ရာသီအဖွင့် (၃)ပွဲမှာ (၂)ပွဲ အရေးနိမ့်ခဲ့တာပါ။

ဒီနေ့မနက်ပိုင်းမှာ ကစားခဲ့တဲ့ မန်ချက်စတာယူနိုက်တက်အသင်း နဲ့ စပါးအသင်းတို့ရဲ့ ပွဲစဉ်မှာ စပါးအသင်းကို (၃)ဂိုးပြတ် ရှုံးနိမ့်ပြီးနောက်မှာ မန်ချက်စတာယူနိုက်တက်အသင်းဟာ (၂၆)နှစ်အတွင်း အဆိုးဝါးဆုံးရာသီအစနဲ့ ကြုံတွေ့ခဲ့ရပြီ ဖြစ်ပါတယ်။ အဖွင့်ပွဲမှာ လက်စတာကို အနိုင်ရရှိခဲ့ပေမယ့်လည်း ဘရိုက်တန် နဲ့ စပါးတို့ကို (၃)ဂိုးစီ ဂိုးခွင့်ပြုခဲ့ရပြီး မန်ယူအသင်း ရှုံးနိမ့်ခဲ့တာ ဖြစ်ပါတယ်။

Photo : Goal.com

 

စပါးနဲ့ပွဲမှာ ပထမပိုင်း ဂိုးမရှိသရေကျခဲ့ပေမယ့် (၂)မိနစ်အတွင်းမှာ စပါးအသင်းက (၂)ဂိုးရရှိသွားခဲ့ပြီး ဟယ်ရီကိန်း နဲ့ လူးကပ်မော်ရာတို့က သွင်းယူခဲ့ပါတယ်။ အဲဒီနောက်မှာ လူးကပ်မော်ရာက နောက်ထပ်တစ်ဂိုး ထပ်မံသွင်းယူခဲ့ပြီး အိုးထရက်ဖို့ဒ်မှာ (၄)ပွဲဆက်တိုက် ဂိုးမရရှိမှုကို အဆုံးသတ်နိုင်ခဲ့ပြီး ချိုမြိန်တဲ့နိုင်ပွဲတစ်ပွဲကို စပါးအသင်း ပိုင်ဆိုင်ခဲ့ပါတယ်။

Photo : Goal.com

 

ဒါဟာ ၁၉၉၂-၉၃ ဘောလုံးရာသီနောက်ပိုင်းမှာ မန်ချက်စတာယူနိုက်တက်အသင်းဟာ အဖွင့်ပွဲစဉ် (၃)ပွဲမှာ (၂)ပွဲ အရေးနိမ့်ခဲ့မှုဖြစ်ခဲ့ပါတယ်။ အဆိုပါ ၉၂-၉၃ ဘောလုံးရာသီမှာ မန်ယူအသင်းအနေနဲ့ ရှက်ဖီးယူနိုက်တက် နဲ့ အဲဗာတန်အသင်းတို့ကို ရှုံးနိမ့်ခဲ့တာဖြစ်ပြီး (၂၆)နှစ်အကြာမှာ အဆိုပါ စံချိန်ဆိုးကို ထပ်မံရရှိသွားတာ ဖြစ်ပါတယ်။

Photo : The Guardian

 

မော်ရင်ဟိုရဲ့ မန်ချက်စတာယူနိုက်တက်အသင်းဟာ စပါးနဲ့ပွဲမှာ ပထမပိုင်းကစားပုံကောင်းမွန်ခဲ့ပြီး ပြိုင်ဘက်အသင်းတိုက်စစ်ကို အကောင်းဆုံးထိန်းချုပ်နိုင်ခဲ့ပါတယ်။ စပါးဂိုးသမား လိုရစ်ကို လိမ်ခေါက်ပြီး ဂိုးသမားမရှိတော့တဲ့ ဂိုးပေါက်ထဲကို လူကာကူ ကန်သွင်းမှု လွဲချော်ခဲ့လို့ မန်ယူအသင်း နစ်နာခဲ့ရပြီး ဦးဆောင်ဂိုးနဲ့ ဝေးကွာခဲ့ရပါတယ်။

Photo : Goal.com

 

ဒုတိယပိုင်းမှာတော့ မန်ယူအသင်းခံစစ်ကစားသမားတွေရဲ့ အားနည်းမှုတွေကတဆင့် (၂)မိနစ်အတွင်းမှာ စပါးအသင်းက (၂)ဂိုးသွင်းယူသွားပြီးနောက် ပွဲကပြီးသလောက်ဖြစ်သွားခဲ့ပါတယ်။ ဆန်းချက်ဇ်၊ ဖယ်လိုင်နီ၊ လင်ဒီလော့ဖ်တို့ကို ထည့်သွင်းပြီး မော်ရင်ဟို လူစားလဲလှယ်ခဲ့ပေမယ့်လည်း ချေပဂိုးမရရှိခဲ့ပဲ နောက်ထပ်တစ်ဂိုး ပေးခဲ့ရပြီး အိမ်ကွင်းမှာ ဂိုးပြတ်အရေးနိမ့်ခဲ့ပါတယ်။

Photo : Goal.com

 

စပါးကတော့ အနိုင်ရလာဒ်ကြောင့် အဆင့် (၂)နေရာမှာ ရပ်တည်ခဲ့ပြီး မန်ချက်စတာယူနိုက်တက်ကတော့ အဆင့် (၁၃)နေရာမှာ ရပ်တည်နေခဲ့ပါတယ်။

Share

Loading Next Article...
က္က