မော်ရင်ဟိုရဲ့နောက်ဆုံးပွဲဖြစ်ခဲ့ပြီလားမသေချာပါဘူး။

မန်ချက်စတာယူနိုက်တက်အသင်းဟာ ယမန်နေ့ညက အိမ်ကွင်း အိုးထရက်ဖို့ဒ်မှာ တော့တင်ဟမ်ဟော့စပါးအသင်းကို ၃ ဂိုး ဂိုးမရှိနဲ့ အရှက်တကွဲ ရှုံးနိမ့်ခဲ့ပြီး ပရိသတ်တွေဟာ ပွဲပြီးဆုံးတဲ့အထိ မစောင့်ဆိုင်းနိုင်တော့ဘဲ စိတ်ပျက်လက်ပျက်နဲ့ ထွက်ခွာခဲ့ကြပါတယ်။ ပွဲပြီးဆုံးချိန်မှာ နည်းပြမော်ရင်ဟိုဟာ ပွဲပြီးဆုံးတဲ့အထိ ကွင်းထဲမှာရှိနေတဲ့ ပရိသတ်တွေဆီသွားရောက်ပြီး နှစ်သိမ့်တဲ့အနေနဲ့ လက်ခုပ်တီးပေးခဲ့ပါတယ်။

gettyimages-1015984000.jpg

တော့တင်ဟမ်ဟော့စပါးအသင်းအတွက် ဂိုးတွေကို ဟယ်ရီကိန်းနဲ့ လူးကပ်စ်မိုရာတို့က သွင်းယူပေးခဲ့ပြီး မန်ချက်စတာယူနိုက်တက်အသင်းဟာ ၂ ပတ်ဆက်တိုက် ၃ ဂိုးအထိ ပေးခဲ့ရပြီးရှုံးနိမ့်ခဲ့တာဖြစ်ပါတယ်။ မန်ယူအသင်းရဲ့နည်းပြမော်ရင်ဟိုဟာ ပစ်မှတ်ကစားသမားတွေကို မခေါ်ယူပေးတဲ့ အသင်းဒုဥက္ကဌ အက်ဒ်ဝုဒ်ဝဒ်နဲ့ ဆက်ဆံရေးမပြေမလည်ဖြစ်ခဲ့ပြီးနောက် တော့တင်ဟမ်ဟော့စပါးအသင်းကို အိမ်ကွင်းမှာဂိုးပြတ်ရှုံးနိမ့်ခဲ့တာဟာ အသင်းမှာ ဆက်လက်ရှိနေနိုင်ပါဦးမလားလို့ မေးခွန်းထုတ်စရာဖြစ်နေပြီဖြစ်ပါတယ်။

မန်ချက်စတာယူနိုက်တက်အသင်းရဲ့ပရိသတ်တွေဟာ တော့တင်ဟမ်ဟော့စပါးအသင်းကို ရှုံးနိမ့်ခဲ့တဲ့ပွဲအပြီးမှာ မော်ရင်ဟိုရဲ့အပြုအမူကို အံ့အားသင့်ခဲ့ကြပြီး တွစ်တာလူမှုကွန်ရက်မှာ အားလုံးတပြိုင်တည်း မေးခွန်းထုတ်ခဲ့ကြတာကတော့ မော်ရင်ဟို အသင်းကနေ ထွက်ခွာတော့မှာလားဆိုတဲ့ မေးခွန်းဖြစ်ပါတယ်။

 

မော်ရင်ဟိုဟာ တော့တင်ဟမ်ဟော့စပါးအသင်းနဲ့ပွဲစဉ်အပြီးမှာ စထရက်ဖို့ဒ်အန့်ဒ်ပွဲကြည့်စင်ဘက်ကို သွားရောက်ခဲ့ပြီး ပွဲပြီးဆုံးတဲ့အထိ ကွင်းထဲမှာ အားပေးနေတဲ့ပရိသတ်တွေရှေ့မှာ ရပ်ပြီး လက်ခုပ်တီး နှစ်သိမ့်ပေးခဲ့ပါတယ်။ အိမ်ကွင်းမှာ ဂိုးပြတ်ရှုံးနိမ့်ခဲ့မှုကြောင့် ဒေါသဖြစ်နေတဲ့ ပရိသတ်တစ်ဦးဟာ မန်ချက်စတာယူနိုက်တက်အသင်းရဲ့လည်ပတ်ပုဝါနဲ့ မော်ရင်ဟိုကို လှမ်းပစ်ခဲ့ပြီး မော်ရင်ဟိုက ၎င်းရဲ့အရှေ့မှာ လာကျတဲ့ ယင်းပုဝါကို ကောက်ယူပြီး ပရိသတ်တွေရဲ့ဒေါသကို နားလည်ကြောင်း အမူအရာနဲ့ပြသပြီး ဆက်လက်လက်ခုပ်တီးပေးခဲ့ပါတယ်။

[No available link text] 

ပရိသတ်အများစုဟာ မော်ရင်ဟိုရဲ့ နာမည်ကို ကြွေးကြော်ခဲ့ကြပြီး အများစုကတော့ မော်ရင်ဟိုရဲ့အပြုအမူဟာ အသင်းကို နှုတ်ဆက်လက်ပြခဲ့တာဖြစ်တယ်လို့ သံသယရှိခဲ့ကြပါတယ်။ ပွဲအပြီး လျှပ်တပြက်တွေ့ဆုံမေးမြန်းမှုမှာ မော်ရင်ဟိုက တော့တင်ဟမ်ဟော့စပါးအသင်းကို နည်းစနစ်ပိုင်းအရ အနိုင်ရရှိခဲ့ကြောင်းနဲ့ ၎င်းရဲ့နည်းစနစ်ကြောင့် မန်ချက်စတာယူနိုက်တက်အသင်း ရှုံးနိမ့်ခဲ့တာမဟုတ်ကြောင်း ပြောကြားခဲ့ပါတယ်။

Share

Loading Next Article...
က္က