ့ပါတယ်။

Photo : Daily Mail

 

စခိုးလ်ဟာ ပေါ့ဂ်ဘာအတွက် အသင်းရှာဖွေရင်း အိပ်မပျော်တဲ့ညတွေကို ရင်ဆိုင်ရလိမ့်မယ်လို့လည်း ရွိုင်အိုလာက လှောင်ပြောင်ခဲ့ပါတယ်။ ဒီအချိန်မှာ ဂယ်ရီနဗီးလ်ကလည်း ပေါ့ဂ်ဘာအနေနဲ့ သူ့ရဲ့ အေးဂျင့်ဖြစ်သူရဲ့ ပါးစပ်ကို ပိတ်သွားအောင် ပြုလုပ်သင့်တယ်လို့ ထပ်မံ ပြောဆိုမှုတွေ ပြုလုပ်ခဲ့ပြီး စကားစစ်ထိုးမှုတွေထဲ ဝင်ရောက်ခဲ့ပါတယ်။

Photo : Daily Mail

 

ပေါ့ဂ်ဘာက ပြင်သစ်အသင်း ကမ္ဘာ့ဖလားရရှိမှု အထိမ်းအမှတ်အဖြစ် Adidas ဖိနပ်အဖြူရောင်တစ်ရံကို ရရှိခဲ့ပြီး အဆိုပါဖိနပ်နဲ့အတူ ဓာတ်ပုံရိုက်ကူးခဲ့ကာ သူ့ရဲ့ ဆိုရှယ်မီဒီယာပေါ် တင်ထားခဲ့ပါတယ်။ ဒီဓာတ်ပုံတွေထဲမှာ တိတ်တိတ်နေဖို့အတွက် ရည်ညွှန်းတဲ့ ပုံစံနဲ့ ပေါ့ဂ်ဘာက ရိုက်ကူးခဲ့ပြီး ဒါဟာ ပေါလ်စခိုးလ်ကို ရည်ရွယ်သလား၊ သူ့ရဲ့ အေးဂျင့်ရွိုင်အိုလာကိုပဲ သတိပေးခဲ့သလားဆိုတာကိုတော့ ကာယကံရှင်ပဲ သိမှာ ဖြစ်ပါတယ်။

Share

Loading Next Article...
က္က