ရမ်းဆေးအနေနဲ့ ချဲလ်ဆီးနဲ့ပွဲတုန်းက ပွဲထွက် မပါခဲ့ပေမယ့် ဒီနေ့ပွဲမှာတော့ ပွဲထွက်လာဖို့ ရှိနေပါတယ်။

စာချုပ်သစ် ချုပ်ဆိုရခြင်းမရှိသေးပဲ လာမယ့်နွေရာသီမှာ စာချုပ်ပြည့်မှာ ဖြစ်တာကြောင့် ရမ်ဆေးအနေနဲ့ ဘောလုံးအပေါ် အာရုံစိုက်နိုင်ခြင်းမရှိ တဲ့ အခြေအနေအပေါ် နည်းပြ အမ်မရီက သတိပေးစကား ဆိုလိုက်တာ ဖြစ်ပါတယ်။



Photo - Football.London

 

အသင်းနဲ့ စာချုပ် သက်တမ်း ရှိနေစဉ်အတွင်း ဘောလုံးကိုသာ အာရုံစူးစိုက်ထားဖို့ အာဆင်နယ်အသင်းရဲ့ ကွင်းလယ်ကစားသမား ရမ်ဆေးကို နည်းပြ အူနိုင်းအမ်မရီက သတိပေးစကားဆိုလိုက်ပါတယ်။

အာဆင်နယ်အသင်းရဲ့ရှုံးပွဲတွေအပေါ် လူတွေရဲ့တုံ့ပြန်မှုကို မေးခွန်းထုတ်လိုက်တဲ့ မစ်ခီတာယန် 

လာမယ့်နွေရာသီမှာ အသင်းနဲ့ စာချုပ်သက်တမ်းကုန်ဆုံးမှာ ဖြစ်ပြီး စာချုပ်သစ် ထပ်မံ ချုပ်ဆိုရခြင်းမရှိသေးတဲ့အနေအထားမှာ အမ်မရီကတော့ ရမ်းဆေးအနေနဲ့ အသင်းကို ဘယ်လောက်ထိ ကူညီပေးနိုင်လဲဆိုတာကိုသာ စိတ်ဝင်စားဖို့ ပြောခဲ့တာ ဖြစ်ပါတယ်။

Photo - Football.London

 

"ကျွန်တော့်လိုအပ်ချက်တစ်ခုတည်းက သူဘောလုံးအပေါ် အာရုံထားပေးဖို့ပါပဲ၊သူ့ရဲ့ စွမ်းဆောင်ရည်နဲ့ ပွဲတွေအပေါ်မှာ တစ်ရက်ချင်းစီ အာရုံစူး စိုက်သွားစေချင်ပါတယ်။" လို့ အမ်မရီက ဆိုပါတယ်။

အသက် ၂၇ နှစ်အရွယ်ရှိတဲ့ အဆိုပါ ဝေးလ်လက်ရွေးစင်အနေနဲ့ ပြီးခဲ့တဲ့ အပတ်က လန်ဒန်ဒါဘီပွဲအဖြစ် ကစားခဲ့တဲ့ ချဲလ်ဆီးနဲ့ပွဲမှာ ပွဲထွက်ခွင့် ပျောက်ဆုံးခဲ့ပေမယ့် ဒီကနေ့ ကစားမယ့် ဝက်စ်ဟမ်းနဲ့ ပွဲမှာတော့ ပြန်လည်ပွဲထွက်လာဖို့ ရှိနေပါတယ်။

Photo - Football.London

 

ရမ်ဆေး ဘောလုံးအပေါ် အာရုံစူးစိုက်မှု ပျောက်ဆုံးနေတယ်ဆိုတဲ့ မေးခွန်းတွေအပေါ်မှာတော့အမ်မရီက မသိရှိပဲ လက်ရှိကိုပဲ အာရုံစိုက်တယ်လို့ ဝက်စ်ဟမ်းအသင်းနဲ့ပွဲအတွက် ပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ ဖြေကြားခဲ့ပါသေးတယ်။

"ကျွန်တော်သူနဲ့ ပြီးခဲ့တဲ့ အပတ်က စကားပြောဖြစ်ပါတယ်၊အခုတော့ ကျွန်တော်ပွဲကိုပဲ အာရုံစိုက်ထားပါတယ်။ကျွန်တော်ကတော့ ဒီကနေ့ ပွဲအ ပေါ် အာရုံစိုက်ထားတဲ့ ကစားသမားကိုပဲလိုချင်ပါတယ်။" လို့လည်း အမ်မရီက ဖြည့်စွက်ပြောခဲ့ပါသေးတယ်။

ထွက်ပေါ်နေတဲ့ သတင်းတွေအရ အာဆင်နယ်အသင်းက ရမ်ဆေးကို စာချုပ်သက်တမ်းတိုးဖို့ လုပ်ဆောင်ဖွယ်ရှိတယိလို့ သိရပြီး ဒါပေမယ့်လည်း လစာကိုတော့ တိုးမြှင့်ပေးရဖို့ရှိနေပါတယ်။

အာဆင်နယ်အသင်းကတော့ ပရီးမီးယားလိဂ်မှာ နည်းပြသစ် အူနိုင်းလက်ထက် ၂ ပွဲကစားပြီးချိန်မှာ ရမှတ် တစ်မှတ်မှ မရသေးပဲ ယနေ့ ကစား မယ့် ဝက်စ်ဟမ်းအသင်းနဲ့ပွဲမှာတော့ ပရီးမီးလိဂ်ပြိုင်ပွဲ ပထမဆုံးနိုင်ပွဲရဖို့ ရေပန်းစားနေပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က